ကပ်ကြီးအတွင်း ကေသ၊ ဆံဖြတ်ခြင်း

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လက်ငင်း ဖြစ်ပေါ်နေသည့် ကိုရိုနာအရေးတွင် သိပ်မရင်းနှီးသူ မဆို ထားနှင့်။ အမြဲတမ်း တွေ့ဆုံနေကြ မိတ်ဆွေရင်းကြီးများနှင့်ပင် လူချင်းက မနီးချင်ကြပေ။ ၆ ပေကွာမှ စိတ်ချရသည် ဆိုသကိုး။

သို့ကြောင့် မည်မျှ ရင်းနှီးရင်းနှီး မလိုအပ်လျှင် ခပ်ခွာခွာက ပြောဆိုဆက် ဆံကြ၊ ပေးစရာ ယူစရာ ရှိလျှင်လည်း ခွာနိုင်သမျှ ခွာပြီး အပေးအယူ လုပ်ကြ သည်ကို အပြစ်ဟု မမြင်ကြတော့။

သို့သော် လူတို့ အစဉ်အဆက်ပြု ကျင့်ခဲ့သည့် လုပ်ရိုးလုပ်စဉ်များထဲမှ တစ်ခု ဖြစ်သော ဆံသခြင်းကိစ္စကမူ ခပ်လှမ်း လှမ်းက၊ ခပ်ခွာခွာက လုပ်၍ရသည့်အမျိုး မဟုတ်ပါ။ ခြောက်ပေ အကွာမှ မည်သို့ ကေသာဆံဖြတ် ပြုကြမည်နည်း။

ဆိုသောအခါ ဆံပင်ငုတ်တို နားရွက် ထိုးလျှင်ပင် မနေတတ်လောက်အောင် ယားနေတတ်သော၊ ၁၅ ရက်တစ်ကြိမ်ခန့် မဖြစ်မနေ ဆံပင်ညှပ်တတ်သော လူငယ်၊ လူလတ်၊ လူကြီးတို့ မည်သို့ ပြုမူကြပါ သနည်း။

လောင်းလုံးမြို့နယ် ကမြောကင်း ရွာမှ ဆံသဆရာ ကိုတင်စိုးကတော့ သင်္ကြန်ကျခါနီးကတည်းက ဆိုင်ပိတ် ထားလိုက်တော့သည်။

“အစိုးရလည်း အိမ်အပြင်မသွားကြ ဖို့၊ အိမ်ထဲမှာပဲနေကြဖို့ အမိန့်ထုတ် လိုက်တော့ ကြောက်လာတယ်။ ဘယ်သူ့ မှာ ဘာတွေပါလာမှန်းလည်း မသိဘူး လေ။ ဒီရောဂါက ကုဖို့ဆေးလည်းမရှိဘူး။ လူတွေကလည်း ဟိုနားမှာ ဘုန်းကနဲလဲ ကျပြီး သေသွားပြန်ပြီဆိုပြီး ကြားလာရ တော့ ကြောက်ပြီး ဆိုင်မဖွင့်တော့ဘူး”ဟု ကိုတင်စိုးက ပြောသည်။

ဖွင့်ထားသည့် ဆံသဆိုင်အချို့ လည်း တွက်ခြေမကိုက်ကြပါ။

မြိတ်မြို့၊ မြို့သစ်ရပ်ကွက်မှ အသက် ၃၅ နှစ်ရှိ ဆံသဆရာတစ်ဦးကမူ ယခင် ထက် တစ်ဝက်ခန့် လူလာနည်းသွား ကြောင်း ဆိုလာသည်။

“ဒါတောင် တချို့ဆိုင်တွေက ပိတ်ထားလို့။ အရင်ကဆို ပင်လယ်ရွာတွေ တောရွာတွေက မြို့တက်ရင်း လာညှပ်သူ တွေရှိတယ်။ ခု သူတို့မလာကြတော့ဘူး။ လှေတွေ၊ ကားတွေလည်း ပိတ်ထားတော့ သူတို့လာလို့ မရဘူးပေါ့။ ဗိုင်းရပ်စ် ကြောင့် မြို့ပေါ်က လာညှပ်နေကျ ပုံမှန် ဖောက်သည်တွေလည်း သိပ်ပြီးတော့ မလာကြတော့ဘူး”ဟု ၎င်းက ပြောသည်။

ထိုဆံသဆရာလည်း စားဝတ်နေ ရေးအတွက် မတတ်သာ၍သာ ဆံပင် ညှပ်နေရသည်။

ဖြစ်နိုင်လျှင် နားလိုက် ချင်သည်။ ဆံပင်လာညှပ်သူတွင် ပိုးပါ လာမည်ကို သူစိုးရိမ်နေသည်။ သို့သော် ထိုင်စားရန် ငွေမရှိ။

“သူ့ကို ကိုယ်ကြောက်၊ ကိုယ့်ကို သူကြောက် ဆိုသလိုပဲ ခုဖြစ်နေတဲ့ဟာက။ အလုပ်လုပ်နေမှ ဝင်ငွေရှိတယ် ဆိုတော့ ကြောက်ကြောက်နဲ့ပဲ သတိထား ပြီး လုပ်နေရတယ်ပေါ့”ဟု ၎င်းက ပြော သည်။

ဟုတ်ပါသည်။ ဆံသ လိုသူများက လည်း လူပေါင်းစုံ ဝင်ထွက်နေသည့်ဆိုင်၊ လူစုံထိုင်သည့် ခုံ၊ လူစုံကို ညှပ်နေသည့် ဆံပင်ညှပ်စက်၊ ကပ်ကြေး၊ ခြုံလွှာနှင့် ဆံသ ဆက်စပ်ပစ္စည်းအားလုံးကို ကြောက် ပါသည်။

သို့သော် ဆံပင်ရှည်ခြင်းကို သည်းမခံနိုင်သူတို့က မည်မျှပင် အန္တရာယ် များများ ဆံသဆိုင် ပြေးသွားကြလေ သည်။

မြိတ်၊ ဇေယျာသီရိရပ်နေ အသက် ၄၂ နှစ်အရွယ် ကိုကျော်တစ်ယောက်လည်း ဆံပင် အတော်ရှည်လာသဖြင့် မနေနိုင် သည့်အဆုံး အရဲစွန့်ကာ ဆံသဆိုင် သွားဖြစ်သည်။
သူ သွားမိသည့်ဆိုင်တွင် လက် ဆေးခွက်မတွေ့။ ဆံပင်ညှပ်ခုံ လေးခုံ ချထားသည်လည်း အရင်အတိုင်း ပူးပူးကပ်ကပ်။ အဆိုးဆုံးက ဆံပင်ညှပ် ဆရာတို့က လက်အိတ်မဆိုထား နှာခေါင်းစီည်းပင် တစ်ယောက်မျှ တပ်မထားကြ။

“ကိုယ်တွေတပ်ထားတဲ့ နှာခေါင်း စည်းတောင် သူကချွတ်ပြီး မှန်ဘောင်မှာ ချိတ်လိုက်သေးတယ်။ တပ်ထားရင် ညှပ်လို့မရဘူးတဲ့။ ဘုရားတပြီးပဲ ဆံပင် တစ်ခေါင်း အရဲစွန့်ပြီး ညှပ်လိုက်ရတယ်”ဟု ကိုကျော်က ပြောသည်။

ဆံပင် မညှပ်သော်လည်း ဆိုင်မှာ သာ ခေါင်းလျှော်လေ့ရှိသည့် ဆံရှည် ကိုယ်တော်တို့ဆိုလျှင် ယခုအချိန်တွင် ကိုယ့်အားကိုယ်ကိုး နေကြရလောက်ပြီ ဖြစ်သည်။

အလှပြင်ဆိုင်သွားသွားပြီး ဆံပင် ကို ပုံအမျိုးမျိုးပြောင်းလေ့ရှိ၊ ပုံမှန် ခေါင်းလျှော် လေ့ရှိသည့် မမလေးတို့ လည်း တိုင်ပတ်နေကြပါပြီ။

ဆိုင်သို့လည်း မသွားရဲ။ ဆံပင် အလှကလည်း ပြင်လို။ မြိတ် ကံဖျား ရပ်နေ အသက် ၃၂ နှစ်အရွယ် မဟန်သီ ကမူ သူ့ဝန်းကျင်တွင် ဆံပင်အလှပြင် ဆိုင်အချို့ ဖွင့်ထားသော်လည်း ၎င်း ဆိုင်များဘက် ခြေဦးမလှည့်ရဲ။

“ဆိုင် မသွားရဲဘူး။ ဆံပင်တွေ ကျောလယ်အထိရောက်လာပြီဆိုတော့ အိမ်မှာကပ်ကြေးနဲ့ပဲ ကိုယ့်ဟာကိုယ် ညှပ်ပစ်လိုက်တယ်၊ အေးရော”ဟု မဟန်သီက ပြောသည်။

လူတို့ ပြုကျင့်နေကြ ဆံသဆိုင်သွား သည့်ကိစ္စ မည်မျှ အောင့်အည်းသည်းခံနိုင် မည်မှာ စောင့်ကြည့်ရမည်ဖြစ်သည်။

လောင်းလုံးမြို့နယ် ကမြောကင်း ကျေးရွာမှ ဆံသဆရာ ကိုတင်စိုးတစ် ယောက်မူ ဧပြီလကုန်အပတ်တွင် ဆိုင် ပြန်ဖွင့်လိုက်သည်။

“စဖြစ်ခါစတုန်းကတော့ ဘုန်းခနဲ သေ၊ ဘတ်ခနဲသေတယ်လို့ကြားရတော့ စိတ်ထဲမှာ လန့်ပြီးတော့ မဖွင့်တော့တာ။ အခုချိန်မှာတော့ ဒီရောဂါက ကာကွယ် လို့ရတယ်ဆိုလာလည်း သိလာတယ်။ အရင်တုန်းကလိုတော့ ကြောက်တဲ့စိတ် သိပ်မရှိတော့ဘူး။ လက်ဆေးတာတို့ နှာခေါင်းစည်းတပ်ပြီးလုပ်ရင် ဘာမဖြစ် ဘူးလေဆိုပြီး ဆိုင်ပြန်ဖွင့်ထားတာ”ဟု ကိုတင်စိုးက ပြောသည်။

ဟိုထိ၊ ဒီထိ မလုပ်မိအောင် ကိုတင်စိုး ဆင်ခြင်သည်။ လက်ဆေး သည်။ နှာခေါင်းစည်း၊ လက်အိတ်သုံး သည်။

သို့သော် ကိုတင်စိုး မှန်းချက်နှင့် နှမ်းထွက်မကိုက်။

“အခုဖွင့်လိုက်တာ ကျွန်တော်ထင် ထားတာက အရင်လိုပဲ ဆံပင်လာညှပ်တဲ့ သူတွေရှိမယ်လို့ ထင်ထားတာ။ အခုက သိပ်လာမညှပ်ကြဘူး။ ရာသီဥတု ကလည်း ပူ၊ ဒီရောဂါကြောင့် အပြင် မထွက်ရဲတဲ့ သူတွေလည်း ရှိနေလို့ဖြစ် မယ်။ ဒီရောဂါကလည်း တစ်ယောက် ကနေ တစ်ယောက်ကို ကူးတဲ့ရောဂါ ဆိုတော့ ရောဂါကူးမှာ ကြောက်လို့ပဲ မလာကြတာလို့ ထင်တယ်”ဟု ကိုတင်စိုး က ဖွင့်ဟသည်။

အချို့လူတွေ ကိုတင်စိုးဆိုင်လာပြီး ခေါင်းတုံးကေ လာညှပ်ကြသည်။

“လက်ကသာ မကြာခဏဆေးနေ လို့ရတာလေ။ ခေါင်းက ခဏခဏလျှော် နေလို့လည်း မရဘူး။ ရေချိုးမှပဲလျှော်ကြ တာဆိုတော့ ပိုးတွေဘာတွေပါလာရင် ကူးကြမှာ ကြောက်ကြလို့ပဲ ခေါင်းတုံး ကေ ညှပ်ကြတာလို့ ထင်တယ်”ဟု ကိုတင်စိုးက ပြောသည်။

အချို့ကမူ ဆံသဆိုင်ပင် မသွား တော့ဘဲ ကိုယ့်အိမ်တွင်ပင် အိမ်သား တစ်ဦးဦး၏ အကူအညီဖြင့် ခေါင်းတုံး တုံးလိုက်ကြတော့သည်။

ထားဝယ်သား ကိုဟိန်းထက် တစ်ယောက်လည်း ခေါင်းတုံးရိတ်ပြီးစ သူပုံကို တင်ပြီး Facebook စာမျက်နှာတွင် အောက်ပါအတိုင်း စာတိုရေးထားသည်။

“ယောက္ခမလက်ရာ ထားဝယ် ကတုံး၊COVID 19 ဘေးရန်မှ ကင်းဝေးကြပါစေ”

တနင်္သာရီသတင်းအဖွဲ့