သွေးအလှူရှင်တွေ သိထားသင့်တဲ့ အချက်များ

0
2135

သွေးလှူမည့်သူများအနေဖြင့် အောက်ပါအချက်များနှင့် ကိုက်ညီရန် လိုအပ်ပါတယ်။

၁) အသက် ၁၈ နှစ်မှ ၅၅ နှစ် အတွင်း ဖြစ်ရမည်။

၂) အမျိုးသားများမှာ ကိုယ်အလေးချိန်ပေါင် ၁၁၀ အထက် ရှိရမည်။ အမျိုးသမီးများအနေဖြင့် ပေါင် ၁၀ဝ အထက် ရှိရမည်။

၃) သွေးမလှူခင် အိပ်ရေးဝစွာ အိပ်စက်ထားရမည်။

၄) အရက်သောက်သုံးခြင်း၊ လက်တလော ဓမ္မတာလာခြင်း မရှိရပါ။

၅) ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ မဖြစ်ရပါ။ လတ်တလော ရောဂါဝေဒနာ မရှိရပါ။

၆) လွန်ခဲ့သော ၆ လအတွင်း ဆေးမင်ကြောင်ထိုးခြင်း၊ နားဖောက်ခြင်းခဲ့ခြင်း၊ အပ်စိုက်ကုထုံး ခံယူခဲ့ခြင်းမရှိသူ ဖြစ်ရမည်။

သွေးလှူရှင်များထံမှ သွေးကို မည်ကဲ့သို့ ထုတ်ယူပါသလဲ

၁) လူတစ်ယောက်၏ ခန္ဓာကိုယ်မှာ ပျမ်းမျှ သွေး ၅.၆ လီတာခန့်ရှိပြီး သွေးလှူရာတွင် ဝ.၄၅ လီတာရှိသော သွေးပမာဏကိုသာ ထုတ်ယူခြင်း ဖြစ်ပါသည်။

၂) ၎င်းသွေးထုထည်ပမာဏသည် သွေးလှူပြီး ၂၄ နာရီအတွင်း ပြန်လည်ပြည့်သွားပြီး သွေးနီဥများမှာလည်း ၃ပတ်၊ ၄ပတ်အတွင်း အလိုအလျောက် ပြန်ပြည့်သွားပါမည်။

၃) ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများကသာ သွေးထုတ်ယူခြင်းကို ပြုလုပ်မှာဖြစ်ပြီး ကြာမြင့်ချိန်မှာ မိနစ် ၃၀ ခန့်သာ ရှိပါသည်။

၄) ထုတ်ယူပြီးသော သွေးများကို အိတ်ချ်အိုင်ဗွီ၊ အသည်းရောင်(ဘီ)(စီ)၊ ဆစ်ဖလစ်ရောဂါ ရှိ/မရှိ စစ်ဆေးပြီး ရောဂါကင်းစင်သော သွေးကိုသာ အသုံးပြုပါသည်။

သွေးလှူပြီးနောက် သွေးလှူရှင်များအနေဖြင့် ဆောင်ရန်/ရှောင်ရန်အချက်များ

၁) သွေးလှူပြီးလျှင် ၁၀ မိနစ်ခန့် ဆက်တိုက်လဲလျောင်းပြီးနောက် ၁၅ မိနစ်ခန့် ထိုင်လျက် အနားယူပါ။

၂) အာဟာရဖြည့် အစားအသောက်များကို စားသောက်ပြီးမှ သွေးလှူဘဏ်မှ ထွက်ခွာပါ။

၃) သွေးလှူပြီးနောက် ၄ လပြည့်ပြီးတိုင်း သွေးပြန်လည်လှူဒါန်းနိုင်ပါသည်။

၄) ပုံမှန်သွေးလှူဒါန်းနိုင်ရန် အာဟာရဓာတ်ကြွယ်ဝသည့် အစားအစာ (ဥပမာ – ငှက်ပျောသီး၊ ကြက်ဥ၊ အသား)ကို စားသုံးပေးရပါမည်။

ရင်းမြစ် – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန