အခြေခံပညာ အတန်းအောင်စာရင်း ထုတ်ပြန်မည့်ရက် ရွှေ့ဆိုင်း

0
708

အခြေခံပညာအတန်းများ အောင် စာရင်းထုတ်ပြန်မည့်ရက်ကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းထားသည်ဟု တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် အခြေခံပညာ အတန်းများ၏ အဖြေလွှာ စစ်ဆေးမှုကို ရပ်နားထားသဖြင့် အဖြေ လွှာစစ်ဆေးမှု ပြီးစီးမှသာ အောင်စာရင်း ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

မြို့နယ်အချို့တွင် အဖြေလွှာစစ် ဆေးမှု ၃၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ် သော်လည်း အချို့မြို့နယ်များတွင် အဖြေလွှာစစ်ဆေးမှု လုံး၀မပြုလုပ်သေး ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် မည့်သည့်အချိန်တွင် အဖြေလွှာစစ်ဆေးမည်ကို မသိရသေးကြောင်း ဒေါ်မြင့်စိန်က ဆိုသည်။

ယင်းသို့သော အခြေအနေများ ကြောင့် အခြေခံပညာကျောင်းဖွင့်ရက်များလည်း နောက်ကျသွားနိုင်သည်ဟု ဒေါ်မြင့်စိန်က ခန့်မှန်းသည်။

ပြီးခဲ့သည့်နှစ်က အခြေခံပညာ အတန်းများ၏ အောင်စာရင်းကို ဧပြီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကိုမူ ဇွန်လဆန်းပိုင်းတွင် ကြေညာပေး သည်ဟု တိုင်းပညာရေးမှူးရုံးမှ သိရသည်။

မိုးမြင့်