ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
607
Bay-Din

၂၂ – ၆ -၂၀၂၀ မှ ၂၈ – ၆ -၂၀၂၀ အထိ

တနင်္ဂနွေ
ယခုလအတွင်း မြေ မဝယ်သင့်ပါ။ မိမိလုပ်နေသော လုပ်ငန်းများ အောင်မြင်တိုးတက်မည်။လူမျိုးကွဲတို့ ကူညီမစမှုခံရမည်။ ဘုရားဖူးခရီးများ သွားရမည်။ ကျန်းမာရေး ဂရုပြုရမည်။ ရွှေထည်ပစ္စည်းများ သတိပြုဆင်ခြင်း၍ဝတ်ပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် နီးစပ်ရန် ကြိုးစားရဦးမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – ပန်းသစ်တော်သီးကို ခွဲစိတ်၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

တနင်္လာ
အိုးအိမ်ပြုပြင်ခြင်း၊ အလှူအတန်းပြုခြင်းများ ဆောင်ရွက်ရတတ်သည်။ အထက်လူကြီးများ၏ မစမှုခံရမည့်ကိန်းရှိသည်။ ဖုန်းတစ်လုံး ဝင်မည်။ ယခုလအတွင်း စက်ပစ္စည်းများ မဝယ်ပါနှင့်။ အရိုး၊ အကြာနှင့်ပတ်သက်၍ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား အဆင်ပြေရန် ဆက်ကြိုးစားရဦးမည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အပြာရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – သစ်ခွပန်း ဘုရားကပ်လှူပါ။

အင်္ဂါ
ထီ (သို့) ထီနှင့်အလားတူ ငွေဝင်မည်။ နာရီ ဝင်မည်။ ကျန်းမာရေး အညံ့မရှိပါ။ မြေ ဝင်နိုင်သည်။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ ယခုလအတွင်း သေတ္တာ၊ သော့ချိတ်များ အဝင်မခံပါနှင့်။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
မသွားသင့်သော အရပ် – မြောက်အရပ်
ယတြာ – နှင်းဆီ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး
ခရီးရှည်တစ်ခု သွားရတတ်သည်။ စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။ မြေ ဝင်မည်။ ယခုလအတွင်းဖုန်း၊ ယာဉ် မဝယ်သင့်ပါ။ မတော်တဆထိခိုက်မှု ကြုံရတတ်သည်။ မေတ္တာရေး သည်ကား အစကောင်း၍ အနှောင်းသေချာမည်ဖြစ်သည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ ခရမ်းရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – မုန့်ဟင်းခါးတစ်ချိုင့် ဘုန်းကြီးကျောင်း ဆွမ်းကပ်လှူပါ။

ကြာသပတေး
နာရီတစ်လုံး ဝင်မည်။ ဘုရားဖူးခရီးများ သွားရတတ်သည်။ ယခုလအတွင်း ဆိုင်ကယ်၊ ယာဉ် မဝယ်သင့်ပါ။ မြေ ဝင်မည်။ လုပ်ငန်းနှင့်ပတ်သက်၍ ကျန်းမာရေးသတိပြုပါ။ မေတ္တာရေး သည်ကား စိတ်ပင်ပန်းရတတ်သည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – ငှက်ပျောကြော် ၅ ခု ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
လုပ်ငန်းသစ်များ စတင်လုပ်ဆောင်ရခြင်း၊ အလှူအတန်းပြုခြင်းများ ဆောင်ရွက်ရတတ်သည်။ မြေကိစ္စ၊ အမွေကိစ္စ စကားပြောရတတ်သည်။ ယခုလတွင်း နာရီ မဝယ်သင့်ပါ။ တန်ဖိုးရှိ ပစ္စည်းများ ဂရုတစိုက်သိမ်းဆည်းပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် အဆင်မပြေဖြစ်ရတတ် သည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ ပြောက်ကျား
မသွားသင့်သော အရပ် – မြောက်အရပ်
ယတြာ – နွမ်းပါးသော ဘိုးဘွားတစ်ဦးအား လိုအပ်ရာလှူဒါန်းပါ။

စနေ
မြေ ဝင်မည်။ ထီ (သို့) ထီနှင့်အလားတူ ငွေဝင်မည်။ ယခုလအတွင်း စက်ပစ္စည်းများဝင်မည်။ အင်တာဗျူးစာမေးပွဲကိစ္စများ အဆင်ပြေမည်။ ယခုလအတွင်း ကားမဝယ်သင့်ပါ။ မေတ္တာရေး သည်ကား ချစ်သူရ၍ ပျော်ရွှင်ရမည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – မုန့်ဆီကြော် ၅ ခုဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ