မွန်ပြည်သစ်ထိန်းချုပ်ဒေသမှ အိမ်ထောင်စု ၃၀ဝ၀ ကျော် ထောက်ပံ့မှု ရရှိရန် တင်ပြထား

0
475

Covid-19 ကူးစက်ရောဂါကာလအတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှ စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စု ၃၀ဝ၀ ကျော် နိုင်ငံတော်မှ ဒုတိယအကြိမ် ထောက်ပံ့မှုရရှိရန် တင်ပြထားသည် မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

နိုင်ငံတော်မှ ဒုတိယအကြိမ် ထောက်ပံ့မည့်အစီအစဉ်တွင် မွန်ပြည်နယ်မှ အိမ်ထောင်စု ၇ သောင်းကျော် ထောက်ပံ့မှုရရှိရန် တင်ပြထားပြီး အဆိုပါ အိမ်ထောင်စုများတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှ အိမ်ထောင်စု ၃၀ဝ၀ ကျော် ပါဝင်သည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့က ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

နိုင်ငံတော်မှ ဒုတိယအကြိမ်ထောက်ပံ့မှုအဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် လာမည့် ရက်သတ္တ ပတ် ၂ ပတ်အတွင်း ထောက်ပံ့ပေးသွားနိုင်ရန် စီစဉ်လျက်ရှိသည်ဟု နိုင်ငံတော်သမ္မတရုံး က ဇွန်လ ၁၉ ရက်နေ့က ပြောထားသည်။

နိုင်ငံတော်မှ ပထမအကြိမ်အနေနှင့် သင်္ကြန်ကာလအတွင်းက ပြည်သူတို့အား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ စသည့် အခြေခံစားသောက်ကုန် ၅ မျိုးကို ထောက်ပံ့ပေးခဲ့ရာ မွန်ပြည်နယ်မှ အိမ်ထောင်စု လေးသောင်းကျော် ပါဝင်ခဲ့ပြီး ၎င်းထဲတွင် မွန်ပြည်သစ်ပါတီထိန်းချုပ် ဒေသမှ ပြည်သူများ မပါဝင်ခဲ့ပေ။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသ အချို့တွင် စားသောက်ကုန်ပြတ်

Covid-19 ကူးစက်ရောဂါကာလ အတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသမှ ဝေးလံခေါင်သီသည့် အထူး သဖြင့် နယ်စပ်တစ်လျှောက်က ပြည်သူ ၃၀ဝဝဝ ခန့် စားသောက်ကုန်ပြတ်လပ်သည့် အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

မွန်ပြည်သစ်ပါတီအနေနှင့် စားနပ်ရိက္ခာလိုအပ်ချက်များရှိနေသည့် ၎င်းတို့ ထိန်းချုပ်နယ်မြေဒေသသို့ လာရောက် ထောက်ပံ့ပေးကြရန် အလှူရှင်အဖွဲ့ အစည်းများ လူမှုအဖွဲ့အစည်းများ ဖိတ်ခေါ်ထားကြောင်း ကူညီထောက်ပံ့လိုသူများအနေနှင့် တိုက်ရိုက်သော်လည်းကောင်း မွန်ပြည်သစ်ပါတီ၏ Covid-19 အရေး ပေါ်တုံ့ပြန်မှုကော်မတီမှ တစ်ဆင့်သော်လည်းကောင်း ထောက်ပံ့လှူဒါန်းနိုင်ကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။

ယဉ်စနိုင်း