ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

0
797

၂၇-၇-၂၀၂၀ မှ ၂-၈-၂၀၂၀ ထိ

တနင်္ဂနွေ
လာဘ်လာဘများ ရရှိမည်။ လူမျိုးကွဲတို့ ကူညီမစမည်။ ပညာရေးကိစ္စများ အောင်မြင်မည်။ မြေကိစ္စ၊ အမွေကိစ္စနှင့် ပတ်သက်၍ အဆင်ပြေမည်။ ခရီးတစ်ခု သွားရမည်။ ယခုလအတွင်း ဖုန်း မဝယ်ပါနှင့်။ သူခိုးသူဝှက်များ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် အခုချစ်လိုက် အခုမချစ်လိုက် ဖြစ်နေတတ်သည်။
အကျိုးပေးသော အရောင်။ ။ အနီရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင်။ ။ အဝါရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ်။ ။ အရှေ့အရပ်
ယတြာ။ ။သစ္စာပန်း ဘုရားပန်းကပ်လှူပါ။

တနင်္လာ
ယခုတစ်ပတ်အတွင်း ယာဉ်ဝယ်ခြင်း၊ လဲခြင်း မပြုပါနှင့်။ မြေ ဝင်မည်။ ဘုရားဖူးခရီး သွားရ တတ်သည်။ ပညာရေးကိစ္စ အဆင်ပြေမည်။ မောင်နှမသားချင်းများနှင့် ပတ်သက်၍ စိတ်သောက ရောက်ရတတ်သည်။ ငွေကြေးကတော့ အဝင်အထွက် မျှတနေမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် နီးစပ်ရန် ဆက်လက်ကြိုးစားရမည်။
အကျိုးပေးသော အရောင်။ ။ အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင်။ ။ အဝါရောင်၊ အနက်ရောင်
မသွားသင့်သော အရပ်။ ။ တောင်အရပ်
ယတြာ။ ။ ဆီထမင်းနှင့် စားတော်ပဲ ဘုရားဆွမ်းကပ်လှူပါ။

အင်္ဂါ
စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။ လူမျိုးကွဲတို့ ကူညီမစမည်။ ဘာပဲကြံစည်စည် အဆင် ပြေမည်။ ယာဉ်ရောင်းမည့်ကိစ္စ အဆင်ပြေမည်။ သင့်အိမ်ရှိလူကြီးများ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်သူနှစ်ဦးကြားမှာ သောကကင်းဝေး၍ စိတ်အေးရမည်။
အကျိုးပေးသော အရောင်။ ။ အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင်။ ။ အစိမ်းရောင်၊ အနီရောင်
မသွားသင့်သော အရပ်။ ။ အနောက်အရပ်
ယတြာ။ ။ ရွှေရင်အေးမုန့် ဘုရားဆွမ်းကပ်လှူပါ။

ဗုဒ္ဓဟူး
မရောက်ဖူးသော အရပ်ဒေသသို့ ခရီးသွားရတတ်သည်။ ငွေကြေးများစွာ ဝင်မည်။ သင်ကံကောင်း သောကာလသို့ ရောက်ရှိနေပါသည်။ အမွေအနှစ်များ ရရှိတတ်သည်။ ဆေးရုံဆေးခန်း တက်ရတတ်သည်။ ပညာရေးကိစ္စ အဆင်ပြေပါသည်။ မေတ္တာရေးသည်ကား ချစ်သူရရှိမည်။
အကျိုးပေးသော အရောင်။ ။ အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင်။ ။ အစိမ်းရောင်၊ ခရမ်းရောင်
မသွားသင့်သော အရပ်။ ။ မြောက်အရပ်
ယတြာ။ ။ ပူတင်းပါသောမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
ခရီးတစ်ခု သွားရတတ်သည်။ လုပ်ငန်းများ အောင်မြင်အဆင်ပြေမည်။ အလှူအတန်းများပြုရ တတ်သည်။ တနင်္ဂနွေ၊ သောကြာ သားသမီးများ၏ ကူညီမစမှုခံရမည်။ ပညာရေး၊ သင်တန်း တက်ခြင်းကိစ္စများ အဆင်ပြေမည်။ ခါးနာ၊ ဒူးနာ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား မျှော်တော်ယောင်ဘဝမှ မကြာမီကျွတ်လွတ်ပါမည်။
အကျိုးပေးသော အရောင်။ ။ အဖြူရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင်။ ။ အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ်။ ။ အရှေ့တောင်အရပ်
ယတြာ။ ။ ပန်းသစ်တော်သီးကို ခွဲစိတ်ပြီး ဘုရားဆွမ်းကပ်လှူပါ။

သောကြာ
မြောက်အရပ်သို့ ခရီးသွားရတတ်သည်။ အရေးကြီးကိစ္စများ ယခုအခါ ပြုမူပြောဆိုပါက အောင်မြင်အဆင်ပြေမည်။ လူလိမ်ခံရ တတ်သည်။ မြေရောင်းမည့်ကိစ္စများ အဆင်ပြေမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့်မဝေးရတော့ပါ။
အကျိုးပေးသော အရောင်။ ။ အစိမ်းရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင်။ ။ အနက်ရောင်၊ အဖြူရောင်
မသွားသင့်သော အရပ်။ ။ အရှေ့မြောက်အရပ်
ယတြာ။ ။ ဆွမ်းခံသံဃာတော်တစ်ပါးအား ဆွမ်းနှင့် ဟင်းလှူပါ။

စနေ
ငွေကြေးများ စုလိုက်ပုံလိုက်ဝင်မည်။ ရပ်ဝေးမြေခြား ခရီးသွားရမည်။ သင့်စိတ်ကူးများ လက်တွေ့ အကောင်အထည်ဖော်နိုင်မည်။ ပညာရေးကိစ္စများ၌ စိတ်အနည်းငယ်ပင်ပန်းရတတ်သည်။ ဆိုင်ကယ်၊ ယာဉ် ဒုက္ခပေးတတ်သည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် အဆင်ပြေပါမည်။
အကျိုးပေးသော အရောင်။ ။ အညိုရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင်။ ။ အစိမ်းရောင်၊ ခရမ်းရောင်
မသွားသင့်သော အရပ်။ ။ တောင်အရပ်
ယတြာ။ ။ ဒူးရင်းသီးကို အစေ့မပါဘဲ ဘုရားဆွမ်းကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ