မွန်ရှိ အိမ်ထောင်စု ၇၃၀ဝ၀ ကျော်ကို ငွေကြေး စတင်ထောက်ပံ့၊ မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသမှ အိမ်ထောင်စု ၃၀ဝ၀ ကျော်လည်း ပါဝင်

0
446

မွန်ပြည်နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၇၃၀ဝ၀ ကျော်ကို ဒုတိယအသုတ်အနေဖြင့် ဇွန်လ ၃၀ ရက်မှစပြီး ငွေကြေး ထောက်ပံ့မှု ပေးနေသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ဃသလငိ-၁၉ ကူးစက်ရောဂါကာလ အခက်အခဲရှိသည့် အခြေခံလူတန်းစား များအတွင် ဒုတိယအသုတ်ထောက်ပံ့မှုတွင် အိမ်ထောင်စုတစ်စုလျှင် ကျပ် ၁၅၀ဝ၀ နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရမှ သိရ သည်။

“ပြည်ထောင်စုဘတ်ဂျက်ကပဲ အခု တစ်ခါပေးတာက စီမံဘဏ္ဍာဝန်ကြီးဌာနက ဘတ်ဂျက်” ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ပြောသည်။

ပြည်နယ်အတွင်းရှိ အခြေခံလူတန်းစားများအား ထောက်ပံ့မည့် ငွေကြေးများကို ပြည်နယ်အစိုးရမှ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ ဇွန်လ ၂၉ ရက်နေ့က လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟုလည်း ၎င်း ဆက်ပြောသည်။

နိုင်ငံတော်အစိုးရမှ ပထမအသုတ်အနေဖြင့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ စသည့် အခြေခံစားသောက်ကုန် ၅ မျိုးကို ထောက်ပံ့ပေးခဲ့စဉ်က မွန်ပြည်နယ်မှ အခြေခံလူတန်းစား အိမ်ထောင်စု ၄၀ဝဝဝ ကျော် ပါဝင်ခဲ့သည်။

နိုင်ငံတော်အစိုးရမှ ဒုတိယအသုတ် ထောက်ပံ့ပေးမည့်အစီအစဉ်တွင် ပါဝင်သည့် မွန်ပြည်နယ်မှ အိမ်ထောင်စု ၇၃၀ဝ၀ ကျော်ထဲတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှ အိမ်ထောင်စု ၃၀ဝ၀ ကျော်လည်း ပါဝင်သည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

နိုင်ငံတော်အစိုးရ၏ ပထမအကြိမ် ထောက်ပံ့မှုတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှ အိမ်ထောင်စုများ မပါဝင်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

မွန်ပြည်နယ်အတွင်း ကနဦး ကောက်ယူထားသည့်စာရင်းအရ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ၃၈ ရာခိုင်နှုန်းရှိပြီး ပထမအသုတ်က ၁၀ ရာခိုင်နှုန်း၊ ယခု ဒုတိယအသုတ်တွင် ၁၈ ရာခိုင်နှုန်းသော အိမ်ထောင်စုများက နိုင်ငံတော် ထောက်ပံ့ပေးမှု ရရှိခဲ့ခြင်းဖြစ်သည်။

ယဉ်စနိုင်း