သိမ်းဆည်းခံ မြေယာကိစ္စ ချမှတ်ထားသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ

0
701

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှ ပြင်ဆင်ချမှတ်သည့် မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်မည့်
အချက်များကို စာဖတ်သူများ လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။

၁) နိုင်ငံတော်က သိမ်းဆည်းသည့် လယ်ယာမြေနှင့် အခြားမြေများကိုမူ မြေ ပိုင်ရှင်များက ပြန်လည်လျှောက်ထား သည့် ကိစ္စရပ်နှင့် စပ်လျဉ်းသည့် မူဝါဒ ၁၀ ရပ်

၂) တပ်မြေသိမ်းဆည်းမှုများနှင့် စပ်လျဉ်းသည့် မူဝါဒ ၃ ရပ်

၃) သိမ်းဆည်းမြေများကို ပြန်လည် ပေးအပ်ရန် လျှောက်ထားလာခြင်းများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် ၄ ချက်

၄) စွန့်လွှတ်နိုင်ခြင်းမရှိသည့် သိမ်း ဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန် အချက် ၅ ချက်

၅) သိမ်းဆည်းထားသည့်ဌာနမှ စွန့်လွှတ်သည့် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန် အချက် ၆ ချက်

၆) စွန့်လွှတ်သည့်မြေများ သက် ဆိုင်သူလက်ဝယ်အမြန်ရောက်ရှိရေး လုပ် ငန်းစဉ် ၉ ရပ်

၇) နေပြည်တော်၊ တိုင်းဒေသကြီး။ပြည်နယ်ကော်မတီများမှ အလေးထား ဆောင်ရွက်ရန် အချက် ၁၅ ချက်

နေပြည်တော်/တိုင်းဒေသကြီး/ ပြည်နယ်ကော်မတီများမှ အလေးထားဆောင်ရွက်ရန် အချက် ၁၅ ချက်

(၁) လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေးကော်မတီများသည် လစဉ်တွေ့ဆုံ ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ရန်၊

(၂) လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေးကော်မတီရုံးများသည် ဝန်ကြီးဌာန များနှင့် တိုက်ရိုက် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်သွားရန်နှင့် လယ်ယာမြေနှင့်အခြားမြေများ သိမ်း ဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီသို့ အသိပေးတင်ပြရန်၊

(၃) လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေးကော်မတီရုံးများတွင် လုံလောက် သည့် ဝန်ထမ်းအင်အားဖြင့် သီးခြား တာဝန်ပေးအပ်ပြီး စနစ်တကျစုဖွဲ့ထားရှိ ရန်နှင့် ပြည်သူများ ယုံကြည်အားကိုးမှု ရှိလာစေရေး စီမံဆောင်ရွက်ရန်၊

(၄) လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေးကော်မတီများသည် မြို့နယ်အလိုက် ကွင်းဆင်း၍ မြေကိစ္စများ ဖြေရှင်း ဆောင်ရွက်ပြီး မြေယာဥပဒေများနှင့် ဖြေရှင်းဆောင်ရွက်ထားရှိမှု အခြေအနေ များအား ပြည်သူများကို ရှင်းလင်း အသိပေးသွားရန်၊

(၅) မြေယာကိစ္စအမှုများကို သက် ဆိုင်ရာ ခရိုင်^မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများသို့ စနစ်တကျ ခွဲဝေတာဝန်ပေးအပ်ရန်၊

(၆) သက်ဆိုင်ရာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လယ်စိစစ်ရေးကော်မတီများအနေ ဖြင့် ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာအဖွဲ့ အစည်း၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များ၏ စွန့်လွှတ်ခြင်းမရှိသည့်မြေများ ကို ခိုင်မာသည့် အထောက်အထားများ ပြည့်စုံစွာရရှိရေး ဆောင်ရွက်ရန်၊

(၇) စွန့်လွှတ်ခြင်းမရှိသည့် မြေယာ အမှုကိစ္စများအတွက် လျော်ကြေး၊ နစ်နာ ကြေး ပေးအပ်ထားခြင်း မရှိသေးပါက ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ စီမံခန့်ခွဲရေး ကော်မတီဆုံးဖြတ်ချက်ဖြင့် ဈေးနှုန်းသတ်မှတ်ခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းမှ လျော်ကြေး ပေးချေနိုင်ရေး ဘဏ္ဍာရေးစည်းမျဉ်းများ နှင့်အညီ ရသုံးမှန်းခြေဘဏ္ဍာငွေစာရင်း တွင် ထည့်သွင်းရေးဆွဲ တင်ပြဆောင်ရွက် သွားရန်၊

(၈) စိစစ်ရေးကော်မတီဝင်များ ကွင်း ဆင်းစစ်ဆေးရာတွင် ကုန်ကျမည့် အသုံးစရိတ်နှင့် ဥပဒေ၊ လုပ်ထုံးလုပ် နည်း ကျွမ်းကျင်စေရေး သင်တန်းပို့ချ ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပ ခြင်းတို့အတွက် ကုန်ကျမည့် အသုံး စရိတ်များအား သက်ဆိုင်ရာ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ ရသုံးမှန်း ခြေငွေစာရင်းတွင် လျာထားသုံးစွဲရန်၊

(၉) ညှိနှိုင်းပြေလည်၍ မစွန့်လွှတ် ခြင်း ၊ တစ်စိတ်တစ်ဒေသ စွန့်လွှတ်ခြင်း၊ အားလုံးစွန့်လွှတ်ခြင်း၊ တိုင်စာတူဖြစ် ခြင်း၊ ဥပဒေကြောင်းအရ ဖြေရှင်းရန် ဖြစ်ခြင်း၊ မှားယွင်းတိုင်ကြားခြင်း စသည့် ခေါင်းစဉ်များအလိုက် တိကျစွာဖော်ပြရန်၊

(၁၀) ဝန်ကြီးဌာနများနှင့်သက်ဆိုင် သည့် မြေယာကိစ္စအမှုများကို စိစစ်ရာ တွင် မြေယာအချက်အလက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ အတည်ပြုချက် ရယူဆောင်ရွက်ရန်၊

(၁၁) မြေအသုံးချထားသော ဝန်ကြီး ဌာနများအနေဖြင့် စွန့်လွှတ်မြေများ အပ်နှံခြင်းမပြုမီ မြေတည်နေရာရှိ မြေကြီး၊ မြေပုံ၊ မြေအမျိုးအစားများ သေချာစွာ စိစစ်ပြီးမှ စွန့်လွှတ်အပ်နှံခြင်း ဆောင် ရွက်ရန်၊

(၁၂) စိစစ်ပြီး စွန့်လွှတ်မြေများကို သက်ဆိုင်သူများလက်ဝယ်သို့ အမြန် ရောက်ရှိစေရေး နေပြည်တော်/တိုင်းဒေ သကြီး/ပြည်နယ်/ခရိုင်/မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်မှ ကြီးကြပ်ဆောင် ရွက်ရန်၊

(၁၃) သက်ဆိုင်သူများထံသို့ ယာ ယီပုံစံနှင့် လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ထုတ်ပေးရာတွင် လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်မှ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးရန်၊

(၁၄) ပြန်လည်စွန့်လွှတ်သည့် မြေ များအား မူလပိုင်ရှင်ထံ လွှဲပြောင်းခြင်း ဆောင်ရွက်ပြီးနောက် ကျန်ရှိသည့်မြေ အား နိုင်ငံတော်အရန်မြေအဖြစ် စာရင်း သွင်းထိန်းသိမ်းထား၍ လစဉ် လဆန်း ၁၀ ရက်နေ့အရောက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီသို့ ပြန်တမ်း ပေးပို့တင်ပြရန်၊

(၁၅) အများနှင့်သက်ဆိုင်သော မြေယာပြဿနာများကို စိစစ်နိုင်ရန် စိစစ်ရေးကော်မတီ အဆင့်ဆင့်တို့မှ ကိုယ်စားလှယ်များပါဝင်သည့် အထူးအဖွဲ့ များ ဖွဲ့စည်း၍ ကွင်းဆင်းစိစစ် အစီရင် ခံစာ တင်ပြစေရန်နှင့် အစီရင်ခံစာအား သုံးသပ်အကြံပြုချက်နှင့်အညီ လယ်ယာ မြေနှင့်အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီသို့ ဆက်လက်တင်ပြရန်။

Dawei Watch