လူနာ အမှတ်၁၅ ၏ မိသားစု၀င် ၄ ဦး တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့

0
317

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၁၅ ၏ အနီးကပ်ထိတွေ့ဆက်စပ်သူ မိသားစုဝင် (၄)ဦးအား ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ရှိ ၎င်းတို့၏နေအိမ်တွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုပြီး ဓာတ်ခွဲနမူနာရယူ၍ စစ်ဆေးခဲ့ရာ ၎င်း၏ ခင်ပွန်းဖြစ်သူ အသက် (၄၇)နှစ်၊ သားဖြစ်သူ အသက် (၁၀)နှစ်၊ သမီးဖြစ်သူ အသက် (၈)နှစ်နှင့် တူမဖြစ်သူ အသက် (၁၈)နှစ်၊ စုစုပေါင်း (၄)ဦးတို့၏ ဓာတ်ခွဲအဖြေများအရ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

လူနာ အမှတ် ၁၅ သည် ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံခြားသားများကို ကျန်းမာရေး ၀န်ဆောင်မှု‌ပေးနေသည့် ပုဂ္ဂလိက‌ဆေးခန်းတွင် လုပ်ကိုင်နေသူဖြစ်သည်။