ထားဝယ်မှ ဓာတ်ခွဲ နမူနာနှစ်ဦး ပိုးမတွေ့

0
1103

ထားဝယ်ဆေးရုံကြီးမှ ဓာတ်ခွဲနမူနာပို့ထားသူနှစ်ဦးစလုံးတွင် ကိုရိုနာရောဂါပိုး မတွေ့ရကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထွေးမြစိုးက ပြောကြားသည်။

ယင်းဓာတ်ခွဲ နမူနာနှစ်ခုကို ဧပြီလ ၂ ရက်နေ့က ပို့ခဲ့ခြင်း ဖြစ်သည်။ ထားဝယ်ဆေးရုံးကြီး သီးသန့်လူနာဆောင်ရှိ လူနာတစ်ဦးနှင့် သေဆုံးသွားသည့် ဘုန်းကြီးတစ်ပါး၏ ဓာတ်ခွဲနမူနာကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကော့သောင်း ဆေးရုံးကြီးတွင် သေဆုံးသွားသူ၏ ဓာတ်ခွဲနမူနာ နှင့် ၎င်း၏ ဇနီးဖြစ်သူ၏ ဓာတ်ခွဲ နမူနာနှစ်ခုကို ရန်ကုန်သို့ ပေးပို့ထားသည်။

တနင်္သာရီတိုင်းအတွင်း ဆေးရုံစောင့်ကြည့်လူနာ (Hospital Quarantine) ၁၁ ဦးရှိကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ထံမှ သိရသည်။ထားဝယ်ဆေးရုံကြီးတွင် စောင့်ကြည့်လူနာ ၈ ဦး၊ ကံပေါက်တိုက်နယ်ဆေးရုံတွင် ၁ ဦး၊ မြိတ်ဆေးရုံတွင် ၁ ဦးနှင့် ကော့သောင်းဆေးရုံတွင် ၁ ဦးရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

ကံပေါက်တိုက်နယ်ဆေးရုံရှိ လူနာအဟောင်းမှာ သက်သာသည့်အတွက် ဆေးရုံကဆင်းခွင့်ပြုလိုက်ပြီး လက်ရှိ ရှိနေသည့်စောင့်ကြည့်လူနာက လူနာအသစ်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

Dawei Watch