အိပ်ပျော်နေသူကို ရေပက်ပြီး နှိုးရာမှ လူသတ်မှုဖြစ်

0
4050

ကော့သောင်းမြို့နယ် မကြုံဂလက် ကျေးရွာတွင် အိပ်ပျော်နေသူကို ရေပက် ပြီးနှိုးရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။


ဖြစ်စဉ်မှာ အထက်ပါကျေးရွာရှိ လှိုင်ကြီးအော် သစ်တောကြိုးဝိုင်း အနီး တွင် လွှစက်ပျက်သွားသဖြင့် အသက် ၄၁ နှစ်အရွယ် အမျိုးသားက အရက်မူးပြီး အိပ်ပျော်နေသည့် အသက် ၄၅ နှစ် အရွယ် အမျိုးသားကို ရေဖြင့်ပက်ပြီး နှိုးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ထိုသို့ရေဖြင့်ပက်ပြီး နှိုးသည်ကို မကျေနပ်သည့်အတွက် အိပ်နေသည့် အမျိုးသားက ရေဖြင့်ပက်သည့် အမျိုး သားကို ရဲဒင်းဖြင့် ခုတ်ရာ ဦးခေါင်းတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ထပ်ခုတ် ရန်ပြင်စဉ် ရဲဒင်းကို ပြန်လုယူခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


ယင်းကဲ့သို့ ရဲဒင်းကိုလုယူပြီး ၄၅ နှစ်အရွယ် အမျိုးသားကို ပြန်ခုတ်ရာ လည်ပင်းတွင် ဒဏ်ရာများရရှိပြီး အခင်း ဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံး သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲဒင်းဖြင့် ခုတ်သတ်ခဲ့သည့် အသက် ၄၁ နှစ်အရွယ် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ-၃၀၂ (လူသတ်မှု) ဖြင့် ကော့သောင်း မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။