ကျွန်တော်အမည်က မောင်သာပျော်ပါ ခင်ဗျာ့

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မောင်သာပျော်မှာ စိတ်ကူးယဉ်ထား တဲ့ အိပ်မက်အကြီးကြီးတစ်ခုတော့ ရှိပါ တယ်။ ဒီအိပ်မက်ကြီးကို ဘယ်သူ့ကိုမှ ပြောပြဖူးတာ မဟုတ်ဘူးဗျ။ အခုတော့ မအောင့်နိုင်တော့လို့ ကြုံတုန်း ပြောပြပါ့မယ်။

ကျွန်တော့်ရဲ့အိပ်မက်ကတော့ ၂၀၇၀ ခုနှစ်မှာ သူဌေးအကြီးစားတစ်ယောက် ဖြစ် ကို ဖြစ်ရမယ်ဆိုတာပါ။

သူဌေးကြီး ဖြစ်ရုံပဲလားဆိုတော့လည်း မဟုတ်သေးပါဘူးဗျ။ သူဌေးကြီးဖြစ်ပြီ ဆိုရင် ပထမဆုံးလုပ်မယ်လို့ စိတ်ကူးထား တာက ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ကြီးတွေနဲ့ ပုဂ္ဂိုလ်ကြီးတွေဆီ ချဉ်းကပ်မယ်။ ချဉ်းကပ်ပြီးတာနဲ့ စေတနာသဒ္ဓါ ထက် ထက်သန်သန်နဲ့ နိုင်ငံတော်အတွက် ငွေ တွေ လှူပစ်မယ်လေ။

ကိုသာပျော်ကို မနာလိုတဲ့ လူအချို့ ကတော့ ပြောကြမှာပဲလေ။ အကျိုးလိုလို့ ညောင်ရေလောင်းတယ်ဆိုပြီးပေါ့။

ဒါပေမယ့် ဘယ်သူတွေ ဘယ်လောက် ပြောနေပါစေ။ ကိုယ့်စေတနာကို ကိုယ်ပဲ အသိဆုံးလေနော့။

အဲ . . . ပြည်ထောင်စုဆိုတာကြီး ကလည်း မောင်သာပျော်ရဲ့ စေတနာ ထက်သန်မှုကို ကြည့်ပြီးတော့ ဘွဲ့တံဆိပ် ကြီးတွေ တသီတတန်းကြီး ချီးမြှင့်ကြမှာ ကိုလည်း မျက်စိထဲ မြင်ယောင်မိသဗျ။

အဲ . . . . ဘွဲ့တံဆိပ်ကြီးတွေရပြီဆိုတာနဲ့ တစ်နိုင်ငံလုံး ပတ်ပြီး မြေလုပ်ပိုင်ခွင့်တွေ၊ လုပ်ငန်းလုပ်ကိုင်ခွင့်တွေ လျှောက်မယ်ပေါ့။

ပြည်ထောင်စုကြီးကလည်း ဒီလောက် လေးတော့ တွန့်တိုနေမှာ မဟုတ်ဘူးလို့ ထင်သဗျ။ မတရားနည်းနဲ့ လျှောက်တာမှ မဟုတ်တာ။ အင်း . . . လှူထားတာတွေကို မျက်နှာနာပြီး လုပ်ခွင့်ပေးရင်တော့ တစ်မျိုး ပေါ့လေ။

နောက်တစ်ခုက မောင်သာပျော် သူဌေးကြီးဖြစ်တဲ့အချိန်ဆိုရင် မွေးရပ်မြေ ကိုလည်း ပစ်မထားပါဘူး။ မွေးရပ်မြေက လည်း ပင်လယ်ကမ်းခြေတွေ ကျွန်းတွေ ပေါတယ်လေ။
ဒီကျွန်းနဲ့ ကမ်းခြေတွေကို ဒီအတိုင်း ကြီးပစ်ထားရင် နှမြောစရာလေ။ မဖြစ်စ လောက် ဒေသခံဆိုတဲ့ တံငါလှေလေးတွေပဲ အသုံးချနေကြတာဗျ။

ဆိုတော့ ဒေသထဲက ရှိသမျှကမ်းခြေ တွေနဲ့ ကျွန်းတွေကို လုပ်ပိုင်ခွင့်လျှောက် ပစ်မယ်။ ပြီးရင် အဲနေရာတွေမှာ ကမ္ဘာ့ အဆင့် ဟိုတယ်ကြီးတွေ၊ ဘန်ဂလိုကြီးတွေ ဆောက်ပစ်မယ်ဆိုပြီး လေလုံးထွားပစ်မှာ ပေါ့လေ။ ဖြစ်နိုင်/ မဖြစ်နိုင်ဆိုတာက နောက်မှ။ လုပ်ပိုင်ခွင့်ရဖို့က အဓိက မဟုတ်လား။

ဒီကမ်းခြေတွေ ကျွန်းတွေကို လုပ်ပိုင် ခွင့်ရဖို့အရေး မောင်သာပျော်က ပြည်ထောင်စု ကြီးကို လျှောက်မှာပေါ့။ ပြည်ထောင်စု ကြီး ကတော့ ရှောရှောရှုရှု လက်ခံမှာပါ ပဲ။

ပြည်ထောင်စုကြီးကတောင် မီးစိမ်းပြ နေတဲ့ကိစ္စဆို ဒေသအစိုးရသေးသေးလေးက ဘယ်အာခံနိုင်မှာလဲ။ ဒေသအစိုးရကိုလည်း မစို့မပို့လေး လှူပြထားရမှာပေါ့။

ဘယ်လိုလဲ မောင်သာပျော်ရဲ့ တွက် ကိန်းက ပိုင်တယ်မို့လားဗျ။

အဲတစ်ခုတော့ သတိပေးလိုက်မယ်ဗျ။ အခုလက်ရှိအုပ်ချုပ်နေတဲ့ အစိုးရကိုတော့ အဲအချိုးမျိုးနဲ့ ယောင်လို့တောင် သွားမစမ်း လေနဲ့။

အခုအစိုးရက ပြည်သူတွေ ရွေးကောက် တင်မြှောက်ထားလို့ ပြည်သူ့အသံကို တိတိ ကျကျ နားထောင်တတ်တဲ့ အစိုးရဗျ။

ကျုပ်လိုမျိုး ခရိုနီတွေရဲ့ လုပ်စားမယ့် အကွက်တွေကို ဘယ်ခွင့်ပြုပါ့မလဲ။

ပြည်သူ့အကျိုးစီးပွားကိုပဲ မျက်နှာမူတတ် ပြီး သမာသမတ်ကျကျနဲ့ စီမံအုပ်ချုပ်နေ တာဗျ။

မတော်ရင် လာဘ်ပေးပါတယ်ဆိုပြီး အဂတိအမှုနဲ့ဆွဲထည့်လိုက်မှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။
ရှေ့က ပြောခဲ့တာကို ပြန်ကောက်ရ ရင် မောင်သာပျော်က မွေးရပ်မြေက ကျွန်း နဲ့ ကမ်းခြေတွေကို လုပ်ပိုင်ခွင့် လျှောက် တယ်ဆိုတာကလည်း ဒေသခံတံငါသည် လေးတွေရဲ့ ဘဝတွေကို ပြောင်းပေးချင်တဲ့ အရိုးခံစေတနာသက်သက်ပါဗျ။

ကျွန်းနဲ့ ကမ်းခြေတွေသာ လုပ်ကိုင်ခွင့် ရလို့ကတော့ သူတို့လေးတွေ ခက်ခက်ခဲခဲ ရုန်းကန်ပြီး ပင်လယ်ပြင်မှာ အပင်ပန်းခံ ငါးထွက်ဖမ်းစရာ မလိုအောင်ကို လုပ်ပေး မှာဗျ။ မောင်သာပျော် ကတိပေးပါတယ်။

သူတို့လေးတွေကို မောင်သာပျော် ဆောက်မယ့် ဟိုတယ်ကြီးတွေမှာ ညစောင့်၊ သန့်ရှင်းရေး၊ ဥယျာဉ်မှူး စတဲ့ ဝင်ငွေ ကောင်းတဲ့ အလုပ်တွေ ခန့်ပေးမှာပါ။

ကုန်းပေါ်မှာဆို ပင်လယ်မှာလောက် အန္တရာယ်မများတော့ဘူးလေ။

တစ်ခုတော့ ရှိတယ်ဗျ။ အဲလိုကျွန်းနဲ့ ကမ်းခြေတွေလျှောက်ရင် ဒေသခံတွေနဲ့ ဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမယ့် မောင်သာပျော်ရဲ့ စီမံကိန်းကြီးကို မနာလို မရှုဆိတ်တဲ့ လူတွေကတော့ ကန့်လန့်တိုက် ကြမှာပေါ့လေ။ တက်ကြွ လှုပ်ရှားသူတွေက လည်း ကန့်ကွက်မှာပဲ။ ကန့်ကွက်ကြောင်း လက်မှတ်ထိုးသူတွေ၊ စည်းရုံးလှုံ့ဆော်သူ တွေလည်း ရှိလာမှာပဲလေ။

ဒါ့အပြင် မောင်သာပျော် လုပ်ပိုင်ခွင့် လျှောက်တာက ပွင့်လင်းမြင်သာမှု မရှိဘူး၊ ဒေသခံရေလုပ်သားတွေက သူတို့စားကျက် ဒါမှမဟုတ် နားခိုရာနေရာတွေ ပျောက်သွား မှာကို စိုးရိမ်နေကြတယ်ဆိုပြီး မီဒီယာ သမားတွေဆိုတဲ့ မနာလိုသူတွေကတော့ ရေးကြ ပြောကြမှာပဲ။

အဲလို ကန့်လန့်တိုက်တာတွေလောက် ကတော့ မောင်သာပျော်က ထမင်းစားရေ သောက် ကောင်းကောင်းကိုင်တွယ်နိုင် ပါတယ်။ ကျုပ်အဖို့ကတော့ ဒီကန့်လန့် သမားတွေကို တစ်ဆင့်ချင်းရှင်းဖို့က ငှက်ပျောသီး အခွံနွှာသလို လွယ်လွယ်လေးဗျ။

ကန့်ကွက်ဖို့ စည်းရုံးတဲ့သူတွေထဲမှာ ဘယ်သူက ငွေပေးရင် ကိုယ့်ဘက်ပါနိုင် မလဲဆိုတာ အရင်စုံစမ်း။ ပြီးရင် ကိုယ့်ဘက် ပါအောင် ငါးစာလေးချပေးလိုက်ရုံ။

အဲ မီဒီယာသမားဆိုတဲ့လူတွေလောက် ကတော့ ဘာမှကို ဂရုစိုက်စရာမလို။ ဒင်းတို့က မြန်မာနိုင်ငံထဲက နွားခြေရာခွက် ထဲမှာပဲ အသံထွက်နေကြတာလေ။

သူတို့ထက် နာမည်ကြီးတဲ့ ထိတ် ထိတ်ကြဲ နိုင်ငံတကာသတင်းဌာနက လူအချို့ကို စရိတ်စကစိုက်ပြီး အဲဒေသကို အစုလိုက် အပြုံလိုက် ခေါ်လိုက်ရုံပဲ။ မောင်သာပျော်ကတော့ ဒီဒေသမှာနေတဲ့ ဆင်းရဲသားတွေကို နည်းနည်းပါးပါး လှူပြ လိုက်ရုံ။ သူတို့က သတင်းတွေရေးလိုက်ရင် မောင်သာပျော်က တကယ့် မေတ္တာရှင်ကြီး ကို ဖြစ်သွားဦးမှာ။
ငွေဆိုတာက လောကမှာ ဒုတိယ ဘုရားသခင်လို့ ဆိုထားတယ် မဟုတ်လား။

အခုခေတ် တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာသမားတွေကိုတော့ ယောင်လို့ တောင် သွားမစမ်းလေနဲ့။ သူတို့က အဲလို ငွေနဲ့ အဝယ်ခံမယ့် သူမျိုးတွေ မဟုတ်ဘူး ဆိုတာ မောင်သာပျော် ရဲရဲကြီး အာမခံတယ် ဗျ။ သူတို့က ဒေသကို တအားချစ်ကြတာ လေ။

ကဲဘယ်လိုလဲ။ မောင်သာပျော်ရဲ့ အိပ်မက်က ဘယ်လောက်ကြီးတယ်ဆိုတာ သိကြပြီ မဟုတ်လား။ မျှော်လင့်ချက် အိပ်မက်က ကြီးသလို အကြံလည်း ပိုင်တယ်မို့လားဗျ။

အခုတော့ မောင်သာပျော်ရဲ့ ကြီးကျယ် ခမ်းနားတဲ့အိပ်မက်ကြီးကို အကောင်အထည် ဖော်နိုင်ဖို့ တစ်ရေးလောက် အိပ်လိုက်ဦးမယ် ခင်ဗျား။

မောင်သာပျော်