မြိတ်တွင်တပ်သိမ်းမြေဧက တစ်ရာခန့် ပြန်စွန့်

0
429

၂၀၁၃ ခုနှစ် ကတည်းက တပ်မတော် မှသိမ်းဆည်းထားသည့် ဥယျာဉ်ခြံမြေ ဧကတစ်ရာကျော်အား ပြန်လည်စွန့်လွှတ် လိုက်ကြောင်း မြိတ်မြို့နယ်တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။

မြိတ်မြို့နယ်၊ နန်းတော်ရာကျေးရွာ အုပ်စုအတွင်း မြေဧက၆၀ဝကျော်အားကမ်းရိုးတန်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ်၂၀၁ အမြှောက်တပ်မှသိမ်းဆည်း ခဲ့ရာ တောင်သူ ၁၆ ဦး ပိုင်ဆိုင်သည့်လယ် မြေဧက၉၀ကျော်ကို ပြန်လည် စွန့်လွှတ် လိုက်ခြင်းဖြစ်ကြောင်း မြိတ်မြို့နယ်၊ တောင်သူလယ်သမားသမဂ္ဂထံမှ သိရ သည်။

“ဥယျာဉ်မြေတွေက တပ်အဆောက် အအုံဆောက်ထားလို့ ပြန်မရတော့ဘူး။ လယ်မြေတွေပဲ ပြန်ရခဲ့တယ်” ဟုမြိတ် မြို့နယ်တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။

မြေယာသိမ်းဆည်းခံ တောင်သူ လယ်သမားများအတွက် လျော်ကြေးနစ် နာကြေးနှင့်မြေနေရာအားပြန်လည်ရရှိရေးအတွက် တိုင်းဒေသကြီးနှင့်ဗဟို လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံ ရမှုများစီစစ်ရေးကော်မတီအား တောင်သူ လယ်သမားသမဂ္ဂမှအကြိမ်ကြိမ်တင်ပြခဲ့သည်။

ယင်းနောက် မြေပြင်ကွင်းဆင်းစစ် ဆေးမှုများ ပြုလုပ်ပြီးနောက် ပြီးခဲ့သည့် မတ်လ၄ ရက်တွင် ပြန်လည်စွန့်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Dawei Watch