ကိုဗစ်ကာလ ကားမှောင်ခို

0
1034

တိုင်းတွင်း၊ တိုင်းပြင် ခရီးသည် တင်ယာဉ်များ ပြေးဆွဲခွင့်ကို ဧပြီလ ၂၄ မှ စတင် ပိတ်လိုက်ပြီး နောက်ပိုင်း ထားဝယ်ခရိုင်အတွင်း မှောင်ခိုပြေးဆွဲ သည့် ခရီသည်တင်ယာဉ်အချို့ ရှိလာခဲ့သည်။

မှောင်ခိုပြေးဆွဲသူများသည် ခရီးသည် များကို ထားဝယ်မြို့ထဲအထိ တင်ဆောင် လာခြင်း မရှိဘဲ မြို့ပြင် တစ်နေရာရာတွင် ချထားခဲ့သည်။

ယင်းနောက် မြို့ထဲသို့ဝင်ကာ ကုန်ပစ္စည်များတင်ဆောင်ပြီး နယ်ပြန် ဆင်းမည့် ခရီးသည်များကို မြို့ပြင်တစ် နေရာတွင် တင်ဆောင်ကြသည်။

ထားဝယ်မြို့နယ် ပုဂ္ဂလိကယာဉ် များပြေးဆွဲရေး လုပ်ငန်း ထိန်းသိမ်းကြီး ကြပ်ရေးကော်မတီ(ယကက)ဝင် ဦးချိုသိဏ်း ကလည်း မှောင်ခိုပြေးဆွဲနေသည့် ယာဉ် များရှိနေကြောင်း ပြောဆိုသည်။

“(မှောင်ခို) ပြေးဆွဲနေတဲ့ဟာတွေ ဆိုရင် လိုက်ပြီး ထိန်သိမ်းနေရတာပေါ့။ အရေးယူသင့်ရင်လည်း အရေးယူလိုက်တယ်။ ဒဏ်ရိုက်သင့်တဲ့သူလည်း ဒဏ် ရိုက်လိုက်တယ်။ ခံဝန်လက်မှတ်ထိုးခိုင်း ထားတာလည်း ရှိတယ်”ဟု ဦးချိုသိဏ်း က ပြောသည်။

သရက်ချောင်းနှင့် ရေဖြူမြို့နယ်တို့ မှ မှောင်ခိုပြေးဆွဲနေသည့် ယာဉ်နှစ် ဆယ်ခန့်ကို အရေးယူထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

မေလ ၁၅ ရက် ညနေပိုင်းတွင် ထားဝယ်ခရိုင်ရှိ ယာဉ်ပိုင်ရှင်၊ မြို့နယ် ယကက အဖွဲ့ဝင်၊ ဌာနဆိုင်ရာ တာဝန် ရှိသူတို့သည် တိုင်းတွင်း၊ တိုင်းပြင် ယာဉ်လိုင်းပြေးဆွဲမည့်ကိစ္စနှင့်ပတ်သက် ပြီး တနင်္သာရီတိုင်း လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိ နှိုင်းမှု ဦးစီးဌာနတွင် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေးမှုအရ မေလ ၁၅ ရက်နောက်ပိုင်း ရန်ကုန်- ထားဝယ် ပြေးဆွဲသည့် တိုင်းပြင်ပ ယာဉ်လိုင်းများ ကို ခရီးသည် တင်ဆောင်ခွင့်ပြုမည် မဟုတ်ဘဲ ကုန်ပစ္စည်းများ တင်ဆောင်ခြင်း ကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း ဦးချိုသိဏ်း က ပြောသည်။

တိုင်းတွင်းပြေးဆွဲမည့် ယာဉ်များ ကိုမူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိ ကျကျလိုက်နာပြီး ခရီးသည်တစ်ဝက် တင်ဆောင်ပြေးဆွဲခွင့်ပြုမည်ဟု ဆွေးနွေး ခဲ့ကြောင်း ၎င်းက ပြောသည်။

Dawei Watch