ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
611
Bay-Din

၁ – ၆ -၂၀၂၀ မှ ၇ – ၆ -၂၀၂၀ အထိ

တနင်္ဂနွေ

လူငယ်များ အလုပ်စာမေးပွဲဖြေက အဆင်ပြေခြင်း၊ အောင်မြင်တိုးတက်ခြင်းဖြစ်မည်။ ပစ္စည်း ဥစ္စာများ စုဆောင်းမိမည်။ မိတ်ဆွေများနှင့် စိတ်ဝမ်းကွဲရတတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် နီးစပ်ရန် ကြိုးစားရဦးမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အပြာရောင်
မစားသင့်သော အစားအစာ – ဘဲသား၊ ဝက်သား
ယတြာ – သစ်ခွပန်း ဘုရားပန်းကပ်လှူပါ။

တနင်္လာ

စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ ခရီးတစ်ခု သွားရမည်။ အိုးအိမ်ဆောက်ခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်ရတတ်သည်။ သားသမီးရတနာများ ရတတ်သည်။ ခါးနာခြင်း၊ ခြေထောက်နာခြင်း ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား နားလည်မှုဖြင့် ရှေ့ခရီးဆက်ပါ။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အဝါရောင်
မစားသင့်သော အစားအစာ – လိမ္မော်သီး၊ ဝက်သား
ယတြာ – စံပယ်ပန်း ဘုရားကပ်လှူပါ။

အင်္ဂါ

ထီ ကံစမ်းပါ။ ငွေကြေးများစွာ ဝင်မည်။ မြေ ဝင်မည်။ လုပ်ငန်းများ တိုးတက်လာမည်။ သွေးတိုး ရောဂါများ သတိထားပါ။ လျှပ်စစ်မီး သတိထားပါ။ မေတ္တာရေးသည်ကား သင်နှင့် ချစ်သူကြား မှာ အိုကေ၍ စိုပြည်ပါမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
မစားသင့်သော အစားအစာ – စိမ်းကောအမျိုးမျိုး
ယတြာ – စံပယ်ပန်း ဘုရားကပ်လှူပါ။

ဗုဒ္ဓဟူး

ယခုလ၌ ယာဉ် မဝယ်သင့်ပါ။ ပညာသင်ခြင်း၊ စာမေးပွဲကိစ္စများ အဆင်ပြေမည်။ နာရီတစ်လုံး ဝင်မည်။ လုပ်ငန်းနှင့်ပတ်သက်၍ ခပ်အေးအေးဖြစ်နေဦးမည်။ အစာမှားဆေးမှား ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ခဏတာဝေးနေဦးမည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အပြာရောင်
မစားသင့်သော အစားအစာ – ရှပ်၊ ခရု၊ ငါးချဉ်
ယတြာ – ပန်းသီးကိုခွဲစိတ်ပြီး ဘုရားကပ်လှူပါ။

ကြာသပတေး

အမွေအနှစ်များ ရရှိတတ်သည်။ ပညာသင်ခြင်း၊ သင်တန်းတက်ခြင်းကိစ္စများ အဆင်ပြေမည်။ ယခုလ၌ တယ်လီဖုန်း မဝယ်ပါနှင့်။ အရင်းအနှီးကြီးသူတစ်ယောက်၏ မစမှုခံရမည်။ လူကြီး သူမတို့နှင့် ဆက်ဆံရေး၌ အထင်လွဲခံရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူက အထင်လွဲ ခံရတတ်သည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အနက်ရောင်
မစားသင့်သော အစားအစာ – အုန်းနို့၊ ဝက်သား
ယတြာ – မုန့်ဟင်းခါးတစ်ချိုင့်ကို ဘုန်းကြီးကျောင်းအား မွေးနေ့၌ ကပ်လှူပါ။

သောကြာ

ဈေးဆိုင်ဖွင့်ခြင်း (သို့) လုပ်ငန်းအသစ်များ စတင်ဆောင်ရွက်ခြင်းဖြစ်မည်။ ဆွေမျိုးသားချင်းများ ၏ ကူညီမစမှုခံရမည်။ ပန်ကာ၊ Aircon စသော ပစ္စည်းများ ဝင်မည်။ အကယ်၍ သင်သည် ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်လျှင် အထူးဂရုစိုက်ပါ။ မေတ္တာရေးသည်ကား ချစ်သူအပေါ် အထင်မလွဲပါနှင့်။
အကျိုးပေးသော အရောင် – လိမ္မော်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အနက်ရောင်
မစားသင့်သော အစားအစာ – အမဲသား၊ သရက်ချဉ်
ယတြာ – ဒူးရင်းသီး ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ

မြေ ဝင်မည်။ ဘာသာရေးကိစ္စများ ဆောင်ရွက်နေရတတ်သည်။ သင်တန်းတက်ခြင်း၊ ပညာ သင်ခြင်းကိစ္စများ အဆင်ပြေမည်။ သင့်အိမ်သို့ သံဃာတော်တစ်ပါးကြွလာလျှင် ထီကံစမ်းပါ။ သွား၊ ခံတွင်းနှင့် ပတ်သက်၍ ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား သင့်မေတ္တာကို ချစ်သူက ငြင်းလိမ့်မည်မဟုတ်ပါ။
အကျိုးပေးသော အရောင် – အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အဝါရောင်
မစားသင့်သော အစားအစာ – သင်္ဘောသီး၊ ဝက်သား
ယတြာ – နှင်းဆီအဝါ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ