ကော့သောင်းလမ်းမှ ထိုင်းပြန် ၃၀ဝကျော်ကို စောင့်ကြည့်မည်

0
1075

ရနောင်း-ကော့သောင်းလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံမှမြန်မာပြည် ပြန်ဝင်လာသူ ၃၀ဝ ကျော်ကို ယာယီဂေဟာတွင်ရက်အနည်းငယ် နေထိုင်ခိုင်းနောက် နေအိမ်တွင်နေထိုင်ခိုင်းပြီး စောင့်ကြည့်ရန်ဆုံးဖြတ်ပြီး နေရပ်ပြန်ခွင့်ပြုလိုက်ကြောင်း ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောကြားသည်။


နယ်စပ်မှုလူဝင်ခွင့်မပိတ်မီ မတ်လ၂၄ရက်က ပြန်ဝင်လာသူ ၃၁၆ဦးအနက် ၂၀ဝဝန်းကျင်မှာ အခြားတိုင်းနှင့်ပြည်နယ်အသီးသီးမှဖြစ်ပြီး ၎င်းတို့ကို သီးသန့်ကားများဖြင့်ပို့ဆောင်မည်ဖြစ်သည်။


၎င်းတို့ကို ကော့သောင်းရှိယာယီ ဂေဟာ ၄ ခုတွင် ၃ ရက်တိုင်တိုင်စောင့်ကြည့်ကာ အဖျားတိုင်းတာပြီး အပူချိန်မြင့်တက်မှုမရှိသည့်အတွက် ယင်းသို့ ပြန်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။


ကော့သောင်းမြို့တစ်ဖက်ကမ်း ထိုင်းနိုင်ငံရနောင်းဆိပ်ကမ်း ထပ်ဖွင့်မည်မဟုတ်တော့ဘဲထိုင်းနိုင်ငံနေရာအနှံ့မှ မြန်မာပြည်ပြန်ရန် ရနောင်းသို့ရောက်လာသည့်မြန်မာများကို ၎င်းတို့လာရာမြို့သို့ ပြန်ပို့မည်ဟု ရနောင်းမြို့တော်ဝန်ကထုတ်ပြန်ထားပြီး ဖြစ်သည်။


မတ်လ ၂၅ ရက်မှအစ ရနောင်းသို့ရောက်လာသည့် မြန်မာများကို ၎င်းတို့လာရာမြို့သို့ ပြန်ပို့မည်ဟု ရနောင်းမြို့တော်ဝန်က ကြေညာခဲ့ခြင်းဖြစ်ကြောင်း ရနောင်းမြို့အခြေစိုက် မိတ္တသဟာယနာရေးကူညီမှုအသင်း (ရနောင်းမြို့)၏တာဝန်ခံ ကိုသားကျော်က ပြောကြားသည်။


“ပြန်ချင်တဲ့ မြန်မာတွေကိုမပြန်ကြဖို့ပဲ ပြောချင်တယ်။ ကျွန်တော်တို့လူမျိုးတွေအတွက်ပေါ့။ ဒီရောဂါပိုးကစစ်လည်း ချက်ချင်းပေါ်တာ မဟုတ်ဘူးလေ။


ပွဲစားစကားနားယောင်ပြီ းခိုးလမ်းတွေကမပြန်ကြပါနဲ့။ ထိုင်းမှာကဆေးဝါးလည်း ခေတ်မီပါတယ်။ အခမဲ့လည်းကုပေးပါတယ်လို့ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။