ခွေးနဲ့ ကြောင် သဘော မနောလေးများ

0
1526

ခွေးနဲ့ ကြောင်ဟာ ကမ္ဘာပေါ်မှာ လူမွေးအများဆုံး အိမ်မွေးအကောင်လေးတွေပါ။ ခွေးချစ်သူတွေ ရှိသလို၊ ကြောင်ချစ်သူတွေလည်း ရှိပါတယ်။ နှစ်ကောင်စလုံးကို ချစ်တဲ့သူတွေလည်း မနည်းမနောပါ။

ခွေးနဲ့ ကြောင်ဟာ သဘောသဘာဝတော့ မတူပါဘူး။ ဒါကြောင့် ကိုယ်အိမ်ကြောင်ဖြစ်ဖြစ်၊ ခွေးဖြစ်ဖြစ် ရှိတယ်၊ မွေးဖို့လည်း စိတ်ကူးနေတယ်ဆိုရင် အခြေခံလေးတွေသိအောင် ဒီလို မတူတဲ့ သဘာဝတွေကို တင်ဆက်လိုက်ပါတယ်။

သက်တမ်း၁၂-၂၅ နှစ်၁၂-၁၈ နှစ်
ပြေးနှုန်းတစ်နာရီ မိုင် ၃၀တစ်နာရီ မိုင် ၂၀-၄၅ မိုင်
သားကောင်လိုက်မှုအိမ်မွေးကြောင်တွေဟာ ပုံမှန်စားသောက်နေရတယ်ဆိုရင်တော့ အမဲလိုက်တာမျိုး မရှိပါဘူး။ ဒါပေမဲ့ အိမ်မှာ ကြွက်ရှိတယ်ဆိုရင်တော့ ပုံမှန်ကြွက်ဖမ်းပါတယ်။ခွေးအမျိုးအစား အားလုံးဟာ အမဲလိုက်နိုင်ကြပါတယ်။ ဒါပေမဲ့ ပုံမှန် ကျွေးနေမယ်ဆိုရင် အမဲလိုက်မှာ မဟုတ်ပါဘူး။
တစ်ကိုယ်တည်း နေတတ်မှုကြောင်တွေဟာ ပုံမှန်အားဖြင့်တော့ အစုအပေါင်းနဲ့ နေတတ်သူတွေပါ။ ဒါပေမဲ့ အိမ်မှာ တစ်ကောင်တည်းထားခဲ့လည်း အဆင်ပြေပါတယ်။ခွေးတွေကတော့ အစုအဖွဲ့နဲ့ နေချင်တတ်ကြတယ်။ အိမ်မှာ ထားခဲ့မိရင် တံခါးဝမှာ တစ်ချိန်လုံး စောင့်နေလိမ့်မယ်။
နေရာလိုအပ်မှုကြောင်တွေက ငယ်တော့ အကောင်ကြီးတွေရဲ့ သားကောင် ဖြစ်တတ်တယ်။ နေရာနည်းနည်းပါးပါးနဲ့လည်း နေတတ်တယ်။ တိုက်ခန်းတွေမှာ နေရလည်း ရပါတယ်။ခွေးတွေကတော့ ကောင်းကောင်းလေး သင်ပေးထားရင် တိုက်ခန်းမှာလည်း နေတတ်ပါ တယ်။ ဒါပေမဲ့ ခွေးအမျိုးအစားအပေါ် မူတည်ပါတယ်။ ဖြစ်နိုင်ရင် နေရာများများပေးဖို့ လိုပါတယ်။ ဒါပေမဲ့ အပြင်ထွက်ရတာ ကြိုက်သူတွေဆိုတော့ ပုံမှန် အပြင်ထွက်လမ်းလျှောက် ပေးဖို့လိုပါမယ်။
အကြိုက်သူတို့ကို ဂရုစိုက်ရင် ကြိုက်တယ်။သူတို့ကို ကောင်းကောင်းကျွေးထားရင် ကြိုက်တယ်။
အကာအကွယ်သူတို့ သခင်တွေကို ချစ်ရင် အကာအကွယ်ပေးလိမ့်မယ်။သေချာတယ်။ ခွေးတွေကတော့ သခင်ကို ကာကို ကာကွယ်ပေးတယ်။
အမွေးသန့်စင်ပေးရမှုအမွေးတိုရင် အကြိမ်ရေများများစားစား သန့်စင်ပေးဖို့ မလိုဘူး။ နောက်ပြီး ရေချိုးပေးဖို့ မလိုဘူး။ အမွေးရှည်ရင်တော့ ဖြီးသင်ပွတ်တိုက်ပေးဖို့ လိုမယ်။တစ်လ တစ်ခါလောက် ဖြီးသင် ပွတ်တိုက်ပေးဖို့လိုမယ်။
ကလေးတွေနဲ့ တည့်၊ မတည့်ကြောင်အများစုကတော့ ကလေးအရမ်းငယ်ရင် အဆင်မပြေပါဘူး (၃ နှစ်အောက်)။ အသက် ၈ နှစ်ကျော်ရင်တော့ အဆင်ပြေပါပြီ။ခွေး အမျိုးအစား အပေါ်မှာ မူတည်ပါတယ်။
စွမ်းအားပုံမှန်အားဖြင့်တော့ အပျင်းထူကြတယ်။ တစ်ရက်ကို ၁၆ နာရီလောက် အိပ်နိုင်ကြတယ်။ အချို့တက်တက်ကြွကြွရှိတဲ့ ကြောင်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ရှိလှ တစ်ဝက်ပါပဲ။ခွေး အမျိုးအစား အပေါ်မှာ မူတည်ပါတယ်။
လမ်းလျှောက်တာအချို့ကြောင်တွေကတော့ လမ်းလျှောက်ရတာ သဘောကျတယ်။အိမ်မွေးခွေးတွေကိုတော့ တစ်နေ့ သုံးကြိမ်လောက် အပြင်ထွက်လမ်းလျှောက် စေသင့်ပါတယ်။
ရုပ်ပိုင်း လက္ခဏာပုံမှန်အားဖြင့် ခြေလေးချောင်းရှိပါတယ်။ အလေးချိန် ၅ ပေါင်ကနေ ပေါင် ၂၀ အထိ ရှိပါတယ်။ အများအားဖြင့် အမွေးတွေနဲ့ ဖုံးအုပ်ထားတတ်တယ်။ အရောင်အသွေး အမျိုးမျိုး ရှိပါတယ်။ပုံမှန်အားဖြင့် ခြေလေးချောင်း ရှိပါတယ်။ အများအားဖြင့်တော့ အမွေးရှိကြတယ်။ အရောင်စုံ ရှိပါတယ်။
သင်ပေးပုံပုံးတွေဘာတွေ သုံးတတ်အောင် သင်ပေးရလွယ်ပါတယ်။ ဒါပေမဲ့ တော်တော် စိတ်ရှည်ဖို့ လိုပါတယ်။ ထပ်ခါထပ်ခါ သင်ပေးဖို့လည်း လိုပါတယ်။ရှူးရှူးပေါက်ချင်ရင် အိမ်တံခါးပေါက်ကို ကုတ်ခြစ်ပြဖို့ သင်ပေးရလွယ်တယ်။ နောက်ပြီး သခင်က သင်ပေးတဲ့အတိုင်း လိုက်လုပ်ချင်တယ်။ ဘာလို့ဆို သူတို့က သခင်ကို ကျေနပ်စေချင်သူတွေကိုး။ ကြောင်တွေလို ခပ်ချေချေတွေ မဟုတ်ဘူး။
လူစကား နားလည်မှုသူတို့နာမည်တွေကို မှတ်ထားနိုင်တယ်။ အသံမြှင့်ပြီး သာသာလေးခေါ်လိုက်ရင် ညောင်ခနဲ ပြန်ထူးလိမ့်မယ်။ တစ်ကောင်နဲ့ တစ်ကောင် ရှူးဆိုပြီး အချက်ပေးတတ်တယ်။ သင်ပေးလို့လည်း ရတယ်။ခွေးတွေက သူတို့ အမည်ကို မှတ်ထားတယ်။ ကြောင်တွေထက်စာရင် သင်ပေးရလွယ်တယ်။ ဟောင်တတ်တယ်၊ မာန်ဖီတတ်တယ်၊ အခြားသူတွေ အသံအတိုင်းလည်း ထွက်တတ်တယ်။
လူတွေနဲ့ သင့်မြတ်မှုအိမ်ငယ်တွေ၊ တိုက်ခန်းကျယ်တွေမှာ သင့်တော်ပါတယ်။လူတွေအတွက် အထူးသင့်တော်ပါတယ်။ အပြင်ထွက် လမ်းသလားရတာ ကြိုက်သူတွေပါ။ ပရိဘောဂတွေကိုတော့ ကုတ်ခြစ်တတ်ကြတယ်။ ဒါပေမဲ့ မလုပ်ဖို့ သင်ပေးထားရင် မလုပ်တတ်ကြပါဘူး။

ဘယ်လို ရွေးကြမလဲ

ကိုယ်ဘယ်လောက် အချိန်ပေးနိုင်တဲ့ အပေါ်မှာ မူတည်ပြီး ရွေးသင့်ပါတယ်။ ကြောင်တွေက ပစ်ထားလည်း သူတို့ကိစ္စ သိပ်မရှိပါဘူး။ ခွေးတွေကတော့ လူပိုခင်ပါတယ်။ အိမ်မှာ တစ်ကောင်တည်း ပစ်ထားခဲ့တာမျိုးကို မကြိုက်ပါဘူး။

ခွေးတွေက အချိန်တိုင်းလူနားကပ်ချင်နေတာမျိုးပါ။ တကယ်လို့ ကိုယ်က ခရီးခဏခဏ သွားတတ် တယ်ဆိုရင် ခွေးမွေးဖို့ စဉ်းစားပါ။ သူ့ကို ပုံမှန်စားရဖို့ စီစဉ်ခဲ့တယ်ဆိုစေဦး တစ်ကောင်တည်းနေရတာ မကြိုက်ပါဘူး။

ဒါပေမဲ့ ကြောင်ရှိရင် ခွေးမမွေးရတော့ဘူးလား။ နှစ်ကောင်အတူတူထားလို့ မရဘူးလားဆိုတဲ့ မေးခွန်းတွေတော့ ရှိပါတယ်။

ပုံမှန်အားဖြင့်တော့ ခွေးနဲ့ကြောင် တည့်တတ်ပါတယ်။ ဒါပေမဲ့ သူတို့ နှစ်ကောင်စလုံး Socializing Period လို့ခေါ်တဲ့ ငယ်တုန်းမိတ်ဖွဲ့တဲ့ အချိန်ကနေစပြီး အတူတူရှိနေရင် ပိုကောင်းပါတယ်။ အရွယ်ရောက်လာမှ တွေ့ပေးတယ်ဆိုရင်တော့ နှစ်ကောင် တရင်းတနှီးနေဖို့ တော်တော်ခက်ပါတယ်။

ဒါပေမဲ့ ခွေးတစ်ကောင်ထက်ပို လာရင်တော့ ကြောင်တွေအတွက် နည်းနည်း အန္တရာယ်ရှိပါတယ်။ ခွေးတွေက ကြောင်တွေကို အမဲလိုက်သလို စနောက် လိုက်တတ်တာ၊ အဲဒီကနေ ကြောင်တွေမှာ ဒဏ်ရာရတတ်တာ၊ နောက်ဆုံး သေဆုံးနိုင်တာအထိ ဖြစ်တတ်ပါတယ်။
ခွေးနဲ့ကြောင် တစ်ကောင်နဲ့ တစ်ကောင် ရန်ဖြစ်ဖူးပြီးသွားရင် အတူတူ မထားတော့တာ ကောင်းပါတယ်။

ကဲ . . . ကိုယ်ချစ်တဲ့ အကောင်လေးတွေ ဘယ်လိုဘယ်နည်း သဘောရှိတယ် ဆိုတာလေး ဒီလောက်ဆို မြည်းစမ်းမိလောက်ပြီနဲ့ တူတယ်နော်။

Ref:

https://www.hillspet.com/pet-care/new-pet-parent/choosing-between-dogs-and-cats

https://www.petplace.com/article/dogs/pet-care/dog-vs-cat-which-is-right-for-you/

https://www.diffen.com/difference/Cat_vs_Dog