အလေးတယူ ဂုဏ်ပြုထိုက်သူတို့ ဝူဟန်မြို့က အပြန်

0
630
Dawei Watch, Dawei News, Dawei News Media

သည်နှစ် အစောပိုင်းမှာ တရုတ်နိုင်ငံ ဟူပေခရိုင်အတွင်း ဝူဟန်ဒေသမှာ ကိုရိုနာ CoViD 19 ကပ်အသွင် ကူးစက် ပြန့်ပွားနေတာကို နှိမ်နှင်းနိုင်ဖို့အတွက် အရေးပေါ် ကူးစက်ဆေးရုံတွေ နေ့ချင်းည ချင်းအမြန် ဆောက်လုပ်ပြီး လူနာတွေကို ကုသမှုပေးနိုင်ဖို့ စီစဉ်ခဲ့ကြရတယ်။ အဲသည် ရှေ့တန်းစစ်မျက်နှာပြင်တွေလိုဖြစ်တဲ့ ယာယီ ကူးစက်ရောဂါတိုက်ဖျက်ရေး ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ တရုတ်ပြည် အရပ်ရပ်က ဆေးအဖွဲ့ဝင်တွေ ရောက်ရှိနေကြတယ်။ သည်နေ့ မှာ သည်ဒေသမှာ ကပ်အသွင် ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက်ဆေး အဖွဲ့တွေအနက် ပထမဆုံး အသုတ်အဖြစ် ဆရာဝန်နဲ့ သူနာပြု စုစုပေါင်း ၃၇၈၇ ဦး ပါဝင်တဲ့ ဆေးအဖွဲ့ ၄၉ ဖွဲ့က အဖွဲ့ဝင်တွေဟာ မတ်လ ၁၇ရက်နေ့မှာ ဟူပေခရိုင် ဝူဟန်မြို့ကနေ နေရပ် ပြန်ခွင့်ရခဲ့ ကြပြီ ဖြစ်တယ်။

သူတို့ရဲ့ အိမ်အပြန်ခရီးကို တရုတ် အစိုးရရဲ့တပ်နဲ့ ရဲတပ်ဖွဲ့တွေက အခမ်းအနားနဲ့ ဝတ်စုံပြည့် အလေးပြုနှုတ်ဆက် နေကြတဲ့ မြင်ကွင်းဟာ ရင်မှာကြည်နူး ပီတိဖြစ်စရာကောင်းလှတယ်။

ကူးစက်ကပ်ရောဂါအသွင် ကျရောက် နေတဲ့ ဒေသကို အဝင်အထွက်တွေ ပိတ် ဆို့ဖြတ်တောက်ထားလို့ ချောက်ချား စရာ သုဿန်တစပြင်တွေလို ခြောက်ကပ် သွားတဲ့မြို့ပျက်တွေလို ဖြစ်လာတဲ့အဲသည် ဒေသတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သူတို့ရဲ့ စိတ်ထားနဲ့ လုပ်ရပ်ဟာ မွန်မြတ် လှတယ်။ ကိုယ်တိုင်ရဲ့ အသက်ကို ပဓာန မထားဘဲ မိသားစု ဘ၀ကိုစွန့်ပြီး အကျဉ်း အကျပ်ထဲမယ် မွန်းကျပ်စရာ အလုံပိတ် ဝတ်စုံတွေကို ဝတ်ပြီး တစ်နေ့ကို အနည်း ဆုံး ခြောက်နာရီကြာ အလုပ်ချိန်အဆိုင်း တွေနဲ့ အလုပ်လုပ်ကြရတဲ့ အနေအထား က ခက်ခဲလှတဲ့ အခြေအနေတွေ ဖြစ်တယ်။

ကုသမရနိုင်သေးတဲ့ ကူးစက်ရောဂါ ကိုယ့်ကို ကူးစက်ခံရမှာ၊ သေမှာ လူတိုင်းက စိုးရွံ့ထိတ်လန့်ကြတဲ့အချိန် ကိုရိုနာ ဗိုင်းရပ် ကူးစက်နေတဲ့ ဒေသတွေမှာ အဲသည်ရောဂါ ကူးစက်လူနာတွေရဲ့ အသက်ကို ကယ်တင်ဖို့အလုပ်လုပ်ခဲ့ကြ တဲ့သည်စွန့်ဝံ့သူတွေရဲ့ လုပ်ရပ်က အလွန် မွန်မြတ်လို့ လေးစားမိပါတယ်။ သည် အနေအထားမှာ သူတို့ဟာ ကိုယ်ကျိုး စွန့် အနစ်နာခံ ပင်ပန်းဆင်းရဲခံပြီး မွန်မြတ်တဲ့အလုပ်တွေကို လုပ်ရင်း ကိုယ်တိုင် ပါ အချိန်မရွေး ရောဂါကူးစက်ခံရပြီး သေဆုံးနိုင်လို့ မိသားစုထံ ပြန်ရောက်ဖို့ မရေရာတဲ့ အခြေအနေမှာ စွန့်လွှတ် စွန့်စား အလုပ်လုပ်ခဲ့ကြသူတွေပါ။

သည်ဝူဟန်ဒေသမှာ မတ်လ ၁၆ ရက် နေ့ စာရင်းအရ CoViD 19 ကူးစက်ခံ ရတဲ့ လူနာသစ်တစ်ဦးပဲရှိတဲ့အတွက် စုစည်း ထားခဲ့တဲ့ အရေးပေါ်ဆေးအဖွဲ့တွေကို စနစ်တကျ နေရပ်အသီးသီးကို ပြန်လည် ထွက်ခွာစေဖို့ ဆုံးဖြတ်ခဲ့ပြီး စီမံချက် ပထမအဆင့်အနေနဲ့ သည်အဖွဲ့ကို ပထမဆုံး ပြန်လည်ပို့ဆောင်ခဲ့ကြတာ ဖြစ်တယ်။

တရုတ်ပြည် အလယ်ပိုင်း ဝူဟန်မြို့ လေးက စခဲ့တဲ့ ကိုရိုနာ CoViD 19 ကပ်ရောဂါအသွင် တစ်ကမ္ဘာလုံးကို ကူးစက်ပြန့်နှံ့မှုမှာ အထိအနာဆုံးဖြစ်တဲ့ ဝူဟန်မြို့ကို အဝင်အထွက်ပိတ်ဆို့ပြီး အရေးပေါ် ကူးစက်ဆေးရုံတွေ အလျင် အမြန် ဆောက်လုပ်ခဲ့ရတယ်။ ကူးစက် ရောဂါ နှိမ်နှင်းကုသမှုပေးနိုင်ရေးအတွက် တရုတ်နိုင်ငံတဝန်းက ဆေးအဖွဲ့ စုစုပေါင်း ၃၄၆ ဖွဲ့ကို ဖေဖော်ဝါရီလ အစောပိုင်းကတည်းက စေလွှတ်ထားခဲ့တာ ဖြစ်ပါတယ်လို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ဆိုပါတယ်။ ဆေးပညာရှင် ၄၂၆၀၀နဲ့ ဆေးဘက် အလုပ်သမား ၁၉၀၀၀ ပါဝင်တဲ့ အဖွဲ့တွေနဲ့ ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး အပြင် လူနာပြုစုကုသရေး လုပ်ငန်းတွေ ကို နေ့မအား ညမနား လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါသတဲ့။

ဗဟိုအစိုးရက ကူးစက်ရောဂါ နှိမ်နှင်းရေးအတွက် အထူးဆေးအဖွဲ့ကို ဦးဆောင်ဖို့ တာဝန်ပေးစေလွှတ် ခံရတဲ့ တရုတ်အစိုးရရဲ့ ထိပ်တန်းတာဝန်ရှိသူ Mrs.Sun Chuanlan က-

“သူတို့တွေဟာ ပြည်သူလူထုရဲ့ အသက်ကယ်ဖို့နဲ့ ကျန်းမာရေးစောင့် ရှောက်ဖို့၊ ပြည်သူလူထုရဲ့ ကပ်ဘေး ဒုက္ခက လွတ်မြောက်စေဖို့ သူတို့ (သည် ဆေးအဖွဲ့ဝင်) တွေရဲ့ အသက်နဲ့ခန္ခာကို စတေးပြီး ကာကွယ်စောင့်ရှောက်ဖို့ရာ တာဝန်ပေး၊ အပ်နှံခံခဲ့ကြရသူတွေဖြစ် ကြပါတယ်။ သည်ပုဂွိုလ်တွေဟာ အလွန် ပဲ လေးစားတန်ဖိုးထားဦးညွှတ် ဂုဏ်ပြုခံယူ ထိုက်သူတွေပါ”

လို့ မတ်လ ၁၇ရက်နေ့ အင်္ဂါနေ့ နေ့လယ်မှာ ဂုဏ်ပြု နှုတ်ဆက်စကားပြော ကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

အသည်းအသန် လူနာတွေကို ပြုစုစောင့်ရှောက် ကုသမှုပေးနေရတဲ့အဖွဲ့တွေ ကလွဲလို့ နိုင်ငံတစ်နံတစ်လျားက ကျန်ဆေးအဖွဲ့ ဝင်တွေလည်း ကူးစက်ရောဂါကို ထိန်းချုပ်လာနိုင်ပြီဖြစ် တဲ့ ဝူဟန်မြို့ ကနေ တဖြည်းဖြည်း ပြန်လည် ရုပ်သိမ်း တော့မှာဖြစ်တယ်လို့ သူမက ဆိုပါ တယ်။

Shandong ခရိုင် Binzhou ပြည်သူ့ဆေးရုံကြီးက အသက်ရှူလမ်း ကြောင်းဆိုင်ရာ ဆေးဘက်ကျွမ်းကျင် ပညာရှင် Wu Mengmeng က သူတို့ရဲ့ Shandong ခရိုင် ဆေးဘက် အကူ အဖွဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ဖေဖော်ဝါရီ လ ၈ရက်နေ့ ကတည်းက ဝူဟန်မြို့ကို ရောက်ရှိခဲ့ပါတယ်လို့ ဆိုတယ်။ သူဟာ Hanyang ခရိုင်ထဲက ယာယီဆေးရုံမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အဲသည်မှာ တာဝန်ကျစဉ်ကာလတစ်လျှောက် အကျပ်အတည်း အခက်အခဲတွေကိုအတူ လက်တွဲ ရင်ဆိုင်ရုန်းကန်ခဲ့ကြတဲ့ ဝူဟန် မြို့သားတွေကို ကျေးဇူးတင်စကားဆိုရင်း ခွဲခွာရမယ့်အချိန်မှာ သံယောဇဉ်တွေနဲ့ မခွဲနိုင် မခွာရက် လေးပင်နေမိပါတယ်တဲ့။

Chengfei ဆေးရုံကြီးက အသက် ၂၇ အရွယ် ဒေါက်တာ Xie Yingzhu ကတော့ Sichun ဆေးဘက်ဆိုင်ရာ အကူ အဖွဲ့နဲ့အတူ အလုပ်လုပ်ခဲ့ရတဲ့ခါးသီး ခက်ခဲကျပ်တည်းလှတဲ့ ကာလတွေကို ဂုဏ်ယူမိပါတယ်လို့ ဆိုတယ်။

သည်ယာယီဆေးရုံမှာ အလုပ်လုပ် နေတဲ့ ကာလတစ်လျှောက် လူနာတွေရဲ့ ဘ၀နဲ့ အခက်အခဲတွေကို ကိုယ်ချင်းစာနာ မိပြီး သူတို့ရဲ့ ပုံမှန် နေ့တဓူ၀ဘ၀ကို မြန်နိုင်သမျှ မြန်မြန်ရပါစေလို့ အမြဲ ဆုတောင်းမိ ပါတယ်လို့ သူက ဆိုတယ်။ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေရဲ့ ပုခုံး ပေါ် ထမ်းရွက်ထားရတဲ့ လေးပင်လှတဲ့ တာဝန်၊ ဝတ္တရားတွေနဲ့အတူ သူ့ဘ၀ရဲ့ မမေ့နိုင်စရာ နေ့ရက်တွေကို အမြဲ အမှတ်ရ နေမှာပါလို့ ဆိုတယ်။

Shandong ခရိုင် ရောဂါကာကွယ် နှိမ်နှင်းရေးအဖွဲ့က ခေါင်းဆောင် Ma Funchun က သူ့ရဲ့ အဖွဲ့မှာ ဆရာဝန် နဲ့ သူနာပြု ၄၃ဦး ပါဝင်ပြီး ၉၈၈ ကုတင်ရှိ ယာယီဆေးရုံမှာ လူနာပေါင်း ၁၂၃၅ဦးကို ဝူဟန်နဲ့ ဟီနန်ခရိုင်က ဆေးဘက်အကူတွေနဲ့ ပူးပေါင်းပြီး ကုသ မှုပေးခဲ့ပါတယ်လို့ ဆိုတယ်။

“ကံကောင်းတာက ကျွန်တော့်အဖွဲ့ က တာဝန်ယူ ကုသမှုပေးရတဲ့ လူနာတွေ တစ်ယောက်မှ အဖိတ်အစင်မရှိသလို ကျွန်တော့် ဆေးအဖွဲ့သားတွေမှာလည်း တစ်ယောက်မှ ရောဂါပိုး ကူးစက်ခံခဲ့ရခြင်း မရှိတာပါပဲ”လို့ သူက ဂုဏ်ယူစွာဆိုတယ်။

“ကျွန်တော်တို့ အဖွဲ့ရှိနေခြင်းဖြင့် သည်က ဆေးအဖွဲ့တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျော့ကျစေရုံမက မကျန်းမမာတဲ့ ဝူဟန် ဒေသခံတွေအတွက် ယုံကြည်မှုနဲ့ စိတ်ဓာတ် ခွန်အားပါ ပေးနိုင်ခဲ့ပါတယ်”လို့ သူက ထပ်ပြောပါတယ်။

မတ်လ ၁၆ရက်နေ့ ကုန်ဆုံးချိန်မှာ ဝူဟန်ဒေသရဲ့ CoViD 19 ရောဂါပိုး ကူးစက်ခံရမှု အတည်ပြုလူနာ ၅၀၀၀၄ ဦးအထိ ရှိခဲ့ပြီး ၃၉၂၂၀ ဦးကတော့ သက်သာပျောက်ကင်းခဲ့ပါတယ်လို့ တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ကြေညာပါတယ်။

ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်ပြည် အလယ်ပိုင်း ဝူဟန်ဒေသ ကနေ ဆေးအဖွဲ့တွေ အောင်မြင်စွာ ဆုတ်ခွာ နိုင်လာကြပြီ ဖြစ်ပေမဲ့ ကမ္ဘာအနှံ့ ကိုရိုနာ ဃသဠငိ ၁၉ ကပ်ရောဂါဟာ ကူးစက် ပြန့်နှံ့နေဆဲ ဖြစ်တယ်။

မတ်လ ၁၈ရက်နေ့ WHO ရဲ့ ကိန်းဂဏန်းတွေအရသည် CoViD 19 ရောဂါပိုး ကူးစက်ခံရသူ ပေါင်း နှစ်သိန်း ကျော် (၂၀၇၈၅၅ ဦး) ရှိပြီဖြစ်ပြီး ၈၆၄၈ ဦး သေဆုံးခဲ့ကာ နိုင်ငံပေါင်း ၁၆၆ နိုင်ငံအထိ ကူးစက်ခံရပြီးဖြစ်တယ်လို့ သိရပါတယ်။

အဲသည် ဝူဟန်ဒေသက ရောဂါကာကွယ်နှိမ်နှင်းရေး၊ ကုသရေး အတွေ့ အကြုံတွေနဲ့ တရုတ်နိုင်ငံက ကျွမ်းကျင် ဆေးအဖွဲ့တွေဟာ ယခုအခါ ကပ်အသွင် ဆက်လက်ပြန့်ပွားနေတဲ့ အီတလီနိုင်ငံနဲ့ ဆားဘီးယားနိုင်ငံတွေကိုလည်း ဆေးဘက်ဆိုင်ရာ အကူအညီတွေပေးဖို့ သွား ရောက်နေကြပါပြီလို့လဲ သိရပါတယ်။

((Forum FACMEDICINE.COMrS Chinese People Cerebrate Return of Doctors and Nurses From Wuhan ဆောင်းပါးကို ကိုးကား ရေးသားသည်။ )

မောင်ရင်လေး