တနင်္သာရီတွင် စိတ်ကြွဆေးပြား တစ်သောင်းခွဲနီးပါး ဖမ်းမိ

0
295

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် မေလ ၂၆ ရက်နေ့က စိတ်ကြွဆေးပြား တစ်သောင်းခွဲနီးပါးအားဖမ်းမိခဲ့ကြောင်း တနင်္သာရီမြို့နယ် မြို့မရဲစခန်းထံမှ သိရသည်။


တနင်္သာရီမြို့နယ် ချောင်းငယ်ရပ်ကွက် စေတနာလမ်းသို့ ဝင်ရောက်လာသည့် ဆိုင်ကယ်တစ်စီးအား သတင်းအရ ရပ်တန့်စစ်ဆေးခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူမှာ ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်နောက်တွင် စီးနင်းလိုက်ပါသူအား စစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံအောက်မှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၄၆၀ဝ ပြားအား ဖမ်းမိခဲ့ကြောင်း မြို့မရဲစခန်းမှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။


“ထွက်ပြေးသွားတဲ့သူကို ဖမ်းဆီးရမိဖို့အတွက် စုံစမ်းရှာဖွေနေပါတယ်” ဟု အထက်ပါ တာဝန်ရှိရဲတပ်ဖွဲ့ဝင်က မေလ ၂၉ ရက်နေ့တွင် ပြောသည်။


ထွက်ပြေးသွားသည့် အသက် ၂၀ နှစ်အရွယ်ရှိ အမျိုးသားနှင့် ဆိုင်ကယ်နောက်တွက် ထိုင်လိုက်လာသည့် အသက် ၂၆ နှစ်ရှိ အမျိုးသားတို့အား တနင်္သာရီမြို့နယ် မြို့မရဲစခန်းက မယ(ပ) ၁၄/ ၂၀၂၀၊ မူး / စိတ် ပုဒ်မ ၁၉ ( က )/ ၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။

မြင့်မိုရ်(မြိတ်)