အိမ်တွင်းအောင်း အောင့်လုံးကွဲလေပြီ

0
558
ဓာတ်ပုံ - ဝေယံစိုး

ကိုရိုနာကပ်ဆိုးကြီးအတွင်း တားမြစ်ကန့်သတ်ချက်များကြောင့် သော်လည်းကောင်း၊ ကိုယ့်အသိစိတ်ဖြင့် ကိုယ်သော်လည်းကောင်း အိမ်တွင်းအောင်း နေခဲ့ကြသည်။

ကိုရိုနာကာလအစတွင် မြို့ပေါ် လမ်းမကြီးများတွင်ပင် ကား၊ ဆိုင်ကယ် အတော်ပင် ပါးနေခဲ့သည်။ အရေးကြီး ကိစ္စ၊ စားသောက်စရာ ဝယ်ခြမ်းရေးကိစ္စ အချို့ကြောင့် မထွက်မဖြစ် အပြင်ထွက် ပါကလည်း ကိစ္စပြီးသည်နှင့် အိမ်တန်း ပြန်ကြသည်ချည်းသာ။

ထိုအစကာလတွင် အပန်းဖြေခရီး ထွက်ရန် မည်သူမျှ စိတ်မကူးကြ။ ထိုသို့ စိတ်ကူး ပြောဆိုမိလျှင်ပင် အတူနေ မိသားစုဝင်များက ကန့်ကွက်ကြလိမ့်မည်။

အားအားယားယား လမ်းသလားနေ လျှင် ပတ်ဝန်းကျင်က အပြစ်ဖို့ကြမည်။

ထို့ကြောင့် အစိုးရ ကမ်းခြေများ မပိတ်သေးသည့်တိုင် လူအသွားများသည့် ကမ်းခြေများတွင် လူရှင်းလွန်းနေတော့ သည်။

လူတိုင်းအပြင်ထွက်ကာ လွတ်လပ်စွာ အရူးထခွင့်ရသည့် သင်္ကြန်ရက်များ တွင်ပင် လမ်းပေါ်တွင် လူမရှိပေ။ သို့သော် အိမ်တွင်းအောင်းကာလ နှစ်လ ကျော်လာသည့် အချိန်တွင်မူ လူတို့၏ အိမ်တွင်းအောင်းအောက်လုံး ကွဲလာကြ လေပြီ။

“အချိန်တွေကလည်း ကြာလာပြီ ဆိုတော့ အိမ်မှာချည်းနေရတာ ပျင်းလာပြီ။ အောင့်လုံးကလည်း ကွဲချင် လာပြီပေါ့”ဟု မြိတ်မြို့၊ မြိတ်တောင် ရပ်နေ အသက် ၃၅ နှစ် အရွယ် မကေသီက ပြောသည်။

လူတို့ကို လမ်းပေါ်တွင် ပြန်တွေ့ ရလာသည်။ ဈေးများ ပြန်စည်လာသည်။

လက်ဖက်ရည်ဆိုင်များ ခိုးထိုင် လာသည်။ အရက်၊ ဘီယာဆိုင်များ အတွင်း အပြင် တံခါးပိတ်ကာ ဝိုင်းဖွဲ့ လာသည်။

လူစုလူဝေး မဖြစ်စေရေးအတွက် ကမ်းခြေများသို့ ဝင်ရောက်ခွင့် တားမြစ် ထားဆဲ ကာလတွင်ပင် ကားအသီးသီး၊ သုံးဘီးအသွယ်သွယ် ဆိုင်ကယ် အစု လိုက်အပြုံလိုက် လူရာချီ ဝင်ရောက်လာ ကြသည်။

ဇွန်လ ၃ ရက်နေ့ မတိုင်မီအထိ ကမ်းခြေများသို့ တရားဝင် သွားခွင့်မပြု သေးပါ။ သို့သော် မေ ၃၀ ရက် တနင်္ဂနွေ နေ့က မောင်းမကန် ကမ်းခြေတွင် လူရာချီတွေ့နိုင်သည်။

ယင်းတို့ထဲတွင် လူငယ်အများစု ဖြစ်သော်လည်း မိသားစုအလိုက်လည်း ပါလာကြသည်။

သူတို့ မျက်လုံးများတွင် ကွင်းပြင် ကျယ်ကို ငတ်မွတ်တမ်းတနေသည့် အရိပ်အငွေ့များတွေ့ရသည်။ ကမ်း ခြေကိုလာရသဖြင့် ဆာလောင်နေသည့် အာသီသတစ်ခု ပြေပျောက် သွားသလို သူတို့ကိုယ်သူတို့ ကျေနပ်နေမှုများ တွေ့နေရသည်။

သဲခုံပေါ်လျှောက်နေသည့် ခြေလှမ်း များက ကမ္ဘာမြေနှင့် ခြေဖဝါး ပြန်ထိ တွေ့ခွင့်ရသကဲ့သို့ မြောကြွ်ကလန်းဆန်း နေကြလေသည်။

သူတို့နှာခေါင်းဝသို့ ဖြတ်တိုက်လာ သည့် ဆားငွေ့ပါသည့်လေများကို အိမ်တွင်းအောင်း ကာလတစ်လျှောက် အောင့်အည်းသည်းခံခဲ့သမျှကို အတိုးချ ကာ ဝလင်စွာ ရှူရှိုက်နေသယောင် ထင်ရ သည်။

ထိုအချိန်က ကမ်းခြေများကို အစိုးရက ပိတ်ထားသည်ဆိုသော်လည်း အစောင့်အကြပ် မရှိပေ။ ရွာအချို့တွင် ကနဦးက စောင့်ကြပ်ကြသော်လည်း နောက်ပိုင်းများစွာ မတင်းကျပ်တော့ပေ။ ထိုကြောင့် လွတ်လပ်စွာ ဝင်ထွက် နေကြ လေသည်။

ဓာတ်ပုံ – ဝေယံစိုး

ထို့အတူ မိုးဦးစတွင် ပေါ်ပေါက် လာသော ရေတံခွန်၊ ရေအိုင်များသို့လည်း လူရာချီ ရောက်ရှိလာကြ၊ အနားယူ အပန်းဖြေရင်း အိမ်တွင်းအောင်း အောက်လုံးကို ဖောက်ခွဲကြလေသည်။

လောင်းလုံးမြို့နယ် မဲအုံနောက် ကျေးရွာနေ အသက် ၂၃ နှစ်အရွယ် ကိုရှိန်းထက်ဇော် တစ်ယောက်လည်း ယခင်အပတ်က သူငယ်ချင်းများနှင့်အတူ ရေဖြူမြို့နယ်ရှိ ရင်းမြှားအိုင်သို့သွားကာ အိမ်တွင်းအောင်းအောက်လုံးကို ခွဲလိုက် ကြောင်း ပြောပါသည်။

“သူများတွေသွားနေတာ င်္ခေနဘသသု မှာတွေ့တယ်လေ။ အဲချိန်မှာပဲ သူငယ်ချင်းကလည်း ဖုန်းဆက်လာတယ်။ ရေတံခွန်တွေသွားလို့ရပြီတဲ့။ အဲဒါနဲ့ သွားဖြစ်သွားတယ်” ဟု ကိုရှိန်းထက်ဇော် က ပြောသည်။

အချို့ကမူ အစိုးရ၏ တားမြစ်ချက် အပြင် ပင်ကိုအသိစိတ်ဖြင့် လူစုလူဝေး ရှောင်ကြောင်း ပြောကြသည်။

ထိုအထဲတွင် သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာနေ ၉ တန်းကျောင်းသား မောင်မင်းခန့်ပိုင်လည်း တစ်ဦးအပါအဝင် ဖြစ်ပါသည်။

“သူများတွေ သွားနေတာတော့ မြင်ပါတယ်။ သွားချင်တဲ့တိုင် ကိုယ့်ဘက် က ထိန်းရတာပေါ့။ ဒါတွေက ပြောလို့ လည်း မရဘူးလေ။ ကိုယ်သွားနေတဲ့ နေရာမှာ ဒီရောဂါရှိနေတာဆိုလည်း ကိုယ့်တယောက်တည်းဖြစ်ရရင် အကြောင်းမဟုတ်ဘူး။ ကိုယ့်နဲ့လည်း တစ်ရွာလုံး ပြောဆိုနေတာဆိုတော့ တစ်ရွာလုံးကူးဖို့ဆိုတော့ အဲဒီလိုပုံစံနဲ့ပဲ ထိန်းပြီးနေတာပေါ့။ ဒီရောဂါတွေ ပြန် အေးသွားပြီဆိုမှသွားဖြစ်မယ်”ဟု မောင်မင်းခန့်ပိုင်က ပြောသည်။

ယခုမူ တနင်္သာရီတိုင်း၏ ကိုရိုနာ ရောဂါပိုး အခြေအနေအရ ကမ်းခြေများကို ပြန်ဖွင့်လိုက်ပြီ ဖြစ်သည်။ အောင့်အည်း ထားသမျှ အတိုးချခွင့် ရတော့မည် ဖြစ်သည်။

လက်ဖက်ရည်ဆိုင်၊ စားသောက် ဆိုင်များကိုမူ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်ဖြင့် ခုံပေါ် ပလပ်စတစ် ကန့်လန့်ကာချကာ ဖွင့်ခွင့်ပြုထားရာ ဆိုင်ထိုင်မှ အားရသူတို့ အားပေးနေကြ လေပြီ ဖြစ်သည်။

“စားပွဲတစ်လုံးမှာ အလယ်က ပလစ်စတစ်ကာထားပြီး နှစ်ယောက် ထိုင်ရ တယ်ဆိုတော့အရင်ကလို သိပ်ပြီး အဆင်မပြေဘူး။ အောက်လုံးကွဲနေတဲ့ လူငယ်လူလတ် အတော်များများကတော့ ထိုင်နေကြတာပေါ့”ဟု မြိတ်၊ မြို့သစ်ရပ်နေ ကိုမင်းဇော်က ပြောသည်။

အချို့ကမူ ရောဂါအေးမှ အိမ်တွင်း အောင်းအောက်လုံးကို ဖောက်ခွဲပစ်မည် တေးထားကြလေသည်။

ထိုထဲတွင် မြိတ်မြို့၊ မြိတ်တောင် ရပ်နေ အသက် ၃၅ နှစ်အရွယ် မကေသီ လည်း တစ်ဦးအပါအဝင် ဖြစ်လေသည်။

“ကျွန်းခရီးတွေလည်း ပြန်ဖွင့်ပြီဆိုတော့လာမယ့်အပတ် သူငယ်ချင်းတွေနဲ့ ကျွန်းသွားလည်ဖို့တော့ ပြောထားတယ်”

တနင်္သာရီသတင်းအဖွဲ့