ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာ ဗေဒင် ဟောကိန်း

0
913
Bay-Din

၁၃-၇-၂၀၂၀ မှ ၁၉-၇-၂၀၂၀ ထိ

တနင်္ဂနွေ
ယခုလအတွင်း မြေဝင်မည်။ စာမေးပွဲ၊ အင်တာဗျူးကိစ္စများ အဆင်ပြေမည်။ အလုပ်အကိုင်နှင့် ပတ်သက်၍ အေးစက်စက် ဖြစ်နေဦးမည်။ ဘာသာရေးအဓိဋ္ဌာန်ပြုခြင်း အဆင်ပြေမည်။ ငွေကြေးနှင့်ပတ်သက်၍ မစုမိဘဲ ဖြစ်နေတတ်သည်။ မေတ္တာရေးသည်ကား ကြည်နူးလိုက် လွမ်းလိုက် ဖြစ်နေရဦးမည်။
အကျိုးပေးသော အရောင်။ ။အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင်။ ။အဝါရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ်။ ။အနောက်အရပ်
ယတြာ။ ။မုန့်ဟင်းခါးတစ်ချိုင့် ဘုန်းကြီးကျောင်းကပ်လှူပါ။

တနင်္လာ
တန်ခိုးကြီး ဘုရားပုံတော်များ ဝင်မည်။ လူမျိုးကွဲများ ကူညီမစမှု ခံရမည်။ ကြာသပတေး၊ စနေ သားသမီးများ အထူးအကျိုးပြုမည်။ ဆိုင်ဖွင့်ခြင်းကိစ္စများ ကောင်းသည်။ ကျန်းမာရေး ကောင်းပါမည်။ သို့သော် မိမိအိမ်ရှိ လူကြီးများ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင်။ ။ အဖြူရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင်။ ။အဝါရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ်။ ။တောင်အရပ်
ယတြာ။ ။မွေးနေ့၌ ငါးများကို ဘေးမဲ့လွှတ်ပါ။

အင်္ဂါ
ဆွေမျိုးသားချင်းများ ကူညီမစမည်။ ယခုလအတွင်း နာရီ မဝယ်ပါနှင့်။ လုပ်ငန်းလျှောက်ထားသူ များ အလုပ်ရမည်။ ခရီးတစ်ခု သွားရမည်။ ဈေးဆိုင်ဖွင့်ခြင်းလုပ်ငန်းများ ကောင်းသည်။ ဗိုက်အောင့်၊ ဗိုက်နာ ဝေဒနာ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မဝေးရ တော့ပါ။
အကျိုးပေးသော အရောင်။ ။အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင်။ ။အစိမ်းရောင်၊ အပြာရောင်
မသွားသင့်သော အရပ်။ ။မြောက်အရပ်
ယတြာ။ ။စံပယ်ပန်း ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး
ဈေးဆိုင်ဖွင့်ခြင်းလုပ်ငန်းများ ကောင်းသည်။ မည်သည့်အခက်အခဲမဆို ယခုအချိန် အဆင်ပြေ သွားမည်။ ဆွေမျိုးသားချင်းများ ကူညီမစမှု ခံရမည်။ ဒူးနာခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်းများ သတိထားပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် မင်္ဂလာပွဲဆင်နွှဲရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင်။ ။အနက်ရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင်။ ။အဖြူရောင်၊ အဝါရောင်
မသွားသင့်သော အရပ်။ ။အရှေ့အရပ်
ယတြာ။ ။ပန်းတိမ်ငိုပန်း ဘုရားပန်းကပ်လှူပါ။

ကြာသပတေး
လုပ်ငန်းကြီးများ တာဝန်ယူရတတ်သည်။ ခရီး သွားရမည်။ လူငယ်လူရွယ်များ လုပ်ငန်း အဆင်ပြေမည်။ အလှူအတန်းပြုရခြင်း၊ အိုးအိမ်ပြုပြင်ခြင်းများ ဆောင်ရွက်ရတတ်သည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မတော်တဆ စွပ်စွဲခံရတတ်သည်။ မေတ္တာရေးသည်ကား စိတ်ကောက်လိုက် ပြန်ချော့လိုက် ဖြစ်နေရတတ်သည်။
အကျိုးပေးသော အရောင်။ ။လိမ္မော်ရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင်။ ။အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ်။ ။တောင်အရပ်
ယတြာ။ ။သစ္စာပန်း ဘုရားပန်းကပ်လှူပါ။

သောကြာ
စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ သားသမီးရှိလျှင် ကျန်းမာရေး ဂရုပြုပါ။ ခရီးတစ်ခု သွားရမည်။ တီဗွီ၊ မွေ့ရာ စသော လှပသော လူသုံးကုန်ပစ္စည်းများ၊ ဇိမ်ခံပစ္စည်းများ ဝင်မည်။ ယခုလအတွင်း စက်ပစ္စည်း မဝယ်သင့်ပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် ကြည်နူးလိုက် ရင်မောလိုက် ဖြစ်နေရတတ်သည်။
အကျိုးပေးသော အရောင်။ ။အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင်။ ။အပြာရောင်၊ အနက်ရောင်
မသွားသင့်သော အရပ်။ ။မြောက်အရပ်
ယတြာ။ ။သစ်ခွပန်း မွေးနေ့၌ ဘုရားကပ်လှူပါ။

စနေ
သင် ကံမြင့်သောကာလ ဖြစ်သည်။ ရပ်ဝေးဧည့်သည်များ မိမိထံလာမည်။ နာရီ ဝင်မည်။ မောင်နှမသားချင်းများ ကျန်းမာရေး ဂရုပြုပါ။ ငွေကြေးကတော့ သပိတ်ဝင်အိတ်ဝင် ဖြစ်ပါမည်။ လုပ်ငန်းနှင့်ပတ်သက်၍ စိတ်တိုင်းကျ မဖြစ်သေးပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် အိုကေ၍ စိုပြည်ပါမည်။
အကျိုးပေးသော အရောင်။ ။အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင်။ ။လိမ္မော်ရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ်။ ။အရှေ့တောင်အရပ်
ယတြာ။ ။နှင်းဆီ အဝါ၇ ပွင့် ဘုရားပန်း ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ