ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
733
Bay-Din

၂၇ – ၄ -၂၀၂၀ မှ ၃ – ၅ -၂၀၂၀ အထိ

တနင်္ဂနွေ

ရွှေ ဝင်မည်။ ယခုအချိန် လုပ်ငန်းများ မဆောင်ရွက်သင့်သေးပါ။ ပရိဘောဂပစ္စည်းများ ဝင်မည်။ ကျန်းမာရေးနှင့်ပတ်သက်၍ အညံ့မရှိပါ။ ငွေကြေးဝင်လာစရာတစ်ခု ပေါ်လာမည်။ မေတ္တာရေး သည်ကား သင်မစိုးရိမ်ပါနှင့်။ သူဟာနှင့်သူ အဆင်ပြေသွားမည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အပြာရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – ငှက်ပျောသီးကို အခွံနွှာ၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

တနင်္လာ

ငွေကြေးများစွာ ဝင်မည်။ ဂုဏ်သတင်း ကျော်စောမည်။ ယခုလအတွင်း သေတ္တာ၊ သော့ချိတ်များ မဝယ်ပါနှင့်။ လုပ်ငန်းကတော့ အဆင်ပြေမည်။ သို့သော် စက်ဘီး၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် ဘယ်အခါမှ မဝေးတော့ပါ။
အကျိုးပေးသော အရောင် – အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – နှင်းဆီအဝါ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

အင်္ဂါ

လူမျိုးကွဲတို့ ကူညီမစမည်။ မြေ ရောင်းထွက်မည်။ စိတ်ပင်ပန်းစရာတစ်ခု ကြုံရတတ်သည်။ ယခုလ၌ ဖုန်း မဝယ်ပါနှင့်။ အဝေးတစ်နေရာသို့ လုပ်ငန်းကိစ္စနှင့် ခရီးသွားရတတ်သည်။ မေတ္တာရေးသည်ကား နီးစပ်ရန် အချိန်သိပ်မလိုတော့ပါ။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – မြောက်အရပ်
ယတြာ – စပျစ်သီးကို ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး

မြေ ဝင်မည်။ အကယ်၍ သင်သည် စာမေးပွဲတစ်ခုဖြေထားလျှင် ထိုကိစ္စအောင်မြင်မည်။ နာရီတစ်လုံး ဝင်မည်။ သားသမီးရတနာ ရရှိတတ်သည်။ တရားဘာ၀နာ အားထုတ်ရတတ်သည်။ အခက်အခဲတစ်ခုကြုံနေပါက ထိုကိစ္စပြေလည်သွားမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မဝေးတော့ပါ။
အကျိုးပေးသော အရောင် – အနီရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – နောက်အရပ်
ယတြာ – ဘုန်းကြီးကျောင်းတစ်ကျောင်းအား မုန့်ဟင်းခါးတစ်ချိုင့် သွားရောက်လှူပါ။

ကြာသပတေး

ပန်ကာ၊ aircon စသော စက်ပစ္စည်းများ ဝင်မည်။ အိမ်ပြုပြင်ခြင်း၊ အိမ်ဆောက်ခြင်းများ ပြုလုပ် ရတတ်သည်။ အလှူအတန်း ပြုရတတ်သည်။ ငွေကြေးများစွာ ရရှိမည်။ မြေရောင်းမည့် ကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား နီးလျက်နဲ့ ဝေးနေရဦးမည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အပြာရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – ဖရဲသီးအမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ

မြေ ဝင်မည်။ စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။ ပန်ကာ၊ aircon စသောစက်ပစ္စည်းများ ဝင်မည်။ ငွေချေးငှားခြင်း သတိပြုပါ။ မိမိကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား သင်ဇွဲရှိမှ ဆင်ပြေမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – ဒူးရင်းသီး ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ

လုပ်ငန်းသစ်များလုပ်လျှင် အကောင်းဆုံးကာလဖြစ်သည်။ စကားအပြောအဆို မှားတတ်သည်မို့ သတိထားပါ။ ဘာသာရေးကိစ္စများ ဆောင်ရွက်ရမည်။ ကျန်းမာရေး ဂရုပြုရမည်။ စာမေးပွဲကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ဖြစ်ချင်တာနှင့် ဖြစ်နေတာက အနည်းငယ်လွဲနေတတ်သည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – ပိန္နဲသီးအမှည့် ဘုရားဆွမ်းတော် ကပ်လှူပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ