ဆန်းချီလမ်းဆုံ ဆိုင်ကယ်တိုက်မှု အမျိုးသားနှစ်ဦး ပွဲချင်းပြီးသေ

0
658

အမျိုးသားနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည့် ဆိုင်ကယ်တိုက်မှုတစ်ခု ထားဝယ်မြို့၊ ဆန်းချီလမ်းဆုံအနီး ကမြောကင်းလမ်းတွင် မေလ ၂၁ ရက်ညက ဖြစ်ပွားခဲ့သည်။


တိုက်မိသည့် ဆိုင်ကယ်နှစ်စီးစလုံးမှာ ဆိုးရွားစွာပျက်စီးသွားပြီး မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးလည်း ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။


“နှစ်ယောက်လုံးက အမှန်မှာ ဒီနေရာမှာ တစ်ခါတည်း ပွဲချင်းပြီးနေတာ။ ဒါပေမယ့် တစ်ယောက်က ရုတ်တရက်ကြည့်လိုက်တာ အသက်ရှူနေတဲ့အနေအထားမျိုးတွေ့ရလို့ လိုအပ်တဲ့ဆေးဝါးစောင့်ရှောက်မှုတွေလုပ်ပေးရင်း တစ်ခါတည်းဆေးရုံခေါ်သွားတာ” ဟု ဦးနိုင်မျိုးသွင်က ပြောသည်။


ကမြောကင်းလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားလေ့ရှိကာ လူသေဆုံးမှုဖြစ်လေ့ ရှိသည့်အတွက် သံဃာတော်များဖြင့် ပရိတ်ရွတ်ဖတ်ခဲ့ဖူးသည်။