ထားဝယ်တွင် လမ်းလျှောက်သင်္ကြန် ကျင်းပမည်

0
666

ယခုနှစ် ထားဝယ်သင်္ကြန်တွင် လမ်းလျှောက်သင်္ကြန်ကို ပထမဆုံးအကြိမ် အဖြစ် ထည့်သွင်းကျင်းပမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးထံမှ သိရသည်။

ယင်းအပြင် ဗဟိုမဏ္ဍပ်ကိုလည်း နေရာပြောင်းရွေ့သွားမည်ဖြစ်ပြီး ထိုကိစ္စ များကို မတ်လ ၆ ရက်က ကျင်းပသည့် သင်္ကြန်နှင့် ပတ်သက်သည့် အစည်း အဝေးတွင် ဆွေးနွေးခဲ့ကြောင်း တိုင်းအစိုးရ အဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“တိတိကျကျတော့ မရှိသေးဘူးပေါ့။ ဗဟိုမဏ္ဍပ်ဆိုလို့ရှိရင် ကမ်းနားလမ်းဘက် မှာလုပ်မယ်။ လမ်းလျှောက်သင်္ကြန်လည်း လုပ်မယ်ပေါ့” ဟု အထက်ပါ တာဝန်ရှိသူ က ပြောသည်။

ယခင်က ဗဟိုမဏ္ဍပ်ကို ဗိုလ်ချုပ် အောင်ဆန်းမြင်းစီးကြေးရုပ်အရှေ့တွင် ဆောက်လုပ်ခဲ့ရာမှ ယခုနှစ်တွင် နေရာ ပြောင်းရွှေ့ရန် စီစဉ်လာခြင်းဖြစ်သည်။

ကမ်းနားလမ်းတွင် ဗဟိုမဏ္ဍပ် ဆောက်လုပ်မည့်နေရာနှင့် မဏ္ဍပ်အရေ အတွက်ကိုမူ နောက်ထပ်အစည်းအဝေး လုပ်ပြီးမှသာ အသေးစိတ်သိနိုင်မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

အထက်ပါ အချက်များအပြင် ကလေး သင်္ကြန်ကို ထားဝယ်မြို့နယ်အပြင် ထားဝယ်ခရိုင်အတွင်းရှိ အခြားမြို့နယ်များတွင်လည်း ကျင်းပရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

ထားဝယ်ရိုးရာ ကလေးသင်္ကြန်မဏ္ဍပ် ဆောက်ရန်အတွက် ပြီးခဲ့သည့်နှစ်မှစပြီး တိုင်းအစိုးရက ငွေကြေးထောက်ပံ့ပေးခဲ့သည်။

Dawei Watch