ကိုဗစ်ကာလအလှူငွေ ကျပ်သိန်း ခြောက်ရာကျော်ရရှိ

0
619

တနင်္သာရီတိုင်းအစိုးရကို လာလှူထားသည့် ကိုဗစ်အလှူငွေ ကျပ်သိန်းခြောက်ရာကျော်ရရှိထားကြောင်း တိုင်းအစိုးရ အဖွဲ့အတွင်းရေးမှူးက ပြောကြားသည်။

ကိုဗစ်ကပ်ဘေးအတွက် ကုမ္ပဏီလုပ်ငန်းရှင်များ၊ စေတနာရှင်အသင်းအဖွဲ့များက တိုင်းအစိုးရထံ လှူဒါန်းကြခြင်း ဖြစ်သည်။

အဆိုပါ စေတနာရှင်များလှူဒါန်းထားသည့် အလှူငွေ ကျပ်သိန်းပေါင်း ၆၀၉ သိန်းကျော်နှင့် ကျန်းမာရေးသုံးပစ္စည်းများ လာလှူထားကြောင်း တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်က ဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရ၏ တစ်နှစ်တာလုပ် ဆောင်ချက် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းကနေသင်ယူဖို့ တကကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ

တိုင်းအစိုးရလက်ခံရရှိသည့် အလှူငွေများကို ပြည်ထောင်စုထံတင်ပြရပြီး တိုင်းအစိုးရအနေဖြင့် တိုက်ရိုက်သုံးစွဲခွင့်မရှိကြောင်း ၎င်းက ပြောသည်။

“ဗဟို (ပြည်ထောင်စု) ကနေမှ ဒါကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သုံးစွဲနေပါတယ်” ဟု ဦးခင်မောင်ကျော်က ဆိုသည်။

ကျန်းမာရေးသုံးပစ္စည်းများကို ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေး နေသကဲ့သို့ တိုင်းအစိုးရအဖွဲ့ဝင်များ၏ ခရီးစဉ်တွင် သက်ဆိုင်ရာမြို့နယ်များသို့လည်း ခွဲဝေပေးနေကြောင်း ၎င်းက ပြောသည်။

ကိုဗစ်ကပ်ဘေးကာလတွင် တနင်္သာရီတိုင်းအတွင်းရှိ လျှပ်စစ်ယူနစ်ခံစားခွင့် အချို့ရရှိခဲ့သော်လည်း မဟာဓာတ်အားလိုင်းရောက်ရှိသည့် ဒေသများကဲ့သို့ ခံစားခွင့်အပြည့်အဝ မရသေးပေ။