ကျူစခန်းမှ ထွက်ပြေးသူ ၅ ဦးကို အရေးယူမည်

0
286

ကော့သောင်းမြို့ အထက၂ စောင့်ကြည့်စခန်းမှ ထွက်ပြေးသွားသူ ၅ ဦးကို ပြန်ဖမ်းမိပြီဖြစ်ပြီး ၎င်းတို့အား ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူသွားမည်ဟု ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။


၎င်းတို့မှာ ရခိုင်ပြည်နယ်၊ မန်အောင်မြို့နယ်မှ ၃ ဦး၊ မြိတ်မှ ၁ ဦး၊ ရန်ကုန်မြို့ အင်းစိန် ပေါက်တောမှတစ်ဦး ဖြစ်သည်။


ထိုငါးဦးသည် ပြီးခဲ့သည့်ရနောင်းအချုပ်ထောင်မှ ပြည်တော်ပြန်အဖြစ် ပြန်လာသူ ၁၈၀ ဦးတွင် ပါဝင်သည်။


မေလ ၅ ရက်နေ့တွင် ၎င်းပြည်တော်ပြန်အလုပ်သမားလက်ခံရရှိပြီး ၎င်းတို့၏ နေရပ်သို့ ပြန်မပို့မီ ရောဂါစောင့်ကြည့်ရေးစခန်းတွင် ခေတ္တထိန်းသိမ်းထားစဉ် ညဘက်၌ထွက်ပြေးသွားကြခြင်း ဖြစ်သည်။


ထွက်ပြေးသူ ၅ ဦးစလုံးကို၂ရက်အတွင်း ပြန်တွေ့ခဲ့ပြီး ပုလုံးတုံတုံး ရောဂါစောင့်ကြည့်ရေးစခန်းတွင် ထိန်းသိမ်းစောင့်ကြည့်ထားကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။


“သူတို့ကို နှစ်ရက်အတွင်းမှာ ပြန်ဖမ်းမိပါတယ်။ ကွာရီတိုင်းဝင်ခိုင်း ထားတယ်။ ၂၁ ရက်ပြည့်ပြီဆိုရင်တော့ သူတို့ကို ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေနဲ့အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုဦးဇော်လင်းထွန်းက ပြောသည်။