ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
533

၂၅ – ၅ -၂၀၂၀ မှ ၃၁ – ၅ -၂၀၂၀ အထိ

တနင်္ဂနွေ

ဆရာတော်တစ်ပါး မိမိထြွံကလာလျှင် ထီကံစမ်းပါ။ လူငယ်များ သင်တန်းတက်ခြင်း၊ စာမေးပွဲ ဖြေခြင်းများ အဆင်ပြေမည်။ အရင်းအနှီးကြီးသောလုပ်ငန်းများ အဆင်ပြေမည်။ ကျန်းမာရေး ဂရုပြုရမည်။ ငွေကြေးချေးငှားခြင်း သတိထားပါ။ ရွှေထည်ပစ္စည်း တစ်ခုခုဝင်မည်။ မေတ္တာရေး သည်ကား ချစ်သူနှင့် ဝေးလိုက်နီးလိုက်ဖြစ်နေမည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – သီလရှင်တို့ကို ဆန်၊ ဆီ လှူဒါန်းပါ။

တနင်္လာ

လုပ်ငန်းများ အဆင်ပြေမည်။ သင်မျှော်လင့်နေသော ကိစ္စတစ်ခု အဆင်ပြေမည်။ ငွေကြေးများစွာ ဝင်လာမည့်အခါ ဖြစ်သည်။ မိတ်ဆွေများနှင့် စိတ်ဝမ်းကွဲတတ်သည်။ ဘာသာရေးကိစ္စများ ဆောင်ရွက်နေရတတ်သည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား စန်းပွင့်နေသော ကာလဖြစ်သည်။
အကျိုးပေးသော အရောင် – ကာကီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အနီရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – နှင်းဆီ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

အင်္ဂါ

ပစ္စည်းဥစ္စာများ စုဆောင်းမိမည်။ သင်ကံကောင်းသောကာလသို့ ရောက်ရှိနေပါသည်။ ကြုံတွေ့နေရသော ပြဿနာတစ်ခုကို သင် အောင်မြင်ကျော်ဖြတ်နိုင်ပါမည်။ လုပ်ငန်းကတော့ ခပ်အေးအေးဖြစ်နေဦးမည်။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – ငါးအရှင်ကို ဘေးမဲ့လွှတ်ပါ။

ဗုဒ္ဓဟူး

သင်မျှော်မှန်းထားသော လုပ်ငန်းအခွင့်အလမ်းများ အဆင်ပြေမည်။ ရွှေထည်ပစ္စည်းတစ်ခု ဝင်မည်။ စားသောက်ဖွယ်ရာများ လက်ဆောင်ရမည်။ ကျန်းမာရေး ဂရုပြုရမည်။ မြေကိစ္စ စကားပြောရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် နီးစပ်ရန်ဆက်လက်ကြိုးစားပါ။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – မြောက်အရပ်
ယတြာ – ပေါက်ဆီကို ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး

ရွှေထည်ပစ္စည်းတစ်ခုခု ဝင်မည်။ သားသမီးရတနာ ရမည်။ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ ယခုလ၌ စက်ပစ္စည်းမဝယ်ပါနှင့်။ ပြဿနာတစ်ခု ကြုံတတ်သည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား အဆင်ပြေချောမွေ့မည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – အရှေ့မြောက်အရပ်
ယတြာ – ငှက်ပျော်သီးကို အခွံနွှာပြီးဘုရားဆွမ်းတော် ကပ်လှူပါ။

သောကြာ

ငွေကြေးအခက်အခဲဖြစ်နေသူများ မကြာမီပြေလည်မည့်ကာလဖြစ်သည်။ ခရီးတစ်ခု သွားရ မည်။ ပုလဲ ရတနာဝင်မည်။ ကျန်းမာရေး အညံ့မရှိပါ။ တယ်လီဖုန်း ကျပျောက်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အပြာရောင်
မသွားသင့်သော အရပ် – မြောက်အရပ်
ယတြာ – သင်္ဘောသီးမှည့်ကို ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ

အရေးကြီး ကိစ္စများဆောင်ရွက်ရာ၌ သတိထားပါ။ ဈေးဆိုင်ဖွင့်ခြင်း၊ ဆွေမျိုးသားချင်းများ ကူညီမစခြင်း ခံရမည်။ တယ်လီဖုန်များ ပြုတ်ကျပျက်စီးတတ်သည်။ ငွေကြေး များစွာဝင်မည်။ ခါးနာခြင်း ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်နီးစပ်ရမည့်အခါဖြစ်သည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
မသွားသင့်သော အရပ် – မြောက်အရပ်
ယတြာ – ဒူးရင်းသီးကို ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ