ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
430
Bay-Din

၁၈ – ၅ -၂၀၂၀ မှ ၂၄ – ၅ -၂၀၂၀ အထိ

တနင်္ဂနွေ

တန်ခိုးကြီးဘုရားပုံတော်များ ရရှိမည်။ ကြာသပတေးသားသမီးများ ကူညီမစမှုခံရမည်။ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ ခါးနာ၊ မျက်စိနာ ဖြစ်တတ်သည်။ အရေးကြီးသော ကိစ္စများ၌ဆုံးဖြတ်ချက် မှားတတ်သည်မို့ အထူးဂရုပြုပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် ခဏတာဝေးနေရဦးမည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – ပန်းသီးကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော် ကပ်လှူပါ။

တနင်္လာ

ရွှေထည်ပစ္စည်းများ ပျောက်ရှတတ်သည်။ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေမည်။ ထီ (သို့) ထီနှင့်အလားတူ ငွေဝင်မည်။ ဝန်ထမ်းများ အဆင်ပြေမည်။ မြေ အရောင်းအဝယ်ကိစ္စများ ပြေလည်မည်။ ဝမ်း၊ ရင် ဥပါဒ်ပေးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူရ၍ ပျော်ရမည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – မြောက်အရပ်
ယတြာ – ဂန္ဓမာအဖြူ တစ်စည်းဘုရားပန်းကပ်လှူပါ။

အင်္ဂါ

စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။ ထီ (သို့) ထီနှင့်အလားတူ ငွေဝင်မည်။ မိတ်ဆွေကောင်းများ ကူညီမစကြမည်။ မြေဝယ်ရန် ဆန္ဒရှိလျှင် ရဲရဲဝံ့ဝံ့ဆောင်ရွက်ပါ။ အာရုံကြောအားနည်းခြင်း ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူရမည့် ကာလဖြစ်သည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – စပျစ်သီးကို ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး

ဘာပဲလုပ်လုပ် လုပ်ငန်းများအောင်မြင်မည်။ အိမ်ဝယ်ခြင်း၊ အိမ်ဆောက်ခြင်းများ ကောင်းပါ သည်။ ခရီးတစ်ခုသွားရတတ်သည်။ ဆေးရုံ၊ ဆေးခန်းများ တက်ရတတ်သည်။ မေတ္တာရေး သည်ကား သောကကင်း၍ပျော်ရွှင်ရမည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – မြောက်အရပ်
ယတြာ – ဆွမ်းခံဘုန်းကြီးတစ်ပါးအား ဆွမ်းနှင့် ဟင်းလှူပါ။

ကြာသပတေး

သတင်းစကားကောင်းတစ်ခု ကြားရမည်။ လာဘ်လာဘတစ်ခုရရှိမည်။ ထီပေါက်ခြင်း၊ ငွေ အစုလိုက်အပြုံလိုက်ရရှိခြင်း ဖြစ်မည်။ ခြံ၊ မြေများ အရောင်းထွက်မည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်ပျော်ရမည့် ကာလဖြစ်သည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – အရှေ့မြောက်အရပ်
ယတြာ – သရက်သီးအမှည့်ကို ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ

စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဖြစ်မည်။ ငွေကြေးကိစ္စများ အဆင်ပြေမည်။ ရေခဲသေတ္တာ မဝယ်ပါနှင့်။ မြေ၊ အမွေအနှစ်များ ရရှိတတ်သည်။ ဖြေဆိုထားသော စာမေးပွဲများ အဆင်ပြေ မည်။ မေတ္တာရေးသည်ကား ချစ်သူရ၍ ပျော်ရွှင်ရမည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – စပျစ်သီးအမှည့်ကို ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ

အခက်အခဲတစ်ခုကြုံနေပါက ထိုကိစ္စအောင်မြင်မည်။ အဓိဋ္ဌာန်ပြုက ထူးထူးခြားခြားအောင်မြင် မည်။ မည်သည့်စာမေးပွဲ အင်တာဗျူးမဆိုအောင်မြင်မည်။ ယာဉ်ဝယ်ခြင်း မဆောင်ရွက်ပါနှင့်။ ကျန်းမာရေးဂရုပြုရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ဆုံတွေ့ရမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – ပြောက်ကျား၊ အစိမ်းရောင်
မသွားသင့်သော အရပ် – မြောက်အရပ်
ယတြာ – နှင်းဆီ အဝါ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ
ဆရာရွှေစင်မြတ်(geology)
ဝေဒလက္ခဏသုတေသီ