ကိုဗစ် စိတ္တဇအကြား မိုးအဝင် ရာသီတုပ်ကွေးနှင့် သွေးလွန်တုပ်ကွေး

0
1006

ဒေါက်တာထွန်းမင်းနှင့် တွေ့ဆုံ မေးမြန်းခြင်း

ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် ခပ်ခွာခွာနေကြသည်။ နှာခေါင်းစည်းတပ်ကြသည်။ အပြင် သိပ်မထွက်ကြ။ ထိုအချိန်တွင် မိုးရာသီကား လာတော့မည်။ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး အတွက် ပူရပြန်တော့မည်။ ထိုအရေးတို့နှင့် ပတ်သက်ကာ တနင်္သာရီတိုင်းအတွင်း ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ လုပ်ဆောင်ထားမှုအခြေအနေများကို ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဒေါက်တာထွန်းမင်းကို တနင်္သာရီအပတ်စဉ်မှ သတင်းထောက် ကိုဇော်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ထိုမေးမြန်းချက်များအနက်မှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

တနင်္သာရီအပတ်စဉ် – ဆရာတို့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ကာကွယ်ရေးလုပ်ငန်းတွေ၊ ကုသရေးလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ထားတာလေး ပြောပြပေးပါခင်ဗျား။

ဒေါက်တာထွန်းမင်း – ကာကွယ်ရေးကတော့ အမျိုးသားအဆင့်ဗဟိုကော်မတီ အတိုင်ပင်ခံနဲ့လုပ် တော့ ဒီဘက်မှာလည်း ကော်မတီတွေ ပြန်ပြောင်း လိုက်တာပေါ့။ အဓိကကတော့ Quarantine (စောင့်ကြည့်တဲ့) အလုပ်တွေကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ပေါ့၊ ပထမတော့ Home Quarantine (အိမ်တွင်စောင့်ကြည့်) လုပ်တယ်။ Home Quarantine က ထိရောက်မှုအားနည်းမှာ စိုးလို့ဆိုပြီးတော့ Facility Quarantine တွေလုပ်တယ်။ Facility Quarantine တွေကတော့ အခု လက်ရှိမှာတော့ သိပ်မရှိတော့ဘူးပေါ့နော်
ဒီနေ့ဆိုရင် (ဧပြီလ ၂၄) တော်တော်နည်း သွားပြီပေါ့နော်၊ ဒီနေ့ဆိုရင် Facility Quarantine မှာ ၆၉၇ ယောက်ပဲရှိတော့တယ်။ Home Quarantine ကတော့ ၃၆၈ ယောက်ရှိတယ်။ Home Quarantineက ဘာကြောင့်ကျန်လဲဆိုတော့ Facility Quarantine ၂၁ ရက်ပြည့်သွားရင် Home Quarantine မှာ ၇ ရက် ဆက်ထားတယ်ပေါ့နော်။ Quarantine ပြီးသွားလို့ လွှတ်လိုက်တာ ၄၅၃၃ ယောက်ရှိတယ်။

အခုနောက်ပိုင်းတော့ ပြည်ပပြန်တွေတင်မက ဘူးပေါ့နော်။ ပြည်တွင်းက လာတဲ့အဖွဲ့တွေ အထူးသဖြင့် ရန်ကုန်လိုမျိုး ကူးစက်မှုရှိတယ်ဆိုတဲ့ နေရာမျိုးတွေကိုလည်းQuarantine လုပ်နေတဲ့ အနေအထားမှာရှိတယ်ပေါ့။

အခြား ရောက်ရောက်ချင်း ဆက်သွယ်ရေးတို့၊ ရေနံတို့ သဘာ၀ဓာတ်ငွေ့တို့က ခဏပဲလာပြီး ပြန်မယ့်အဖွဲ့တွေပေါ့နော်။ လုပ်ငန်းကိစ္စနဲ့လာပြီး စာချုပ်လက်မှတ်လာထိုးတယ်။ တရားရုံးမှာ တရား တက်တယ် အဲဒါမျိုးတွေကျရင်တော့ သတ်မှတ်ထား တဲ့ နေရာမှာ နေပြီးတော့ သူ့အလုပ်ကို ၂ ရက် ၃ ရက်လုပ်ပြီး တစ်ခါတည်းပြန်တယ်။ အဲလိုမျိုးမှာ ပြည်သူလူထုထဲ မသွားရဘူးပေါ့။ ဒီလိုမျိုးကာကွယ် ထားတယ်ပေါ့။

ပညာပေးတာကတော့ တီဗီ၊ ပိုစတာ၊ လက်ကမ်း စာစောင်တွေ လော်စပီကာတွေနဲ့အော်တာတွေ အစုံပဲ ပေါ့၊ နေရာတိုင်းမှာ။ ဆေးဖျန်းခြင်းလုပ်ငန်းတွေ ကတော့ အဓိကကတော့ မီးသတ်ရယ် စည်ပင်ရယ်က အဓိကလုပ်တယ်၊ ဆရာတို့က ဖျန်းတဲ့ဆေးတွေ ပံ့ပိုးပေးတယ်။ အဓိကကတော့ တပ်မတော်ပေါ့။ တပ်မတော်ကလည်း ဆေးဖျန်းတဲ့လုပ်ငန်းတွေလုပ် နေတာပေါ့။

စစ်ဆေးတာကတော့ အခုဆိုရင် အခြားတိုင်း ထက်သာတာက မြိတ်လေဆိပ်မှာဆိုလည်း Thermal Scan (မြန်ဆန်စွာကိုယ်ခန္ဓာ အပူချိန်တိုင်းတာ သည့်စနစ်) တပ်ထားတယ်။ ထားဝယ်လေဆိပ်ဆို လည်း တပ်နေပြီပေါ့နော်။ ပြီးရင် ကော့သောင်းရေ ဆိပ်ပေါ့၊ မြိတ်ရေဆိပ်မှာလည်း Thermal Scan၊ နောက်မလွှဲတောင်မှာလည်း Thermal Scan အသေးလေးပေါ့ အဲဒါတွေ အကုန်လုံးတပ်တယ်။ နောက်ကျန်တဲ့နေရာတွေမှာလည်း Thermal Scan မတပ်နိုင်ပေမယ့် သာမိုမီတာတွေနဲ့ စစ်တာပေါ့ ဒါမျိုးတွေ လုပ်နေတယ်။Thermal Scanစစ်ဆေးတာကတော့ အခုဆိုရင် အခြားတိုင်း ထက်သာတာက မြိတ်လေဆိပ်မှာဆိုလည်း Thermal Scan (မြန်ဆန်စွာကိုယ်ခန္ဓာ အပူချိန်တိုင်းတာ သည့်စနစ်) တပ်ထားတယ်။ ထားဝယ်လေဆိပ်ဆို လည်း တပ်နေပြီပေါ့နော်။ ပြီးရင် ကော့သောင်းရေ ဆိပ်ပေါ့၊ မြိတ်ရေဆိပ်မှာလည်း Thermal Scan၊ နောက်မလွှဲတောင်မှာလည်း Thermal Scanအသေးလေးပေါ့ အဲဒါတွေ အကုန်လုံးတပ်တယ်။ နောက်ကျန်တဲ့နေရာတွေမှာလည်း Thermal Scan မတပ်နိုင်ပေမယ့် သာမိုမီတာတွေနဲ့ စစ်တာပေါ့ ဒါမျိုးတွေ လုပ်နေတယ်။

ဆေးရုံတွေမှာလည်း ရောဂါလက္ခဏာတူတဲ့ လူတွေဆိုရင် ချက်ချင်းစစ်တာပေါ့။ အခုဆိုရင် စစ်တာအားလုံး စစ်ပြီး ၁၂၂ ယောက် ပိုးမတွေ့တဲ့ အဖြေ ထွက်ပြီးပြီ။ ဆေးရုံမှာ ရောဂါလက္ခဏာ တူတဲ့လူတွေရော နောက်ပြီး စောင့်ကြည့်စခန်းက ရက်ပြည့်ခါနီး လူတွေထဲက မသင်္ကာတဲ့သူတွေပေါ့ စစ်တာ။ နောက်ထပ်လည်း အများကြီး ထပ်စစ် သွားဖို့ပေါ့နော်။ ကျန်းမာရေးဝန်ကြီးဌာနကစစ်နိုင် တဲ့ စက်တွေ ပိုများလာတာနဲ့အမျှ စစ်သွားမှာပေါ့နော်။
ကုသရေးအပိုင်းအနေနဲ့ ပြောမယ်ဆိုရင်တော့ ဆရာဝန်ကြီးတွေနဲ့ ကော်မတီတွေဖွဲ့ထားတယ်။

ထားဝယ်၊ မြိတ်၊ ကော့သောင်းဆေးရုံကြီးတွေမှာ။ အဲဒီဆေးရုံကြီး ၃ ရုံကနေပြီးတော့ တကယ်လို့ ပိုးတွေ့တဲ့လူနာရှိရင် လက်ခံပြီးကုသပေးဖို့ပေါ့နော်။ ဆေးရုံကြီးတွေမှာ သီးသန့်ကုသဆောင်တွေလည်း ပြင်ထားတယ်။ နောက်အသက်ရှူစက်တွေကတော့ ထားဝယ်ဆေးရုံကြီး ၂ လုံး၊ မြိတ်ဆေးရုံကြီး ၂ လုံး၊ ကော့သောင်းဆေးရုံကြီးမှာ ၁ လုံးပေါ့။ ဒါကတော့ အသက်ရှူစက်သုံးဖို့ လိုအပ်တဲ့လူနာရှိရင် သုံးပေးမှာ ပေါ့။ သုံးဖို့မလိုဘူးဆိုရင်လည်း မသုံးဘူးပေါ့။

သီးသန့်လူနာဆောင်မှာဆို ကုတင်တွေပေါ့။ ၉ ကုတင်စာ စီရှိတယ်။ အပြင်ဘက်မှာလည်း သီးခြားထားနိုင်တဲ့ အရန် ဆောင်ရွက်ထားပါတယ်။ တကယ်လို့ လူနာသိပ်များလာရင် အရန်အနေနဲ့ ထားဝယ်မှာဆိုရင် သူနာပြုသင်တန်းကျောင်းမှာ နှစ်ထပ်ဆောင်ရှိတယ်။

အဲဒါကိုလည်း ဒီအတိုင်းထား ထားတယ်။ တကယ်လို့ လူနာသိပ်များရင် သူနာပြုသင်တန်းကျောင်းက နှစ်ထပ်ဆောင်မှာ ထပ်ထည့်မယ်ပေါ့။ အနည်းဆုံး လူရာဂဏန်း လောက်အထိ ထည့်ဖို့ပေါ့။ နောက်တစ်ခုစဉ်းစားတာ ကတော့ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး(သီတဂူ)ပေါ့နော်။ ဒါပေမယ့် အဲလောက်အဆင့်ထိတော့ မနိုင်မနင်းဖြစ်မယ့် အနေအထားတော့ မရှိပါဘူး။ အဓိကကတော့ လူတွေ လိုက်နာဖို့ပဲလိုတယ်။

မြိတ်ဆေးရုံမှာဆိုလည်း နှစ်ထပ်ဆောင် အသစ်ပေါ့။ နှစ်ထပ်အဆောင်သစ် တစ်ဆောင်လုံးကို အရန်အသင့်ပြင်ထားတယ်။

ကော့သောင်းဆေးရုံမှာကတော့ နဂိုကတည်းက ကျယ်တဲ့အတွက် သူ့မှာကုတင်ထားမယ်ဆိုရင် နောက်ထပ်အနည်းဆုံးကုတင် ၂၀/၂၅ လောက် ကတော့ လူနာထားမယ်ဆို ထားလို့ရတယ်ပေါ့နော်။ အကုန်လုံးကတော့ တကယ်လို့ ဖြစ်တဲ့လူများရင် ပိုးတွေ့တဲ့သူများရင် ကုသနိုင်အောင်ဆိုပြီးတော့ ကြိုပြီးတော့ ပြင်ထားတယ်။

တနင်္သာရီအပတ်စဉ် – ICU (သီးသန့်လူနာ ဆောင်) အခန်းတွေပေါ့နော်။ ဆေးရုံအလိုက်ဆိုရင် ခရိုင်ဆေးရုံတွေမှာပဲ ပြင်ဆင်ထားတဲ့သဘောလား ခင်ဗျား။

ဒေါက်တာထွန်းမင်း – ဟုတ်တယ်။ ကျန်တဲ့ ဆေးရုံတွေမှာကတော့ ICU တော့ရှိတယ်။ ဒါပေမယ့် ကျန်တဲ့မြို့နယ်ဆေးရုံ ၇ ခုက အားနည်းချက်က ဘာလဲဆိုရင် သမားတော်ကြီးတွေ မရှိဘူး။ တကယ် လို့ ပိုးတွေ့တဲ့လူနာရှိရင် အဓိကကတော့ မြို့နယ် ဆေးရုံတွေမှာ ကုမယ်။ မြို့နယ်ဆေးရုံတွေမှာ သာမန်ပေါ့။ အချို့ကတော့ ပိုးတွေ့တယ်။ ဘာမှမဖြစ် ဘူးလေ။ ဖျားလည်းမဖျားဘူး။ စောင့်ကြည့်ရုံ လောက်ပဲဆို မြို့နယ်ဆေးရုံတွေမှာ ထားလို့ရတယ်။ ပိုးလည်းရှိတယ် လက္ခဏာတွေကလည်း ပြင်းထန် တဲ့လက္ခဏာတွေ အနေအထားရှိတယ်ဆိုရင် ဒီဆေးရုံ ကြီး ၃ ရုံကို ပို့မယ်ပေါ့။ မြိတ်ရယ်၊ ထားဝယ်ရယ် ကော့သောင်းရယ်ပေါ့။ အဲဒီမှာ အထူးကုဆရာဝန်ကြီး တွေကလည်း အဲဒီဆေးရုံကြီး ၃ ရရုံမှာပဲ ရှိတယ်။ ကျန်တဲ့ဆေးရုံတွေမှာက ရိုးရိုးဆရာဝန်တွေပဲရှိတယ်။ ICUအခန်းတွေမှာ ဆေးရုံ ၃ ရုံမှာကတော့ ၉ ကုတင်စီရှိတယ်။ Iဃ့ သီးသန့်ပေါ့။

တနင်္သာရီအပတ်စဉ် – အခုဆိုရင် ဓာတ်ခွဲနမူနာ တွေ ပို့နေတာပေါ့ခင်ဗျား။ ကုန်ကျစရိတ်တွေ အကုန်လုံးကို ကျန်းမာရေးဌာနကပဲ ကျခံနေတဲ့ သဘောလားခင်ဗျား။

ဒေါက်တာထွန်းမင်း – လူနာရှင်ဆီကနေ ကောက်ခံတာ ဘာမှမရှိဘူး။

တနင်္သာရီအပတ်စဉ် – အခုဆိုရင် မိုးရာသီ လည်းနီးပြီဆိုတော့လေ။ မိုးရာသီမှာဖြစ်လေ့ရှိတဲ့ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေး တွေအတွက်ရော ဘယ်လိုစီမံထားလဲ။

ဒေါက်တာထွန်းမင်း – သွေးလွန်တုပ်ကွေးတို့၊ ရိုးရိုးတုပ်ကွေးတို့ကတော့ ရှိတာပေါ့။ ဒါကတော့ သွေးလွန်တုပ်ကွေးကတော့ သူ့ကိုစစ်တဲ့ Test Kit တွေရှိတယ်လေ။ ရိုးရိုးတုပ်ကွေးကလည်း သူ့ကို စစ်တဲ့ Test Kit တွေရှိတယ်။ ဒါကလည်း အလွယ် တကူခွဲလို့ရတယ်။ ဒီ ကိုဗစ်လည်း Test Kit တွေရှိတယ်။ ဒါပေမယ့် သိပ်ပြီးတော့ Test Kit နဲ့စစ်ရင် မှန်ကန်တိကျတာ အားနည်းလို့ အားနည်း မှာစိုးလို့ အဲဒါကြောင့်မို့မစစ်တာ။ ကျန်တဲ့ သွေးလွန်တုပ်ကွေးတို့ ရိုးရိုးရာသီတုပ်ကွေးတို့ကျ တော့ Test Kit တွေရှိတယ်။ အဲဒီ Test Kit တွေ နဲ့ အလွယ်တကူခွဲလို့ရတယ်။

တနင်္သာရီအပတ်စဉ် – ဆိုတော့ အခုအကြောင်း က ပညာရှင်ပဲ သိမယ်ပေါ့ခင်ဗျ။ ဒီရာသီတုပ်ကွေးနဲ့ ကိုဗစ်နဲ့က ရောသွားနိုင်တဲ့ အနေအထားက ဘယ်လို ရှိလဲ။

ဒေါက်တာထွန်းမင်း – မှန်တာပြောရင်တော့ အခုလူတွေ နေတာထိုင်တာ၊ လက်ဆေးတာတို့၊ Mask တပ်တာတို့၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေတာတို့လုပ်ရင် ရာသီတုပ်ကွေး၊ သွေးလွန် တုပ်ကွေး တွေတောင် ကာကွယ်ပြီးသားဖြစ်တယ်။ သွေးလွန်တုပ်ကွေးတစ်ခုပဲ။ သွေးလွန်တုပ်ကွေးက တော့ ခြင်ကိုက်လို့ဖြစ်တာလေ။ သွေးလွန်တုပ်ကွေး မဖြစ်အောင်တော့ အားလုံးသိတဲ့အတိုင်းပဲ ကိုယ့်အိမ် မှာရှိတဲ့ ရေစည်ရေအိုး ရေခွက်တွေကို ဂရုစိုက်ပြီး တော့ ဖုံးသွန်လဲစစ် မှန်မှန်လုပ်မယ်၊ သန့်ရှင်းရေး လုပ်မယ်၊ ခြင်ခိုအောင်းတဲ့နေရာတွေကို ရှင်းမယ်၊ ခြင်ကိုက်မခံရအောင် ကာကွယ်မယ် အဲဒါဆိုရင် ဒီသွေးလွန်တုပ်ကွေးတို့၊ ဆင်တုပ်ကွေးတို့က ရှောင်နိုင်တာပေါ့။

အခုကောင်းတဲ့ဘက်ကကြည့်ရင်တော့ လူတွေ က ဒီရောဂါ(ကိုဗစ်)ဖြစ်လာတဲ့အခါမှာ နည်းနည်း ကြောက်တဲ့အခါကျတော့ ကျန်းမာရေးဌာနက ပြောတာကို နည်းနည်းနားထောင်လာတာပေါ့။ အရင်တုန်းကတော့ မှန်တာပြောရရင်တော့ ကျန်း မာရေး ဌာနက ပညာမပေးတာမဟုတ်ဘူး ပေးတယ် လေ၊ ဂရုမစိုက်ကြဘူးပေါ့။

ပြည်သူလူထုက အခုကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ အကြံပေးချက်တွေ စည်းမျဉ်းစည်း ကမ်းတွေ ဒါတွေကို လိုက်နာမယ်ဆိုရင် ကျော်လွှား နိုင်ပါတယ်။

အခုချိန်မှာရန်ကုန်မှာက တော်တော်များများဖြစ် တယ်ဆိုတော့ ရန်ကုန်ကနေ ကူးစက်ပြီးတော့ ပါလာနိုင်တယ်။ အဲဒါကို ဂရုစိုက်ပြီး ထိန်းရင်တော့ တနင်္သာရီတိုင်းမှာ အများကြီးကာကွယ်နိုင်တယ်။ နောက်တစ်ချက်က နိုင်ငံခြားက ပြန်လာတဲ့သူတွေက မလိမ်ဘူး မညာဘူး ချမှတ်တဲ့စည်းကမ်းတွေကို လိုက်နာမယ် ဂရုစိုက်မယ်။ ကျန်းမာရေးဌာနက အကြံပြုတဲ့အတိုင်း ဂရုစိုက်မယ်။ ပြည်သူလူထုက လည်း ဂရုစိုက်မယ်ဆိုရင် အများကြီး အခြားနိုင်ငံတွေ လို မဆံ့မပြဲ မနိုင်မနင်းဖြစ်စရာအကြောင်း မရှိဘူး။

တစ်ချက်ပဲ ပြည်သူလူထုက ဂရုမစိုက်ဘူး နေချင်သလိုနေမယ်၊ အချို့လည်း အခုဆိုရင် တိုင်းထဲက မြို့တွေမှာ အရင်လိုပဲလေ။ ညနေပိုင်းဆို စားလိုက်သောက်လိုက် သွားလိုက်လာလိုက်နဲ့၊ ဥပဒေကိုလည်း လက်တစ်လုံးခြားလုပ်ပြီးတော့ ဝိုင်းဖွဲ့စားသောက်နေတာတို့ ဒါမျိုးလေးတွေ တွေ့နေ တာပဲလေ။ နောက် အခမ်းအနားတွေ မလုပ်ပါနဲ့ ဆိုတဲ့ကြားထဲက မသိမသာခိုးလုပ်တဲ့အဖွဲ့တွေ လည်းရှိတယ်ပေါ့။ အဲဒါမျိုးတွေပဲ ကြောက်ရတယ်။ ကျန်တာကတော့ အခုအနေအထားနဲ့က ဘာမှဒီတိုင်း ထဲမှာ တိုင်းရဲ့ လူဦးရေထူထပ်မှုနဲ့ မြိတ်လိုမျိုးသာ နည်းနည်းလူဦးရေထူထပ်တာပေါ့နော်။ ဒီတိုင်းက အဲလောက်ကြီး ဖြစ်စရာအကြောင်းမရှိဘူး။ အမှန် ကတော့ မရှိဘူး၊ သို့သော် အရေးကြီးတာ ပြည်သူ လူထုပဲ။ လိုက်နာဖို့ လိုတယ်လေ။

တနင်္သာရီအပတ်စဉ် – အခုဆို မိုးရာသီဝင်တော့ မယ်ဆိုတော့ ရာသီတုပ်ကွေးက စပြီဆိုရင် ပြည်သူ တွေအနေနဲ့ဆို ကိုဗစ်-၁၉ နဲ့ ရာသီတုပ်ကွေးကို ဘယ်လိုအချက်တွေနဲ့ —

ဒေါက်တာထွန်းမင်း – တုပ်ကွေးအတွက်ရော၊ သွေးလွန်တုပ်ကွေးအတွက်ရော ကာကွယ်ရမယ့် နည်းလမ်းတွေကို အကြိမ်ကြိမ်ပြောပြီးပြီလေ။ ကိုဗစ်အတွက် ကာကွယ်ရမယ့် နည်းလမ်းတွေလည်း ပြောပြီးပြီ။ လက်ဆေးမယ်၊ နှာခေါင်းစည်းတပ်မယ်၊ နီးနီးကပ်ကပ်မနေဘူး လူစုလူဝေးရှောင်မယ် ဒါတွေ လိုက်နာဖို့ပဲ။

အဲဒီကြားထဲကဖြစ်ရင်တော့ ဆေးရုံကိုလာပေါ့။ ဆေးရုံမှာ ကျွမ်းကျင်တဲ့လူတွေက ပညာရှင်တွေက စောင့်နေတယ်။ ကုပေးနေတယ်။

တနင်္သာရီအပတ်စဉ် – ကိုဗစ်-၁၉နဲ့ ပတ်သက် ပြီး တနင်္သာရီတိုင်းထဲက ပြည်သူတွေကို ဘာများ ပြောချင်တာရှိလဲ ခင်ဗျား။

ဒေါက်တာထွန်းမင်း – ဘာတွေလုပ်ရမယ် ဆိုတာ လူတွေက မသိတာမဟုတ်ဘူး။ လူတွေက သိတယ်။ အများစုကသိတယ်။ ဒါပေမယ့် သိပေမယ့် လိုက်နာတာက အားနည်းတယ်။ နောက်ပြီးတော့ လစ်ရင်လစ်သလိုပေါ့။ စည်းကမ်းဖောက်တာတွေ ရှိနေတယ်။ အဲဒီအချက်တွေကို မလိုက်နာရင်တော့ ခုနကပြောသလို ဒီအချက်တွေကို မလိုက်နာရင် နောက်ဆုံး စည်းကမ်းမလိုက်နာတဲ့သူ စည်းကမ်း ပျက်ကွက်တဲ့လူတွေကြောင့် စည်းကမ်းရှိရှိနဲ့ လိုက်နာတဲ့ မိသားစုတွေ လူမှုအသိုင်းအဝန်းတွေပါ ထိခိုက်မှာပဲ။ ဘယ်လိုမှ လုပ်လို့မရဘူး။ ဟိုလူတွေကို စည်းနဲ့ကမ်းနဲ့နေအောင် အချင်းချင်း ဝိုင်းပြီးထိန်း ဖို့လိုတာပေါ့။

အချို့ဆိုရင် မလိုက်နာရုံတင်မကဘူး။ သွားပြီး လိုက်နာဖို့ပြောတဲ့ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေကို တောင် ရန်လုပ်တဲ့ သူတွေရှိတယ်။ ဒါမျိုးကျတော့ ဒီအချိန်မျိုးမှာ ထိထိရောက်ရောက် အရေးယူသင့် တယ်။ အဲလိုမျိုးမလုပ်ရင်တော့ ခံရမှာပဲလေ။

တနင်္သာရီအပတ်စဉ်- အခုဆိုရင် လူတွေက ကြောက်စိတ်နဲ့ တစ်ခုခုဖြစ်နေကြတာပေါ့ခင်ဗျား။ အဲလိုမျိုး အခြေအနေမျိုးမှာဆိုရင် ပြည်သူတွေ အနေနဲ့ဆိုရင် ဘယ်လိုနေသင့်လဲ။ စိတ်ပညာသဘော တရားအရဆိုရင်။

ဒေါက်တာထွန်းမင်း – ဒါကတော့ ကြောက် စရာအကြောင်းလည်း မရှိဘူးလေ။ ဒါက အလကား နေရင်း အိမ်ထဲမှာကြောက်ပြီးတော့ စောင်ခြုံပြီး ပုန်းနေရမယ်လို့လည်း ဆိုလိုတာမဟုတ်ဘူး။ သူ့ရဲ့ ကူးစက်နိုင်တဲ့နည်းလမ်း သူ့ရဲ့ကာကွယ်နိုင်တဲ့နည်း လမ်းတွေ မသိတာမှ မဟုတ်တာ။ သိနေတာပဲလေ။ အဲဒါကို လိုက်လုပ်ဖို့ပဲ လိုတယ်။ ဒီကြားထဲမှာ ကံမကောင်းရင် ကူးနိုင်လားဆိုရင် ကူးနိုင်တယ်။ ရောဂါကူးတိုင်း ရောဂါလက္ခဏာဖြစ်လာဆို မဖြစ်ဘူး။

ရောဂါလက္ခဏာပေါ်တိုင်းလည်း ပြင်းထန်လား ဆိုရင် မပြင်းထန်ဘူး။ ရောဂါပြင်းထန်တဲ့လူနာ တိုင်းက အသက်ရှူစက်တပ်ရတဲ့ အခြေအနေရောက် လားဆိုတော့လည်း ရောက်တာမဟုတ်ဘူး။ ဆိုလို တာက ရောဂါပြင်းထန်တဲ့လူနာတိုင်းလည်း သေလား ဆိုတော့ သေတာမဟုတ်ဘူး။ အဲလောက်ကြီး အရမ်းထိတ်လန့်ကြောက်ရွံ့ပြီးတော့ စိတ္တဇ ဖြစ်စရာ အကြောင်းလည်းမရှိဘူး။
ဒါပေမယ့် မဖြစ်ပါဘူးကွာဆိုပြီးတော့ ပေါ့ပေါ့ ဆဆနဲ့ လုပ်ချင်တာလုပ်မယ်ဆိုတဲ့ အနေအထား မျိုးလည်း မဟုတ်ဘူး။ အဲဒါကို နားလည်ဖို့လိုတယ်။ လုပ်စရာရှိတာလုပ်မယ်။ ရောဂါကူးစက်ပြန့်ပွား နိုင်တဲ့ အခြေအနေတွေ နည်းလမ်းတွေကို ရှောင် မယ်။
ဒါပဲ ပြီးပြီ။

ကိုဇော်