ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား

0
428

ကျန်းမာရေး ဝန်ကြီးဌာနက ကိုဗစ်အရေး မပေါ့ကြဖို့ တိုက်တွန်းချက်တွေ တောက်လျှောက် ထုတ်ပြန်နေပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး လူထုက သွေးအေးသွားတဲ့ အနေအထား ရောက်နေပါပြီလို့ ဆိုရပါမယ်။

ဒါပေမယ့် ကိုယ်ကိုယ်တိုင်က ဖျားနာနေတာ၊ ချောင်းဆိုးနေတာ၊ အအေးမိနေတာ၊ လည်ချောင်းတွေ နာနေတာမျိုးကို ကြုံရတာပဲဖြစ်ဖြစ်၊ အခြားလူတစ်ယောက်ယောက်က ကြုံရတာပဲဖြစ်ဖြစ် အခုလို ကိုဗစ်ကာလမှာ အင်မတန်စိတ်ဖိအား များပါတယ်။

အခုလို မိုးရာသီ ဖျားနာရောဂါ ထူပြောတဲ့ အခြေအနေမှာ ကိုဗစ် ၁၉ ရောဂါနဲ့ ဆင်တူတဲ့ အခြား ဖျားနာရောဂါ လက္ခဏာတွေကို သာမန်လူထုအနေနဲ့ ရှင်းရှင်းလင်းလင်း ခွဲခြားသိဖို့ အင်မတန် ခက်ခဲပါတယ်။ အရင်က ဖျားပြီဆို တုပ်ကွေးလား၊ ငှက်ဖျားလား စသဖြင့် မေးကြ စိတ်ပူကြပေမယ့် အခုတော့ ဖျားနာ ချောင်းဆိုးပြီဆို ကိုဗစ်ရောဂါလားဆိုပြီး ကာယကံရှင်ရော အခြားသူတွေကပါ တွေးပူကြပါတယ်။

ဆိုတော့ ကိုဗစ်နဲ့ အခြားဖျားနာ ရောဂါတွေကို ဘယ်လို ခွဲခြားသိနိုင်မလဲ။

ဒီအချက်တွေနဲ့ တိုက်စစ်ကြည့်ပြီးတော့ အလွန်အကျွံစိတ်ပူတာမျိုးကို လျှော့ချနိုင်ပါမယ်။

ရောဂါလက္ခဏာများကိုဗစ် ၁၉ ရောဂါရာသီတုပ်ကွေး ရောဂါသာမန် အအေးမိခြင်း
ချောင်းဆိုးခြင်းအဖြစ်များအဖြစ်များအဖြစ်များ
ဖျားနာခြင်းအဖြစ်များအဖြစ်များရံဖန်ရံခါ
လည်ချောင်းနာခြင်းရံဖန်ရံခါရံဖန်ရံခါအဖြစ်များ
မောပန်းခြင်းရံဖန်ရံခါဖြစ်ခဲလုံးဝမဖြစ်
အနံ့ / အရသာ မရခြင်းရံဖန်ရံခါဖြစ်ခဲဖြစ်ခဲ
ကြွက်သားများ နာကျင်ကိုက်ခဲခြင်းဖြစ်ခဲအဖြစ်များအဖြစ်များ
အားအင်ကုန်ခမ်းခြင်းဖြစ်ခဲအဖြစ်များရံဖန်ရံခါ
နှာချေခြင်း/ နှာစေးခြင်းဖြစ်ခဲရံဖန်ရံခါအဖြစ်များ
၀မ်းလျှောခြင်း/ အန်ခြင်း/ ဗိုက်နာခြင်းဖြစ်ခဲရံဖန်ရံခါ (အထူးသဖြင့် ကလေးများ)လုံးဝမဖြစ်

ရင်းမြစ်- ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန