မြန်မာဘောလုံး အကယ်ဒမီနည်းပြ သရက်ချောင်းရေတံခွန်တွင် ရေနစ်သေဆုံး

0
803

အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)တွင် နည်းပြတာဝန် ထမ်းဆောင်နေသည့် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဦးအေးဆန်းသည် ဇွန်လ ၁၂ ရက်က ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်ချောင်းရေတံခွန်တွင် ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဦးအေးဆန်း၏ သေဆုံးမှုနှင့်ပတ်သက်ပြီး မြန်မာဘောလုံးအဖွဲ့ချုပ်ကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။

ထားဝယ်သို့အလည်လာစဉ် သရက်ချောင်းရေတံခွန်တွင် ၎င်းနှင့်အတူပါလာသူများနှင့်အတူ ရေကူးရင်း ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့ ခန့်မှန်းတာကတော့ ရေကူးရင်းနဲ့ ကြွက်တက်သွားပြီး သေတာဖြစ်နိုင်တယ်လို့ ပြောတယ်” ဟု သရက်ချောင်းဆေးရုံသို့ လိုက်လံကြည့်ရှုခဲ့သူ အထက်ပါအမျိုးသားက ပြောသည်။

ဖြစ်စဉ်မှာ ၅ နာရီခန့်တွင်ဖြစ်ပွားခဲ့ပြီး ၅ နာရီ ၄၅ မိနစ်ခန့်မှ အလောင်းကို ရှာတွေ့ခဲ့သည်ဟု ၎င်းက ပြောသည်။

မိုးမြင့်