တပ်ပြင် နာရေးဝန်ဆောင်မှုတွင် အသုဘများအား တစ်ညသာ လက်ခံ

0
399

မြိတ်မြို့၊ တပ်ပြင်ရပ်ကွက်ရှိ နာရေးဝန်ဆောင်မှုတွင် အသုဘများအား တစ်ညသာလက်ခံကြောင်း တပ်ပြင်နာရေးဝန်ဆောင်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမောင်ထံမှ သိရသည်။


ပုံမှန်အားဖြင့် အသုဘများအား သုံးရက်၊ ငါးရက်စသဖြင့် လက်ခံလေ့ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်နေသည့် ကာလတွင်တစ်ညသာ လက်ခံဆောင်ရွက်ခြင်းဖြစ်ကြောင်း အထက်ပါဥက္ကဋ္ဌ ဦးဝင်မောင်က ပြောသည်။


“ချက်ချင်းချမယ့် အလောင်းကို ချက်ချင်းချပေးလိုက်တယ်”ဟု ဦးဝင်းမောင် က ပြောသည်။
အဆိုပါ တပ်ပြင်နာရေးဝန်ဆောင်မှုတွင် မြိတ်မြို့ပြင်ပ အခြားမြို့နယ်နှင့် ကျေးရွာများမှ မြိတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသရာမှ သေဆုံးသူအများစုအား ထားလေ့ရှိသည်။


“ဒီလိုကာလမှာ တစ်ညလက်ခံပေးတာကိုပဲ အဆင်ပြေပါတယ်” ဟု နာရေးမိသားစုဝင်တစ်ဦးဖြစ်သူ ကျွန်းစုမြို့နယ် ပဲ့တိုင်ကျေးရွာ‌မှ ဦးဝင်းစိုးက ပြောသည်။


၎င်း၏ အဒေါ်ဖြစ်သူမှာ မြိတ်ဆေးရုံကြီးတွင် ဆေးဝါးကုသရာမှ သေဆုံးခဲ့သဖြင့် တပ်ပြင်နာရေးဝန်ဆောင်မှုတွင် ဧပြီလ ၂၇ ရက်က ထားရှိခဲ့ခြင်းဖြစ်သည်။


ထို့ပြင် နာရေးတွင် လူစုလူဝေးပြုလုပ်ခြင်းနှင့် ဧည့်သည်များလက်ခံခြင်းကို တားမြစ်ထားပြီး အသုဘများပို့ဆောင်ရာတွင် ဓမ္မစကြာအဖွဲ့အား ခေါ်ယူပေးခြင်းမရှိတော့ကြောင်း တပ်ပြင် နာရေးဝန်ဆောင်မှုအဖွဲ့မှ သိရသည်။

မြင့်မိုရ်(မြိတ်)