မြေတူးစက်တင်ကားကို ဆိုင်ကယ်ဝင်တိုက်

0
471

ကော့သောင်းမြို့နယ်၊ ၁၀ မိုင်ကျေးရွာတွင် မတ်လ ၂၆ ရက်နေ့က မြေတူးစက်တင်ဆောင်လာသည့်ကားကို ဆိုင်ကယ်ကနောက်မှဝင်တိုက်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


မြေတူးစက်တင်လာသည့်ကားက ၇ မိုင်ကျေးရွာမှ ၁၂ မိုင်ကျေးရွာသို့ မောင်းနှင်လာရာ အသက် ၄၀ နှစ်ဝန်းကျင်ရှိ အမျိုးသားမောင်းနှင်လာသည့် နံပါတ်မပါဆိုင်ကယ်က နောက်မှဝင်တိုက်ခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။


ယင်းသို့ ကားကိုနောက်မှဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းအမျိုးသားမှာ အခင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသည့်အမျိုးသားကို ကော့သောင်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ- ၃၀၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။