လာမည့်ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း တစ်သိန်းရှစ်သောင်းကျော် သုံးရန် တိုင်းအစိုးရလျာထား

0
408

တနင်္သာရီတိုင်းအတွင်း လာမည့် ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း တစ်သိန်းရှစ်သောင်းကျော် သုံးစွဲရန်လျာထားကြောင်း တိုင်းဒေသကြီးရသုံးမှန်း ခြေငွေစာရင်းဦးစီးဌာနထံမှ သိရသည်။

ထိုလျာထားငွေများအနက် ကျေးလက်လမ်းများ ကောင်းမွန်စေရေးအတွက် စုစုပေါင်းဘဏ္ဍာငွေမှ ၂၈ ရာခိုင်နှုန်း ဝန်းကျင်အထိ အများဆုံးအသုံးပြုရန် လျာထားကြောင်း အထက်ပါဌာနထံမှ သိရသည်။

လက်ရှိတွင် လျာထားသည့် ဘတ်ဂျက်ပမာဏကို ပြည်ထောင်စုလွှတ်တော်ထံ တင်ထားပြီး ယင်းလွှတ်တော်က အတည်ပြုပြီးပါက အဆိုပါစာရင်းကို တိုင်းအစိုးရထံ ပြန်ပို့မည်ဖြစ်ကြောင်း ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေလင်းထက်က ရှင်းပြ သည်။

“တိုင်းအစိုးရအဖွဲ့ကတစ်ဆင့် တိုင်းဒေသကြီးလွှတ်တော်ကို ပြန်တင်ပြီးတော့ ဥပဒေထုတ်ပြန်ပြီးသွားရင် သုံးလို့ရပြီ” ဟု ဦးနေလင်းထက်က ပြောသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း တစ်သိန်းခုနစ်သောင်းခန့် သုံးစွဲရန်သတ်မှတ်ထားသည်။