ဆယ်မိုင်တွင် စိတ်ကြွဆေးပြား သုံးရာကျော် ဖမ်းမိ

0
727

ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာတွင် ဧပြီလ ၂၀ ရက်က စိတ်ကြွဆေးပြားသုံးရာကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


အထက်ပါကျေးရွာအုပ်စုရှိ ပါဆယ်ပါညန်းကျေးရွာနေ အသက် ၃၀ နှစ် အရွယ် အမျိုးသား၏နေအိမ်ကို မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ထိုသို့ရှာဖွေစဉ် အထက်ပါနေအိမ်တွင် လာရောက်နေထိုင်သည့် ပိတောက်ရွှေဝါရပ်ကွက်နေ အမျိုးသားတစ်ဦးနှင့် ဘုတ်ပြင်းမြို့နယ်နေ အမျိုးသားတစ်ဦးကိုတွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


ပိတောက်ရွှေဝါရပ်ကွက်နေ အမျိုးသားထံမှ WY စိတ်ကြွဆေးပြား ၁၁ ပြားနှင့် အိမ်ရှေ့ခန်းရှိ ဗီဒိုပေါ်တွင် ၃၂၄ ပြားကိုဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


မူးယစ်ဆေးနှင့်အတူ ဖမ်းမိသည့်အမျိုးသားနှစ်ဦးကိုစစ်ဆေးရာ အဆိုပါဆေးများကို ပြန်လည်ရောင်းချရန် အိမ်ရှင်ဖြစ်သူထံမှဝယ်ယူထားသည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


မူးယစ်ဆေးဖမ်းမိမှုနှင့် ပတ်သက်၍ အဆိုပါအမျိုးသားသုံးဦးကို သက်ဆိုင်ရာမူးစိတ်ပုဒ်မများဖြင့် ကော့သောင်းမြို့မရဲစန်းတွင်အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။