ထားဝယ်တက္ကသိုလ် ကျောင်းသား သမဂ္ဂတောင်းဆိုသည့် အချက်အချို့ ပညာရေးဝန်ကြီး သဘောတူ

0
4064

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက တောင်းဆိုသည့် အချက် ခြောက်ချက်အနက် အချက်အချို့ကို လုပ်ဆောင်ပေးမည်ဟု ပညာရေးဝန်ကြီး က သဘောတူခဲ့ကြောင်း ယင်းကျောင်းသားများ သမဂ္ဂထံမှ သိရသည်။


ကျောင်းလုံးခြုံရေးအတွက် မာကျူရီ မီးတိုင်တပ်ဆင်ပေးရန်၊ တက္ကသိုလ် အဓိကလမ်းမကြီးအား နိုင်လွန် ကတ္တရာ ခင်းပေးရန်၊ ရေသိုလှောင် ကန် ဆောက် ပေးရန် အချက်တို့ကို မတ်လ ၁၃ ရက် က ထားဝယ်မြို့သို့ ရောက်ရှိ လာသော ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်း ကြီးကို ထားဝယ် တက္ကသိုလ် ကျောင်းသား များ သမဂ္ဂက တောင်းဆိုခဲ့သည်။


ယင်းအပြင် သင်တင့်မျှတသည့် ဈေးနှုန်းဖြင့်ရောင်းချပေးမည့် တက္ကသိုလ်ပိုင် Canteen ဆောင်ရွက် ပေးရန်၊ တင်ဒါနှင့် ရန်ပုံငွေများကို ပွင့်လင်မြင်သာမှုရှိအောင် တည့်မတ်ပေး ရန်၊ မိုးလုံလေလုံအားကစားခန်းမ အကြီးစားပြုပြင်ပေးရန် စသည့် အချက် တို့ကို တောင်းဆိုခဲ့သည်။


ယင်းတို့အနက် မာကျူရီမီတိုင်း ဆယ်တိုင်တပ်ဆင်ပေးမည့်အချက်၊ ပေနှစ်ဆယ်ပတ်လည် ခြောက်ခန်းတွဲ Canteen ဆောက်ပေးမည့်အချက်၊ မိုးလုံလေလုံ အားကစားခန်းမပြင်ပေးမည့်အချက်တို့ကို လာမည့်ဘဏ္ဍာ နှစ်တွင် ဆောင်ရွက်ပေးမည်ဟု ပညာ ရေးဝန်ကြီးက သဘေားတူခဲ့သည်။


ယင်းအပြင် တက္ကသိုလ်စီမံခန့်ခွဲ ရေးအဖွဲ့၊ ပညာရေးအဖွဲ့တို့တွင်လည်း ကျောင်းသားများ သမဂ္ဂအဖွဲ့ကိုယ်စား လှယ်များ ပါဝင်ခွင့်ပြုရန် ထားဝယ် တက္ကသိုလ် တာဝန်ရှိသူများကို မှာကြား ခဲ့ကြောင်း ယင်းတက္ကသိုလ် ကျောင်းသား များသမဂ္ဂ ဒုဥက္ကဋ္ဌ မသိရီမိုးက ပြောသည်။


“သူ(ပညာရေးဝန်ကြီး)က လုပ်ပေး မယ် ကတိပေးခဲ့တာတွေကိုတော့ တကယ်ရချင်တာပေါ့” ဟု မသိရီမိုးက ဆိုသည်။


ယမန်နှစ်က ထားဝယ်ရှိ တက္ကသိုလ် များထံ ပညာဝန်ကြီး လာရောက်ခဲ့စဉ်က ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက တောင်းဆို သည့်အချက်အချို့ ကို ၎င်းက အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။