ဘောလုံးကွင်းကို ဈေးအဖြစ် ပြောင်းလိုက်တဲ့ရွာ

0
828

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ ဘောလုံးကွင်းကို ဈေးအဖြစ် ပြောင်းဖွင့်လိုက်ပါတယ်။

ဘောလုံးကွင်းဈေးအသစ်ကို ဧပြီလ ၁၅ ရက်မှစပြီး ပြောင်းလိုက်တာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဈေးရောင်းသူ တစ်ဦးနှင့် တစ်ဦး ကိုးပေစီခွာပြီး ရောင်းချနိုင်ရန်ဖို့ ဒီလိုစီစဉ်တာဖြစ်တယ်လို့ဆိုပါတယ်။

လူထောင်ချီစုဝေး နေကြတဲ့ မြို့ပေါ်က‌ဈေးမှာ ‌ရောင်းသူ၊ ဝယ်သူ နှာခေါင်းစည်းတပ်ကြဖို့ ပြောဆိုနေချိန်မှာ လူရာဂဏန်းမပြည့်တဲ့ ကျေးလက်ဈေးတစ်ခုကတော့ အခုလို ကိုးပေခွာ ဈေးရောင်းတာကို စတင်လိုက်တာပါ။

ဘောလုံးကွင်းဈေးလုပ်ဖို့အတွက် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကိုလည်း အသိပေးထားဖြစ်တယ်လို့ ညင်းမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးထိုက်က ပြောပါတယ်။

ညင်းမော်ဈေးကိုတော့ နံနက် ၄ နာရီဝန်းကျင်မှ ၈ နာရီဝန်းကျင်အထိ ဖွင့်လှစ်ပါတယ်။

ကျော်သူစိုး