ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
597

၁၁ – ၅ -၂၀၂၀ မှ ၁၇ – ၅ -၂၀၂၀ အထိ

တနင်္ဂနွေ

အမွေအနှစ်များ ရရှိတတ်သည်။ အဓိဋ္ဌာန်ဝင်ပါက ထူးထူးခြားခြားအောင်မြင်မည်။ ယခုလ၌ ဖုန်း ပျက်လျှင်အသစ်မဝယ်ပါနှင့်။ ပြင်သုံးပါ။ ထီကံစမ်းပါ။ အလုပ်အကိုင်နှင့် ပတ်သက်၍ အေးစက်စက် ဖြစ်နေဦးမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ခဏတာဝေးနေရဦးမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်း – ၁၊ ၀၊ ၇၊ ၂ ပါသော ဂဏန်းများ
ယတြာ – သရက်သီးမှည့်ကို အစိတ်စိတ်ပြု၍ သစ်သီးဆွမ်းကပ်လှူပါ။

တနင်္လာ

လုပ်ငန်းများ အောင်မြင်အဆင်ပြေမည်။ ဈေးဆိုင်ဖွင့်ခြင်းများ ကောင်းမည်။ ယခုလ၌ နာရီ မဝယ်သင့်ပါ။ ဆွေမျိုးသားချင်များ ကူညီမစမှုခံရမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေး သည်ကား ယခုကာလမှစ၍ အထီးမကျန်တော့ပါ။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် – ရွှေအိုရောင်၊ ဇီးရောင်
အကျိုးပေးသော ဂဏန်း – ၂၊ ၅၊ ၁၊ ၇ ပါသောဂဏန်းများ
ယတြာ – သင်္ဘောသီးမှည့်ကို ခွဲစိတ်ပြီး သစ်သီးဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ

တန်ခိုးကြီးဘုရားပုံတော်များ ရရှိတတ်သည်။ ဆွေမျိုးသားချင်များ၏ ကူညီမစမှု ခံရတတ် သည်။ ရွှေထည်ပစ္စည်များ ရရှိတတ်သည်။ အိုးအိမ်များ ပျက်ယွင်းနေလျှင် မြန်မြန်ပြုပြင်ပါ။ သံစူးခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်းများ ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား လူပျိုအပျိုများ စန်းပွင့်နေမည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်း – ၅၊ ၁၊ ၂၊ ၉ ပါသော ဂဏန်းများ
ယတြာ – ခွေးလေခွေးလွင့်များကို အစာကျွေးပါ။

ဗုဒ္ဓဟူး

အိုးအိမ်ပြုပြင်ခြင်းများ ဆောင်ရွက်ရတတ်သည်။ သင်၏လုပ်ငန်များ ပုံမှန်လည်ပတ်နေမည်။ ခြေထောက် ထိခိုက်ရတတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ ငွေကြေးကတော့ အဝင်နည်းသော ကာလဖြစ်မည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ခဏတာဝေးနေရဦးမည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ ဇီးရောင်
အကျိုးပေးသော ဂဏန်း – ၇၊ ၀၊ ၂၊ ၁ ပါသောဂဏန်းများ
ယတြာ – ကိတ်မုန့်ကို ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး

ကြံစည်သမျှ အောင်မြင်မည်။ ငွေကြေးနှင့်ပတ်သက်၍ အထူးကံကောင်းမည်။ aircon၊ စက်ပစ္စည်းများ မဝယ်ပါနှင့်။ မတော်တဆထိခိုက်မှုများ ဖြစ်တတ်သည်။ ဘာသာရေးကိစ္စများ ဆောင်ရွက်နေရတတ်သည်။ မေတ္တာရေးသည်ကား မျှော်စရာမလိုဘဲ အဆင်ပြေပါမည်။
အကျိုးပေးသော အရောင် – လိမ္မော်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အပြာရောင်
အကျိုးပေးသော ဂဏန်း – ၂၊ ၇၊ ၅၊ ၉ ပါသော ဂဏန်းများ
ယတြာ – ဂန္ဓမာအဖြူ တစ်စည်း ဘုရားပန်းကပ်လှူပါ။

သောကြာ

သင်စိတ်ကူးများ အမှန်တကယ်အဆင်ပြေမည့်ကာလ ဖြစ်သည်။ ခရီးသွားစရာကိစ္စတစ်ခု ပေါ်လာလျှင် ထိုကိစ္စအဆင်ပြေမည်။ သင့်အတွက် ငွေကြေးကိစ္စ မပူပါနှင့်။ အဆင်ပြေသွားမည်။ ရေချိုးမှားခြင်း၊ ရေခဲစားခြင်းသတိပြုပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် သင့်ကြားမှာ သာယာစိုပြည်ပါမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်း – ၂၊ ၅၊ ၁၊ ၄ ပါသော ဂဏန်းများ
ယတြာ – စပျစ်သီးကို ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ

မြေ ဝင်မည်။ အမွေအနှစ်များ ရရှိတတ်သည်။ ဆွေမျိုးသားချင်းများ ကူညီမစမှုခံရမည်။ သားသမီးရတနာများ ရမည်။ အလုပ်အကိုင်ကတော့ မတည်ငြိမ်သောကာလ ဖြစ်သည်။ ကျန်းမာရေး ကောင်းမွန်မည်။ မေတ္တာရေးသည်ကား သာယာစိုပြည်ပါမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်း – ၀၊ ၂၊ ၅၊ ၁ ပါသောဂဏန်းများ
ယတြာ – နှင်းဆီအဝါ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ