တိုင်းတွင်း မှတ်ပုံတင်လုပ်ပေးရန် ကျန်နေသူ ရှစ်ထောင်ခန့်ရှိ

0
482

တနင်္သာရီတိုင်းအတွင်း မှတ်ပုံတင် လုပ်ပေးရန်ကျန်နေသူ ရှစ်ထောင်ခန့်ရှိ နေကြောင်း တိုင်းလူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်အားအရင်းအမြစ် ဦးစီးဌာန တိုင်းဦးစီးမှူး ဦးယဉ်ထွေးက ပြောသည်။

နေ့စဉ်နှင့်အမျှ အသက်ပြည့်နေသူ များ၊ မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးနေသည်များကို သက်ဆိုင်ရာ သက်ဆိုင်ရာ မြို့နယ်ရုံးများက လစဉ်စာရင်းပြုစုထားကြောင်း ဦးယဉ်ထွေးက ပြောသည်။

ကိုဗစ်ကာလ တားမြစ်ချက်များကြောင့် ကွင်းဆင်းမှတ်ပုံတင် လုပ်ဆောင်ရန် အခက်အခဲရှိသဖြင့် ယင်းကဲ့သို့ ကျန်နေခြင်းဖြစ်ကြောင်း ၎င်းင်းက ပြောသည်။

“ကိုဗစ်ဖြစ်နေတာကြောင့် ကွင်းဆင်းလုပ်ပေးတဲ့ဟာတွေက ဆိုင်းငံ့ထား ရတယ်။ ရုံးတွေမှာတော့ ပိတ်ရက်ကလွဲပြီး ကျန်တဲ့ရက် တွေမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နဲ့အညီ လုပ်ပေးနေပါတယ်” ဟု ဦးယဉ်ထွေးက ဆိုသည်။

သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများကိုမူ အိမ်တိုင်ရာရောက် မှတ်ပုံတင်လုပ်ဆောင်ပေးခြင်းကို ဆက်လက် ဆောင်ရွက်ပေးနေကြောင်း ၎င်းက ပြောသည်။

နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူများ မဲပေးခွင့်ရရှိရေးအတွက် ဥပဒေနှင့်ညီညွတ်သူများအားလုံးကို မှတ်ပုံတင် သို့မဟုတ် အထောက်အထား တစ်ခုခုရရှိစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပို့လာသည့် မှတ်ပုံတင်မရှိသေးသူများ စာရင်းကိုလည်း စိစစ်နေကြောင်း တနင်္သာရီတိုင်း တိုင်းလူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်အားအရင်းအမြစ်ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး