ကျွန်းတိုက်ပွဲ

0
479

လောင်းလုံးမြို့နယ်ထဲက ကျွန်းနဲ့ကမ်းခြေတွေကို ကုမ္ပဏီကြီးတစ်ခု မြေလွတ်မြေလပ် လုပ်ပိုင်ခွင့် လျှောက်ထားခဲ့ပါတယ်။
ဒီလိုလျှောက်ထားတဲ့အပေါ်မှာ တိုင်းအစိုးရက ဗဟိုမြေလွတ်မြေလပ်ကော်မတီကို သဘောထားမှတ်ချက်ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်လိုသဘောထားမှတ်ချက်ပေးခဲ့တယ်ဆိုတာကိုတော့ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်လို့ ထုတ်ပြန်လို့မရဘူးလို့ တိုင်းအစိုးရအဖွဲ့က ပြောဆိုထားပါတယ်။
အဲဒီလိုပြောဆိုထားတာနဲ့ပတ်သက်ပြီး ထားဝယ်တိုင်းရင်းသားများပါတီက ထောက်ပြပြောဆိုခဲ့ပါတယ်။
ဘယ်လိုထောက်ပြပြောဆိုခဲ့တယ်ဆိုတာကို Dawei Watch ရုပ်သံက တင်ဆက်ထားပါတယ်။