မြိတ်တွင် Face Mask အခုရေတစ်သောင်း ဖြန့်ဝေ

0
250

မြိတ်တွင် Face mask အခုရေ တစ်သောင်းအား နေရာနှစ်ခုခွဲပြီး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးထံမှ သိရသည်။

မြိတ်မြို့ မြစ်ငယ်ရပ် ဗဟိုလမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ဧပြီလ ၈ ရက်နေ့က ဖြန့်ဝေပေးခဲ့ပြီး မွန်းလွဲပိုင်းတွင် မြိတ်တောင်နယ်မြေ ထားဝယ်ကမ်းလမ်းမကြီးပေါ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ Face Mask များဖြန့်ဝေပေးခြင်းကို မြိတ်ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး၊ မြိတ်ဆိုင်ကယ် အရောင်းလုပ်ငန်းရှင်များအသင်းနှင့် ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး ပြုလုပ်ခြင်းဖြစ်သည်။

သတင်း – ကိုဆန်း၊ မြင့်မိုရ် (မြိတ်)

ဓာတ်ပုံ_မြင့်မိုရ်(မြိတ်)