ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
748
Bay-Din

၁၆-၃-၂၀၂၀ မှ ၂၂-၃-၂၀၂၀ ထိ

တနင်္ဂနွေ
ကြာသပတေး သားသမီး၏ ကူညီမစမှုခံရမည်။ အလှူအတန်းပြုရတတ်သည်။ ဆိုင်ဖွင့်ခြင်း ကိစ္စ အောင်မြင်မည်။ နိုင်ငံရပ်ခြားခရီးများ သွားရတတ်သည်။ ပညာရေးကိစ္စအဆင်ပြေ မည်။ အလုပ်အကိုင်နှင့် ပတ်သက်၍အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မခွဲအတူ လက်တွဲရမည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – မုန့်လုံးရေပေါ်ဆွမ်း ဘုရားကပ်လှူပါ။

တနင်္လာ
ဘာပဲလုပ်လုပ် အဆင်ပြေမည်။ အလှူအတန်းပြုရတတ်သည်။ ကိုယ်ဝန်သည် အမျိူးသမီးတစ်ယောက် သင့်အိမ်လာလျှင် ထိုနေ့ထီကံစမ်းပါ။ လူချစ်လူခင်ပေါများမည်။ ယခုလတွင် မြေမဝယ်ပါနှင့်။ ကျန်းမာရေးဂရုပြုရမည်။ ပညာရေးကတော့ အခက်အခဲရှိလိုက်အောင်မြင်လိုက်ဖြစ်နေမည်။ မေတ္တာရေးသည်ကား နီးလျက်နဲ့ဝေးနေရတတ်သည်။
အကျိုးပေးသော အရောင် – ခရမ်းရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ လိမ္မော်ရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – ဆီထမင်း ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ
ပရိဘောဂပစ္စည်းမျာ ဝင်မည်။ လူမျိုးကွဲတို့ ကူညီမစမည်။ အခက်အခဲကြားမှ သင်စိတ်ချမ်းသာမှု ကြုံရမည်။ ပညာရေးကတော့ ပုံမှန်အခြေအနေပင်ဖြစ်သည်။ အစားအသောက် ဒုက္ခပေးတတ်သည်။ မတော်တဆထိခိုက်မှု ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား သင်ချစ်သူနှင့် နီးစပ်ရန် ကြိုးစားရဦးမည်။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – အရှေ့တောင်
ယတြာ – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။


ဗုဒ္ဓဟူး
သတင်းကောင်းတစ်ခု ကြားရမည်။ သင်မျှော်မှန်းထားသော ငွေပမာဏထက်ပိုဝင်မည်။ ဆန္ဒရှိသော သင့်လုပ်ငန်းကို ရဲရဲဝံ့ဝံ့ဆောင်ရွက်ပါ။ အောင်မြင်မည်။ အတိုက်အခံတစ်ခုရှိသော်လည်း သင်ကျော်ဖြတ် နိုင်မည်။ မေတ္တာရေးသည်ကား သင့်ကိုချစ်သူက မေတ္တာလက်ခံပါလိမ့်မည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ လိမ္မော်ရောင်
မသွားသင့်သော အရပ် – အရှေ့တောင်ရပ်
ယတြာ – ပူတင်းမုန့်ကို ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး
ယခုလအတွင်း တယ်လီဖုန်းမဝယ်ပါနှင့်။ အမွေအနှစ်ရကိန်းရှိသည်။ စီးပွားရေးကတော့ အသင့်အတင့်ပင်ဖြစ်၏။ နားနှင့်ပတ်သက်သော ကျန်းမာရေး သတိပြုပါ။ ပညာရေးကောင်း ပါသည် ။ ဝန်ထမ်းဖြစ်က ပြောင်းရွှေ့ရတတ်သည်။ မေတ္တာရေးသည်ကား အစစအရာရာ အဆင်ပြေပါမည်။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ ပြောက်ကျားရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – အနောက်ရပ်
ယတြာ – ဂန္ဓမာအဖြူ(၁၀)ပွင့် ဘုရားပန်းကပ်လှူပါ။


သောကြာ
သင်ကံကောင်းသော ကာလပင်ဖြစ်၏။ အလုပ်အကိုင်များ တိုးတက်မည်။ နိုင်ငံရပ်ခြား ခရီးများသွားရတတ်သည်။ ပညာရေးကတော့ အခက်အခဲတွေ့တတ်သည်။ မြေကိစ္စ၊ အမွေကိစ္စ၊ ပြောရဆိုရတတ်သည်။ ငွေကြေးအထွက်များ နေတတ်သည်။ မေတ္တာရေးသည်ကား သင့်မေတ္တာကို ချစ်သူက နားလည်မှု လွဲနေတတ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျားရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ ဇီးရောင်
မသွားသင့်သော အရပ် – အနောက်တောင်ရပ်
ယတြာ – ဘုရားတစ်ဆူဆူ၌ ဝေယျာဝစစ္စအတွက် ရည်စူးငွေလှူဒါန်းပါ။

စနေ
စက်ပစ္စည်း၊ ပန်ကာ၊ Aircon တစ်ခုခုဝင်မည်။ ဆွေမျိုးသားချင်းတို့၏ ကူညီမစမှုခံရမည်။ အလုပ်အကိုင်များ အဆင်ပြေမည်။ ပညာရေးကိစ္စကောင်းပါသည်။ လည်ချောင်း၊ အဆုတ် ကျန်းမာရေးဂရုပြုပါ။ မေတ္တာရေးသည်ကား သင်ပေးဆပ်ရမည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – မေမြို့ပန်း ဘုရားကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ