မျက်မြင်သက်သေနှင့် တိုင်ကြားသူမရှိသဖြင့် တောမီးကိစ္စ အရေးယူ၍မရ

0
942

ထားဝယ်ခရိုင် တောမီးလောင်မှုများ ဖြစ်စဉ်တွင် မျက်မြင်သက်သေနှင့် တိုင်ကြားသူမရှိသဖြင့် အရေးယူ၍မရ ကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာန ထံမှ သိရသည်။


၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ မတ်လ ပထမပတ်အထိ ထားဝယ်ခရိုင် တွင် တောမီးလောင်မှုဖြစ်စဉ် ၂၀ ခန့် ရှိသော်လည်း တိုင်ကြားသူမရှိကြောင်း အထက်ပါဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းက ပြောသည်။


လယ်ယာနှင့် ဥယျာဉ်ခြံမြေကို မီးရှို့ရာတွင် သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးများ၏ ခွင့်ပြုချက်ရယူကာ လုံလောက်သည့် မီးတားနေရာများ ပြုလုပ်၍ မီးရှို့ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


တောမီးလောင်မှုဖြစ်စဉ်တွင် ဆုံးရှုံးမှုတန်ဖိုးနှင့် တိုင်ကြားသူများရှိပါ က ရာဇသတ်ကြီး ပုဒ်မ-၂၈၅ (ပေါ့ဆမီး)နှင့် အကျိုး ဖျက်ဆီးမှုဥပဒေ ပုဒ်မ-၄၃၆ (ရှို့မီး) စသည့် ဥပဒေ ပုဒ်မများဖြင့် အရေးယူမည်ဖြစ်ကြောင်း ဦးသိန်းဇော်ဝင်းက ဆိုသည်။

မိုးမြင့်