ကော့သောင်း လွှတ်တော်ကိုယ်စားလှယ်လေးဦး ပြန်မပါတော့

0
434

၂၀၂၀ ရွေးကောက်ပွဲတွင် ကော့သောင်းခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် လေးဦး ပြန်မပါတော့ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)၏ ကိုယ်စားလှယ်လောင်း စာရင်းထုတ်ပြန်ချက်အရ လက်ရှိလွှတ်တော် ကိုယ်စားလှယ်လေးဦး ပြန်မပါတော့ခြင်းဖြစ်သည်။

ကော့သောင်းမြို့နယ် မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်၊ ကော့သောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေထွန်းနှင့် ဘုတ်ပြင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းတို့ ဖြစ်သည်။

ကော့သောင်းမှ လူကုန်တား ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးစစ်ဆေး

ဒေါက်တာခင်မောင်ဝင်းနေရာတွင် ဒေါက်တာဝင်းထိန်၊ ဦးခင်ဇော်နေရာတွင် ဦးနိုင်လင်း၊ ဦးနေထွန်းနေရာတွင် ဦးကျော်သက်နိုင်၊ ဦးတင်ထွန်းနေရာတွင် ဦးခင်နောင်ဝင်းကို ရွေးချယ်ထားသည်။

(ဝန်ကြီးချုပ်) ဦးမြင့်မောင်၊ ဦးဆွေမြင့်၊ ဦးနေလင်းထွန်း၊ ဦးခင်မျိုးဝင်းတို့က လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ပြန်ပါဝင်လာသည်။