သူတို့၏ ကိုဗစ် သောက

0
990

ရုန်းကန်ခြင်းများနှင့် များစွာ မစိမ်းလှသော လူသားတို့တွင် နောက်ထပ် သောကဖိစီးမှုတို့က လာပြန်သည်။ ကိုဗစ်ကပ်ဘေးက လူကြီး လူငယ် ငါသူတစ်ပါး ယောက်ျား၊ မိန်းမ မရွေး သောကတို့ ထပ်ပေးပြန် သည်။ ယင်းတို့ အနက်မှ တကသိုလ်ကျောင်းသား၊ အစိုးရဝန်ထမ်း၊ ဈေးရောင်းသူနှင့် အိမ်ရှင်မတို့၏ သောကတို့ကို စုစည်းဖော်ပြလိုက်ပါသည်။

ဖြစ်နေတဲ့ ကပ်ရောဂါက ကျွန်တော်တို့နိုင်ငံမှာ ပဲ သီးသန့်ဖြစ်နေတာမဟုတ်တော့ ကမ္ဘာနဲ့ချီပြီးဖြစ် နေတဲ့ ကိစ္စဆိုတော့လေ။ အဲဒီရောဂါက မြန်မာကို လည်းရောက်လာတော့ နောက်ထပ်လုပ်ရမယ့်အလုပ် တွေ၊ ရှေ့ဆက်လုပ်မယ့်အလုပ်တွေသည် အပြောင်း အလဲတွေရှိလာမှာ။ အခုဘွဲ့ရတာသည် အချိန် နည်းနည်း ကြာသွားမှာဖြစ်လို့ နောက်လျှောက်မယ့် လမ်းမှာလဲ အကုန်ကိုးလိုးကန့်လန့်ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ လေးနှစ်ကျော်ကျောင်းတက်လာပြီး အခုနောက် ဆုံးနှစ် ပထမနှစ်ဝက်ပြီးရင် ရန်ကုန်ကို အလုပ်သင် သွားရတယ်။ ပြီးလို့ပြန်လာရင် နောက် ထပ်ဒုတိယနှစ်ဝက်အောင်ပြီးရင်ဘွဲ့ယူ။ ဘွဲ့ရရင် ရန်ကုန်မှာ အလုပ်သင်ဆင်းထားတဲ့ ကုမ္ပဏီက အလုပ်သင်က တန်းခေါ်တာတွေရှိတယ်။ အခုက ကျန်းမာရေးကိစ္စ ဝင်သွားတော့ အချိန်လည်း နှောင့်နှေးသွားတယ်။ အချိန်တွေပိုပြီး ဆုံးရှုံးတာမျိုး ဖြစ်သွားတာပေါ့။ ကျွန်တော်ဒီနှစ်ဘွဲ့ရဖို့ကိုမျှော်လင့်ထားတယ်။ ဧပြီလကုန်ရင်တော့ အခြေအနေတွေ ကောင်းလာမယ် လို့လဲ တွေးထားတယ်။ အခုတော့ ဒီလကုန်ပြီ၊ ပြန်ဖြစ်သွားပြီဆိုတော့ ကျောင်းပြီးမယ့် အခြေအနေ သည် နောက်တစ်များဖြစ်သွားမလားလို့ စိတ်ပူ ဆဲဖြစ်မိတယ်။

ကျွန်တော်က ဘွဲ့ရရင်ပေါ့ လုပ်ငန်းခွင်ဝင်ဖို့ အစကတည်းကတွေးထားတယ်ပေါ့။ အခုလိုမျိုး အချိန်ကြာသွားတော့ ကျွန်တော်တို့အသက်လည်း ကြီးလာတာပေါ့။ အသက်လည်းကြီးလာတော့ လုပ်ငန်းခွင်ဝင်တာက အဆင်ပြေမလားပေါ့လေ။ အခုဖြစ်နေတာက ကမ္ဘာကပ်ရောဂါဖြစ်နေတာပဲ ဆိုပြီး စိတ်ထဲမှာဖြေသိမ့်နေရတာပေါ့။ တစ်ယောက်တည်း ခံစားနေရတာမဟုတ်ဘူးလေ ဆိုပြီးတော့ပေါ့။

ကိုသက်ထူးဇော်
ကွန်ပျုတာသိပ္ပံ နောက်ဆုံးနှစ်ကျောင်းသား
ကွန်ပျူတာ တက္ကသိုလ်

ဒီနှစ်ပြီးရင်တော့ ဘွဲ့ရပြီဆိုပြီးတော့ကို ကျိန်းသေမှန်းထားပြီးသား။ အဲဒါကို ကိုရိုနာကြီးက ကြားဖြတ်လိုက်တော့ဆိုတော့ စိတ်ထဲမကောင်းဘူး။ ကိုယ်တိုင်ကလည်းဘွဲ့လည်ရချင်နေပြီ။ လုပ်ငန်းခွင် ထဲလည်းဝင်ချင်နေပြီ။ အဲဒီကိုဗစ်ကိုတော်တော် စိတ်ပျက်တယ်။ ဘယ်သူမဆိုလည်း စိတ်ပျက်မှာ ပဲလေ။ ကိုယ်ဘွဲ့ယူခါနီးမှ ဒီလိုဖြစ်ရပါ့မလားဆို ပြီးတော့ပေါ့လေ။ ပြီးတော့ အချိန်ကလည်း အများ ကြီးဆုံးထားပြီးပြီလေ။ အများကြီးအချိန်တွေပေးလာခဲ့ပြီးမှ ဒီလိုဘွဲ့ရခါနီးမှာ လာတစ်နေတော့ ဝမ်းနည်းတယ်။ စိတ်ရှုပ်တယ်။ ဒါပေမယ့် အခု ကိုယ်ဖြစ်နေတာတွေကို ကိုယ်ကိုယ်တိုင်လည်း ဖြေရှင်းလို့မရဘူးလေ။ ကိုယ်စိတ်ပျက်နေရုံကလွဲ ပြီးဘာမှမတတ်နိုင်ဘူးလေ။ ကိုရိုနာကပ်ကြီးပြီးသွားတဲ့အချိန်ပဲစောင့်နေရမှာပေါ့လေ။ ဒါပေမယ့် အသက်တွေကတော့ ကြီးလာမှာပေါ့။

ဒီနှစ်ဘွဲ့ရရင် ကွန်ပျုတာသင်တန်းတက်မယ်။ ပြီးရင်အလုပ်လျှောက်မယ်ဆိုပြီးတွေးထားတာ။ အခုဆိုရင် သင်တန်းတက်မှာနဲ့ အလုပ်လျှောက်မှာနဲ့ အချိန်တွေတော်တော်လေးကို ဆုံးရှုံးတယ်။ အစားထိုး မရတဲ့အထဲမှာ အချိန်လည်းပါတယ်လေ။ အမှန်တိုင်း ပြောရရင်တော့ ကျောင်းတွေပြန်ဖွင့်စေချင်ပြီ၊ ဘွဲ့လည်းလိုချင်လှပြီ။ ဒါပေမယ့် တစ်ဖက်က ကျန်းမာရေးဆိုတာကလည်း အရေးကြီးတယ်လေ။ စောင့်ရမှာပေါ့။

မအိဇင်ဖြိုး
မြန်မာစာနောက်ဆုံးနှစ်၊ ထားဝယ် တက္ကသိုလ်

တပ်ဖွဲ့ဆိုတော့လည်း သွားဆိုတော့ သွားရ တာပေါ့။ မိသားစုကို ဒီမှာထားခဲ့ရမှာပေါ့။ ကိုယ် တစ်ယောက်တည်းပဲ အရင်ဆုံးသွားကြည့်ရမှာပေါ့။

ဒီမှာက လောလောဆယ်တော့ ရောဂါပိုး မရှိဘူးပေါ့။ မိသားစုအတွက်တော့ နောက်ဆံတင်း တာပေါ့၊။ ကိုယ်က အဝေးကို သွားရမှာကိုး။ မိသားစုကို ဒီမှာထားခဲ့ရမှာဆိုတော့ သူတို့ကို အနီးကပ်ပြောလို့ဆိုလို့ မရပြီလေ။ သားသမီးဆိုတာ ကလည်း မိဘနဲ့ဝေးတယ်ဆိုတာကလည်း အဖေနဲ့ အမေက မတူဘူးပေါ့ဗျာ။ ဒီရောဂါကြီးက ဘယ် အချိန်မှပြီးမယ့် ရောဂါကြီးမှန်းတော့ မသိဘူးပေါ့။ ဒါပေမယ့် ဝန်ထမ်းဖြစ်တဲ့အခါကျတော့လည်း သွားဆိုတော့လည်း သွားရတာပေါ့။ ကျွန်တော်တို့က သူ့ဆန်စားရဲရတာပေါ့ဗျာ။

ကပ်ဘေးကာလအတွင်း တနင်္သာရီတိုင်း အတွင်းမှ အခြားတိုင်းနှင့်ပြည်နယ်သို့ ပြောင်းရွှေ့ရ မည့် ရဲအရာရှိတစ်ဦး

ရောင်းနေတော့ ကိုယ့်ကိုကူးမလားလို့ စိုးရိမ် တာပေါ့။ စိုးရိမ်မှုရှိလည်း ဘယ်လိုလုပ်မလဲ ကိုယ့်ဝမ်းစာရေးအတွက် ရှာနေရတာပေါ့။ သတိ တော့ထားပြီး ဆင်ခြင်နေရတာပေါ့။ ကိုယ့်ကိုကိုယ် ဂရုစိုက်နေရတယ်။ လက်ကိုတော့ အမြဲဆေးနေတယ်။
ပတ်ဝန်းကျင်က အသိတွေကလည်း ကိုယ်စီ စိုးရိမ်နေကြတာပဲ။

မမီးယုမွန်
ထားဝယ်မြို့ စည်ပင်သာယာဈေးအနီး ဆိုင်ရောင်းချနေသူ

အရင်ကတော့ ဈေးမှာပဲ ဝယ်စားတယ်။ အိမ်တိုင်အရောက် ရောင်းတဲ့ အသယ်တွေမှာ မဝယ် စားဘူး။ အခုကတော့ ရောဂါကြောင့် အသယ်မှာပဲ ဝယ်စားဖြစ်တယ်။ မရှိမဖြစ်လိုအပ်တာမျိုးရှိမှပဲ ဈေးကိုသွားဖြစ်တယ်။ ခုဆို ဈေးကို တစ်ပတ် ဆယ်ရက်လောက်ကြာမှ သွားဖြစ်တယ်။

ဈေးကတော့ နေ့တိုင်းရှိပါတယ်။ လိုအပ်တာ လေးတွေကို အသယ်မှာ မရမှပဲ ဈေးကိုသွားဖြစ် တယ်။ အခုကတော့ လာရောင်းသူရှိတယ်ဆိုတော့ အဆင်ပြေရာ အဆင်ပြေရာ ဝယ်စားဖြစ်တယ်။
စိုးရိမ်စိတ်ကတော့ ရှိတာပေါ့။ ဈေးက ပစ္စည်းတွေထက် ပိုက်ဆံကိုပဲ စိတ်ပူတယ်၊ ပိုက်ဆံက လူတိုင်းတစ်ယောက်နဲ့တစ်ယောက် ပေးလိုက်ယူလိုက် ရောင်းဝယ်နေကြတာဆိုတော့၊ အခုဆို ဈေးကိုသွားတဲ့သူတွေလည်း နည်းသွားပြီ။ ဒီလိုမျိုး လာရောင်းတဲ့သူတွေဆီမှာပဲ ဝယ်စားဖြစ် တယ်။ ဒီနားကဆို တစ်ပိုင်းလုံးပဲ အသယ်ဆီမှာပဲ ဝယ်စားကြတယ်။

ဈေးမှာကတော့ ဈေးဆစ်လို့ရတယ်။ ဒီ အသယ်မှာကတော့ သူတစ်ခါတည်းထုတ်ထား ပြီးသား နှစ်ရာဆို နှစ်ရာ တစ်ရာဆိုတစ်ရာပေါ့၊ ဈေးမှာကတော့ ဈေးသက်သာတယ်၊ ဈေးဆစ်လို့ လည်း ရတယ်၊ ဟင်းသီး ဟင်းရွက်တွေက မြို့မှာ ဝယ်လို့မရှိရင် ဈေးနည်းနည်းပိုတာတွေတော့ ရှိတယ်။ ဈေးတက်တာမျိုးတော့ မဟုတ်ဘူး။

ဒေါ်ဖြူဖြူသန့် (အိမ်ရှင်မ)
ညောင်ဇင်စံပြကျေးရွာ၊ သရက်ချောင်းမြို့နယ်

အရင်ကတော့ ဈေးမှာရောင်းစားတယ်။ အခု ကတော့ နားလိုက်ပြီ၊ ဈေးကိုတော့ တစ်ခါတလေမှပဲ သွားဖြစ်တယ်။ အိမ်က အမေနဲ့ အမ သွားတာ များတယ်။ ဈေးထဲရောင်းစားတုန်းကပဲ ဈေးထဲ အမြဲသွားနေရတာ။ အခုက ရောဂါတွေနဲ့ဆိုတော့ နားလိုက်တယ်။ အိမ်က အမေနဲ့ အမလည်း အရင်က လိုတော့ ဈေးကို သိပ်မသွားဖြစ်ဘူး။ အမေနဲ့ အမ သူတို့ပဲ ဈေးဝယ်တာ များတယ် အိမ်မှာက၊ အိမ်မှာ လာရောင်းတဲ့ အသယ်ဆီမှာပဲ ဝယ်စား ယူတယ်။ အိမ်ရှေ့ရောက်လာတဲ့ အသည်ဆီကဝယ် စားတာက များတယ်။ အခုက ဈေးကိုသွားရင် ပါးစပ်ပိတ်တပ် သွားရတယ်လေ။ ဈေးထဲသွားချိန် ၆ ပေအကွာတွေ ဘာတွေကတော့ အသေးစိတ်ဘယ် လုပ်နိုင်မလဲ။
ကိုယ့်ဘက်ခြမ်းက သူတို့ပြောတဲ့ အတိုင်းလုံ ခြုံအောင်လုပ်ထားရင်တော့ စိုးရိမ်စရာ မလိုပါဘူး။ မလုပ်ပဲနေရင်တော့ စိုးရိမ်စရာ ရှိတာပေါ့။

အိမ်ရှေ့လာရောင်းတဲ့ အသယ်မှာလည်း သူ့ကို သတိထားနေရတာပေါ့။ သူလည်း ခပ်ကြောက် ကြောက်ပေါ့နော်။ အသယ်မှာ ဝယ်စားတာလဲ သူ့လည်း ကြောက်နေရတယ်။ သူ့မှာလည်း ရှိတယ်မပြောနိုင်သလို ကိုယ့်မှာလည်း ရှိချင်ရှိ နေမယ်လေ။

အသယ်မှာ ဝယ်စားချိန်တော့ ပါးစပ်ပိတ် တပ်ဘာညာ ကာကွယ်ရေးတွေလုပ်မဖြစ်ပါဘူး။ ဈေးလာရင်တော့ Mask တပ်ဖြစ်တယ်၊ ဈေးမှာက လူများတာကိုး။ အသယ်မှာကတော့ လူနည်းတယ် လေ။

ခါတိုင်းမျိုးပုံမှန် မဟုတ်တော့ဘူး၊ ခါတိုင်း မျိုးလည်း အများကြီး အစားကြီး ဝယ်စားမနိုင်ဘူးလေ၊ ပိုက်ဆံကြပ်တာလည်းပါတာပေါ့၊ ဝယ်စားနှုန်း လည်း နည်းလာတာပေါ့။ အသယ်မှာကတော့ အရင်ကထက် ဝယ်စားသူတွေများလာတယ်။ ဈေး ကိုထွက်တဲ့သူ နည်းသွားပြီ။

ဒေါ်သိန်းယု (အိမ်ရှင်မ)
သရက်နှစ်ခွကျေးရွာ၊ သရက်ချောင်းမြို့နယ်