တနင်္သာရီမြို့တွင် ပျံကျဈေးဆိုင်များ နေရာထပ်ပြောင်း

0
370

တနင်္သာရီမြို့ရှိ ပျံကျဈေးဆိုင်များအား ဇွန်လ ၂၇ ရက်နေ့မှစပြီး ချောင်းကြီး ရပ်ကွက် တိုးချဲ့ ၁ လမ်းအတွင်းသို့ ထပ်ပြောင်းရွှေ့ခဲ့ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်ထံမှ သိရသည်။

ကိုဗစ်နိုင်တီးရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် အောင်မင်္ဂလာ ၂ ဈေးအရှေ့ရှိ ပျံကျဈေး ၁၇ ဆိုင်အား ဧပြီလ ၁၇ ရက်နေ့မှစပြီး ချောင်းကြီးရပ်ကွက် တိုးချဲ့ ၂ လမ်းအတွင်းသို့ ယာယီရွှေ့ပြောင်း ရောင်းချခွင့်ပြုထားပြီး ဖြစ်သည်။

တိုးချဲ့ ၂ လမ်းတွင် ကွန်ကရစ်ခင်းကျင်းရန်အတွက် ပြင်ဆင်မည်ဖြစ်သည့်အတွက် တိုးချဲ့ ၁ လမ်းသို့ ထပ်မံပြောင်းရွှေ့ခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)