ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

0
1160
Bay-Din

၂၀ – ၇ – ၂၀၂၀ မှ ၂၆ – ၇ -၂၀၂၀ ထိ

တနင်္ဂနွေ

လာဘ်လာဘများ ဝင်မည်။ ပစ္စည်းဥစ္စာများ စုဆောင်းမိမည်။ ကြာသပတေး၊ စနေ သားသမီးများ ကူညီမစမည်။ သားသမီးရတနာများ ရရှိမည်။ ယခုလအတွင်း ဖုန်း မဝယ်ပါနှင့်။ အစားမှား၊ ဆေးမှား ဖြစ်တတ်သည်။ မိမိအိမ်ရှိ လူကြီးမိဘများ ကျန်းမာရေး ဂရုပြုပါ။ သင်မျှော်မှန်းထားသော ပညာရေးကိစ္စများ အောင်မြင်မည်။ မေတ္တာရေးသည်ကား ချစ်သူက အထင်မှား၍ စိတ်ကောက်နေတတ်သည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – မုန့်ဆီကြော် ဘုရားဆွမ်းတော်ကပ်လှူပါ။

တနင်္လာ

လူမျိုးကွဲတို့ ကူညီမစမည်။ မြေ ဝင်မည်။ ငွေကြေးများစွာ ဝင်လာမည်။ ဖြေဆိုထားသော စာမေးပွဲများ အောင်မြင်မည်။ ဆိုင်ကယ်၊ ယာဉ်များ ပျောက်ရှတတ်သည်။ သင့်အိမ်ရှိ လူကြီးမိဘများ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား သင်စန်းပွင့်နေသောကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အနီရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – ဂန္ဓမာအဖြူ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

အင်္ဂါ

သင့်အိမ်ရှိ လူတစ်ယောက်ယောက် ခရီးသွားရတတ်သည်။ စီးပွားဥစ္စာ တိုးမည်။ ဆွေမျိုး သားချင်းများ ကူညီမစမှုခံရမည်။ ပညာရေးနှင့်ပတ်သက်၍ စိတ်တိုင်းမကျ ဖြစ်နေရတတ်သည်။ ကျန်းမာရေးနှင့်ပတ်သက်၍ အစာအိမ်၊ လေရောဂါများ သတိထားပါ။ မေတ္တာရေးသည်ကား သင်ဖွင့်ပြောက ချစ်သူက ငြင်းဆန်လိမ့်မည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – ဆီထမင်းနှင့် စားတော်ပဲ ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး

ပညာရေး၊ စာမေးပွဲကိစ္စများ အဆင်ပြေမည်။ တန်ခိုးကြီး ဘုရားပုံတော်များ ဝင်မည်။ ထီ (သို့မဟုတ်) ထီနှင့် အလားတူ ငွေဝင်မည်။ သတင်းစကားကောင်းများ ကြားရမည်။ အစာမှား၊ ဆေးမှား ဒုက္ခပေးတတ်သည်။ သင့်အိမ်ရှိ စနေ၊ သောကြာ သားသမီးများ ကျန်းမာရေးဂရုစိုက် ပါ။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – လိမ္မော်ရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – ပန်းတိမ်ငိုပန်း ဘုရားပန်းကပ်လှူပါ။

ကြာသပတေး

တန်ခိုးကြီးဘုရားပုံတော်များ ရရှိမည်။ ဘာပဲလုပ်လုပ် အဆင်ပြေမည်။ ဇိမ်ခံပစ္စည်းများ ဝင်မည်။ သင်တန်းတက်ခြင်း၊ ပညာသင်ခြင်းကိစ္စများ အဆင်ပြေမည်။ ခရီးတစ်ခု သွားရမည်။ မတော်တဆ ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား အသွင်တူ၍ အိမ်သူဖြစ်ရမည့် အခါဖြစ်သည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ လိမ္မော်ရောင်
မသွားသင့်သော အရပ် – အရှေ့မြောက်အရပ်
ယတြာ – သာကူမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ

ယခုကာလအတွင်း စက်ပစ္စည်း မဝယ်ပါနှင့်။ သင်ကံကောင်းမည့်ကာလ ဖြစ်သည်။ အင်္ဂါ၊ သောကြာ သားသမီးများ ကူညီမစမှုခံရမည်။ သင်အခက်အခဲကြုံနေလျှင် မကြာမီ ပြေလည် သွားမည်။ ခရီးတစ်ခုသွားရမည်။ ပညာရေးက ခပ်အေးအေး ဖြစ်နေမည်။ မေတ္တာရေးသည်ကား ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ပါမည်။
အကျိုးပေးသော အရောင် – အနီရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ ပြောက်ကျား
မသွားသင့်သော အရပ် – မြောက်အရပ်
ယတြာ – သစ္စာပန်း ဘုရားပန်းကပ်လှူပါ။

စနေ

နိုင်ငံရပ်ခြားနှင့် ဆက်စပ်သော ကိစ္စများ အဆင်ပြေမည်။ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေ မည်။ မြေကိစ္စ၊ အမွေကိစ္စ စကားပြေရတတ်သည်။ ပညာရေးနှင့် ပတ်သက်၍ စိတ်တိုင်းမကျ ဖြစ်နေရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – ရှေ့အရပ်
ယတြာ – နှင်းဆီအဝါ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ