မြေမြှုပ်မိုင်းနင်းမိသည့် ရေဖြူ ဒေသခံနှစ်ဦး ခြေထောက်တစ်ဖက်စီ ဖြတ်လိုက်ရ

0
5916

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် မျောက်ချောကျေးရွာနှင့် ကလယ်ကျေးရွာ အကြားတွင် မြေမြှုပ်မိုင်းနင်းမိသည့် ဒေသခံ နှစ်ဦး ခြေထောက် တစ်ဖက်စီ ဖြတ်လိုက် ရသည်ဟု ဒေသခံများထံမှ သိရသည်။


မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီနှင့် ၉ နာရီဝန်းကျင်ခန့်က မျောက် ချောကျေးရွာနှင့် ကလယ်ကျေးရွာ အကြားတွင် သွယ်တန်းထားသော ရေပိုက် သွားပြင်ရာမှ မောင်အပိုင်ဆိုသူက မြေမြှုပ်မိုင်းနင်းမိပြီး ညာဘက် ခြေ ထောက်တစ်ဖက် ဖြတ်ပစ်လိုက်ရသည်။


၎င်းပြင် တစ်ရက်တည်းတွင် ခြံသွားသည့် ဦးဝင်းလှိုင်ဆိုသူလည်း မြေမြှုပ်မိုင်းနင်းမိပြီး ညာဘက် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည်။


“အခုဆိုရင် တစ်ရွာလုံးက တုန်လှုပ် ကြောက်ရွံ့နေကြတယ်” ဟု မျောက်ချော ဒေသခံ နိုင်လွန်က ပြောသည်။


ဖေဖော်ဝါရီ ၂၉ ရက်နေ့ကလည်း ရေဖြူြုမိ့နယ် မျောက်ချောကျေးရွာ အနီးတွင် ခြံမီးလောင်နေသည်ကို သွားငြိမ်းသတ်ရန် အသွားလမ်းတွင် ဒေသခံတစ်ဦးဆိုင်ကယ်ဖြင့် မြေမြှုပ်မိုင်း နင်းမိမှုဖြစ်ပွားခဲ့ပြီး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။


ယခုမြေမြှုပ်မိုင်းနင်းမိမှု ဆက်တိုက် ဖြစ်ပွားနေသည့်နေရာနှင့် အနည်းငယ် ဝေးသည့် ရေဖြူမြို့နယ် အလယ်စခန်း ကျေးရွာ အနီးတစ်ဝိုက်တွင်လည်း ပြီးခဲ့သည့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ် အတွင်းက မြေမြှုပ်မိုင်းနင်းမိမှု ၈ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိသလို ခြေထောက်ဖြတ်ပစ် ခဲ့ရသူလည်း ရှိခဲ့သည်။


“မိုင်းနင်းမိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တော့ စဖြစ်ကတည်းက သက်ဆိုင်ရာကို တင်ပြခဲ့တယ်။ ဒါပေမယ့်လည်း ခုထိ မိုင်းနဲ့ ပတ်သက်ပြီး ပြောတာ လာလုပ် ပေးတာ မရှိဘူး။ ကိုယ့်ဟာနဲ့ကိုယ် ဆင်ခြင်ပြီးတော့ သွားလာလုပ်စားနေ ရတယ်” ဟု အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်တင်စန်းက ပြော သည်။


မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ခြံကို သာ အဓိက လုပ်ကိုင်စားသောက်နေကြ သည့် ဒေသခံများ ကြောက်ရွံ့ပြီး ခြံ မသွားရဲဘဲ ဖြစ်နေကြသည်။


မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား သည့်ဒေသသည် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့တို့အကြား နယ်မြေအငြင်းပွားမှုဖြစ်ပွားနေသည့် ဒေသဖြစ်ပြီး မြေမြှုပ်မိုင်းကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့ ထောင်ထားခြင်း မဟုတ်ကြောင်း နှစ်ဖွဲ့စလုံးက ငြင်းဆို ထားသည်။


ရေဖြူမြို့နယ်အတွင်းက မြေမြှုပ်မိုင်း ကိစ္စကို ဖြေရှင်းနိုင်ရန် မွန်ပြည်သစ် ပါတီက အစိုးရကို တင်ပြထားသလို ကရင်အမျိုးသား အစည်းအရုံး KNU နှင့်လည်း ညှိနှိုင်းဆွေးနွေးနေသည်ဟုဆိုသော်လည်း ယနေ့အချိန်ထိ တစ်စုံ တစ်ရာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။


ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ သည့် မြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဉ် နှင့် ပတ်သက်၍လည်း ထားဝယ်ခရိုင်က မွန်ပြည်သစ်ပါတီတာဝန်ရှိသူ တို့နှင့် KNU တာဝန်ရှိသူတို့ တွေ့ဆုံ ဆွေး နွေးကြရန် ကြိုးပမ်းနေသည်ဟု မွန်ပြည် သစ်ပါတီ ထားဝယ်ခရိုင် တာဝန် ရှိသူ တို့ထံမှ သိရသည်။