ကိုဗစ်ကပ်ကာလ ကျူဝင်နေရသူများအတွက် စိတ်ပိုင်းဆိုင်ရာအတွက် ဘာတွေ သတိပြုလိုက်နာရမလဲ

0
464

ကိုဗစ် ၁၉ ကပ်ရောဂါ ကာလအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဌာနများက ကိုဗစ်ကပ်ရောဂါ ကာလလိုက်နာရမည့် အချက်များကို အသီးသီးထုတ်ပြန်ခဲ့ပါတယ်။

ယင်းအနက် ကိုဗစ်ကပ်ရောဂါကာလ ကျူစခန်းဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမယ့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ မေလဆန်းပိုင်းက ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

(၁) ကျူစခန်းဝင်နေ(အသွားအလာကန့်သတ်မှုဖြင့်နေ)သည့်အချိန်မှာ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်နဲ့ဖြစ်စေ ကိုယ့်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်သွယ်ပါ။

(၂) ကိုယ့်ရဲ့ တစ်ကိုယ်ရေ လိုအပ်ချက်၊ ခံစားချက်တွေကို အာရုံစိုက်ပါ။

(၃) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပန်းပြေစေတဲံ လှုပ်ရှားဆောင်ရွက်မှုတွေကို လုပ်ပါ။

(၄) ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ။

(၅) အိပ်ချိန်/အိပ်ယာထချိန် မှန်ပါစေ။ အိပ်ရေး၀၀ အိပ်ဖြစ်ဖို့ သတိရှိပါ။

(၆) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို စားပါ။

(၇) အကြောင်းအချက်တစ်ခုတည်းကို ကြည့်ပြီး ကောက်ချက်ချတာမျိုးမဟုတ်ဘဲ ဘက်စုံမြင်နိုင်အောင် အမြင်ကျယ်ကျယ်ထားပါ။

(၈) ကူးစက်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းတွေ အဆက်မပြတ်ထွက်ပေါ်နေတာက ဘယ်သူ့ကိုမဆို စိုးရိမ်မှု၊ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် နေ့တစ်နေ့တာမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနဲ့ ယုံကြည်ကိုးစားရတဲ့ သတင်းဌာနတွေက ထုတ်ပြန်တဲ့သတင်းတွေကိုသာ ပုံမှန်ကြည့်ပါ။

(၉) ကောလာဟလသတင်းတွေက စိတ်မသက်မသာဖြစ်စေတဲ့အတွက် ကောလာဟလတွေကို နားထောင်တာ၊ စဉ်းစားသွေးပူးနေတာမျိုးကို ရှောင်ကြဉ်ပါ။

(၁၀) ကိုယ်နေ့စဉ်လုပ်လေ့လုပ်ထရှိတာတွေ( ဥပမာ- လေ့ကျင့်ခန်းလုပ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ သီချင်းဆိုခြင်း၊ ပန်းချီဆွဲခြင်း စသဖြင့် ) ကို ပုံမှန်လုပ်ပါ။ ပတ်ဝန်းကျင်အသစ်ဆိုရင်လည်း အဲဒီ ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ လုပ်ဆောင်မှုတွေကို လုပ်ပါ။