ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
983
Bay-Din

၃၀ – ၃ -၂၀၂၀ မှ ၅ – ၄ -၂၀၂၀ အထိ

တနင်္ဂနွေ

ရစရာရှိသောငွေကြေးများ ရရှိခြင်း သို့မဟုတ် ငွေကြေးများစွာ ဝင်လာခြင်းဖြစ်မည်။ လုပ်ငန်းများ ၌ အခက်အခဲမရှိ အောင်မြင်မည်။ လူချစ်လူခင် ပေါများမည်။ မြေကိစ္စ၊ အမွေကိစ္စ စကား ပြောရတတ်သည်။ ပရိဘောဂပစ္စည်း ယခုလ၌ မဝယ်ပါနှင့်။ စက်ပစ္စည်း ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား မေတ္တာခေါင်းလောင်းသံများ မြည်ရသော ကာလဖြစ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ဇီးရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အညိုရောင်
မစားသင့်သော အစားအစာ – မှို၊ စိမ်းစားဥ
ယတြာ – သစ်သီးကိတ်မုန့် ဘုရားကပ်လှူပါ။

တနင်္လာ

လူမျိုးကွဲတို့နှင့် ထိတွေ့ဆက်ဆံရတတ်သည်။ မြေ ဝင်မည်။ ပစ္စည်းဥစ္စာများ စုဆောင်းမိမည်။ အစားမှားဆေးမှား ဖြစ်တတ်သည်။ သင်ကံကောင်းသော ကာလဖြစ်သည်။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူရ၍ ပျော်ရွှင်ရမည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် – အဝါရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – လိမ္မာ်ရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ – ကောက်ညှင်း၊ ချဉ်ပေါင်
ယတြာ – နှင်းဆီ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

အင်္ဂါ

ရွှေထည်ပစ္စည်းများ ပျောက်ရှတတ်သည်။ နာရီတစ်လုံး ဝင်မည်။ စက်ပစ္စည်းများ ဝင်မည်။ ဈေးဆိုင်ဖွင့်ခြင်းလုပ်ငန်းများ ကောင်းသည်။ စိတ်ပင်ပန်းရတတ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား ချစ်သူရမည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် – ရွှေအိုရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အနီရောင်
မစားသင့်သော အစားအစာ – အုန်းသီး၊ ငါးချဉ်
ယတြာ – ပရဟိတကျောင်းတစ်ခု၌ မိမိစေတနာရှိသောအရာလှူပါ။

ဗုဒ္ဓဟူး

အိမ်ဆောက်ခြင်း၊ ပြုပြင်ခြင်းများ ပြုရတတ်သည်။ စက်ပစ္စည်းများ ဝင်မည်။ ယခုလ၌ ဓာတ်ဘူး၊ ဒယ်အိုးများ မဝယ်ပါနှင့်။ မြေရောင်းမည့်ကိစ္စ အဆင်ပြေမည်။ မိတ်ဆွေကောင်းများ မစမှုခံရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် လက်ထပ်ရမည်။
အကျိုးပေးသော အရောင် – ခရမ်းရောင်၊ ရွှေရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အစိမ်းရောင်
မစားသင့်သော အစားအစာ – အမဲသား၊ ဘဲဥ
ယတြာ – ဂန္ဓမာအဖြူ ၁၀ ပွင့် ဘုရားပန်းကပ်လှူပါ။

ကြာသပတေး

ဘာသာရေးကိစ္စများ ဆောင်ရွက်နေရတတ်သည်။ ဆွေမျိုးများ ကူညီမစမှုခံရမည်။ လူချစ်လူခင် ပေါများမည်။ ယခုလ၌ ကားဝယ်ခြင်း လဲလှယ်ခြင်းမပြုရ။ ငွေများ အကြောင်း အမျိုးမျိုးနှင့် ဝင်လာမည်။ မေတ္တာရေးသည်ကား သင့်ချစ်သူထံမှ သင်မျှော်လင့်နေသော အဖြေရမည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အနီရောင်
မစားသင့်သော အစားအစာ – မျှစ်ချဉ်၊ သင်္ဘောသီး
ယတြာ – ပူတင်းမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ

ခရီးတစ်ခု သွားရမည်။ သင် လုပ်ငန်းတစ်ခုစတင်ရန် အကောင်းဆုံးအချိန်ရောက်နေသည်။ တန်ခိုးကြီးဘုရားပုံတော်များ လက်ဆောင်ရမည်။ အဓိဋ္ဌာန်ပြုက ထူးထူးခြားခြားအကျိုးပေးမည်။ ပညာရေးကိစ္စ၊ အင်တာဗျူးကိစ္စ အောင်မြင်မည်။ ရင်ဘတ်၊ လည်ချောင်းနှင့် ပတ်သက်သော ရောဂါဖြစ်တတ်သည်။ မေတ္တာရေးသည်ကား သင်သည် အချစ်နဲ့မဝေးတော့ပါ။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ ဇီးရောင်
မစားသင့်သော အစားအစာ – ဘဲသား၊ ကောက်ညှင်း
ယတြာ – သိမ်တစ်ခုခု၌ တရားထိုင်ဖျာ တစ်ခုခုလှူဒါန်းပါ။

စနေ

စက်ပစ္စည်းများ မဝယ်ပါနှင့်။ ရွှေ ဝင်မည်။ လုပ်ငန်း၌ မပျော်မွေ့ခြင်း၊ အိမ်၌ မပျော်ခြင်း ဖြစ်တတ်သည်။ ခရီးတစ်ခု သွားရမည်။ ပရိဘောဂပစ္စည်းများ ဝင်မည်။ မိမိ၏စကားများ အောင်မြင်မည်။ မေတ္တာရေးသည်ကား နေရိပ်လိုက နေပူကစောင့်ရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် – ရွှေရောင်၊ ဇီးရောင်
မစားသင့်သော အစားအစာ – အမဲသား၊ ချဉ်ပေါင်
ယတြာ – ဗောဓိညောင်ပင်၌ သက်စေ့ရေလောင်းပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ